fbpx

This is digital planet.

Tech News

Gaming အတွက် ပိုက်ဆံများများမသုံးချင်သူတွေအတွက် ASUS TUF Gaming FX505DU Laptop

Computex 2019 မှာ ASUS က ROG Booth, TUF နဲ့ ASUS Booth ဆိုပြီး Space နေရာကို ကြီးကျယ်ခမ်းနားစွာ ယူထားတာကိုတွေ့ရမှာပါ။ ဒီနှစ်မှာ ASUS က Creator တွေအတွက်သာမက Gamer တွေအတွက်လဲ သေချာကြိုးစားပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ TUF Gaming lineup ဟာဆိုရင် ပိုမိုဈေးသက်သာလေ့ရှိပြီး AMD ရဲ့ ဦးဏှောက် နဲ့ Nvidia ရဲ့ စွမ်းအားတို့ကို ပေါင်းစပ်တည်ဆောက်ထားတဲ့ TUF Gaming FX505DU ကို ဒီနှစ် Computex 2019 မှာပြသခဲ့ပါတယ်။ ဒီ TUF Gaming FX505DU က ဘာတွေလန်း ဘယ်လိုမိုက်လဲဆိုတာ First Look လုပ်ပေးထားပါတယ်…

Design ပိုင်းမှာဆိုရင် အရင် Model Design နဲ့တူညီတယ်ဆိုပေမဲ့ အချို့အပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားပါတယ်။ Display ပိုင်းမှာဆိုရင် 15.6″ FHD IPS Panel ကိုအသုံးပြထားပြီး NanoEdge ဖြစ်တဲ့အတွက် ဘေးဘောင်ကျဉ်းကျဉ်းလေးနဲ့ခံစားရမှာပါ။ အဲ့အပြင် 120Hz Refresh Rate ပါဝင်တဲ့အတွက် Game ဆော့တဲ့အခါ ချော့မွတ်မှုကိုခံစားရမယ်။ နောက်တစ်ခုက 120Hz ကိုအပြည့်အ၀ခံစားရအောင် Push လုပ်နိုင်တဲ့ Nvidia GTX 1660Ti ကိုသုံးပေးထားတဲ့အတွက် Game တော်တော်များများကို အရသာရှိရှိနဲ့ဆော့နိုင်မှာပါ။

CPU ပိုင်းမှာဆိုရင် Ryzen 7 3750H ကိုသုံးပေးထားတဲ့အတွက် မနှစ်က i5/i7 သုံးထားတဲ့ FX504DU ထက် ပိုမြန်ဆန်တဲ့ Performance ကိုရရှိမှာဖြစ်ပါတယ်။ RAM အနေနဲ့ 32GB ထိစိုက်နိုင်ပြီး SSD အတွက် Slot အပိုပါတဲ့အတွက် ထပ်တိုးချင်သူတွေအတွက် အဆင်ပြေပါတယ်။ Keyboard ပိုင်းမှာဆိုရင် အရင် Model လို Red မဟုတ်ပဲ RGB Backlight ကိုသုံးပေးထားပြီး fps gamer တွေအတွက် WASD ကိုလည်း Highlight လုပ်ပေးထားပါတယ်။ Keyboard Color တွေကို စိတ်ကြိုက်ချိန်ညှိဖို့အတွက်လဲ AURA RGB ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Image result for TUF Gaming FX505DU

Thermal ပိုင်းမှာဆိုရင် ASUS ရဲ့ Powerful Dual Fan Design နဲ့ HyperCool နည်းပညာနဲ့ တည်ဆောက်ထားလို့ Game ဆော့ရင် အပူချိန်ကို ပိုပြီးလျော့ချပေးနိုင်မှာဖြစ်ပါတယ်။ 7.1 Channel Surround Sound Speaker တွေတပ်ဆင်ပေးထားလို့ Game ကို အသံထွက်ဆော့တဲ့သူတွေအတွက် အရသာပျက်စေမှာမဟုတ်ပါဘူး။

အချုပ်အားဖြင့်ပြောရရင် TUF Gaming FX505DU လေးက Specs အရအတော်လေး သဘောကျဖို့ကောင်းနေတာတော့အမှန်ပါပဲ။ 120Hz Display, Ryzen 7 3000 Series နဲ့ GTX 1660Ti တို့ကို $1000 ၀န်းကျင်နဲ့ရမယ်ဆိုတာက ပိုသဘောကျဖို့ကောင်းပါတယ်။ သေချာတာကတော့ Entry Level Gaming Laptop တွေမှာ Specs နဲ့ ဈေးအရ ရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ရေးသားရင်း…