fbpx

This is digital planet.

GamesGoogleTech News

Gaming လောကရဲ့ ခေတ်သစ်လို့ ပြောလို့ရတဲ့ Google Stadia

ကျွန်တော်တို့လူငယ်တွေ စိတ်အပန်းဖြေဖို့ Game ကို ဆော့ကြလိမ့်ရှိပါတယ်။ Mobile Game ပဲဖြစ်ဖြစ်၊ PS4, X-Box နောက်ဆုံး PC ကို အလန်းကြီးတွေ ဆင်ပြီး ဆော့ကြတဲ့အထိပါပဲ။ ဒီလို Game Platform မတူညီတဲ့ စက်တွေပေါ်မှာ အချို့ ဂိမ်းတွေက ဆော့လို့မရပါဘူး အချို့ဂိမ်းတွေက ဆော့လို့ရအောင် ထုတ်ထားပါတယ်။ Microsoft ရဲ့ Halo Series က X-Box ပေါ်မှာပဲ အရင်က ဆော့လို့ရခဲ့တာပါ အခုနောက်ပိုင်းမှာ PC မှာ ဆော့လို့ရအောင် Microsoft က ထုတ်ပေးလိုက်ပါပြီ။ ဥပမာ PUBG လို့ Game မျိုးက PC, PS4 and X-Box One နဲ့ Mobile ဆော့လို့ရပါတယ်။ GTA 5 လို Game မျိုးဆိုရင် Console နဲ့ PC မှာပဲရပါသေးတယ် Mobile မှာမရသေးပါဘူး။ ဒီလို ကန့်သတ်ချက်တွေရှိတဲ့ Game တွေကို ပေါင်းစည်းပေးလိုက်တာကတော့ Google Stadia ပါပဲ။

Image result for google stadia
မနေ့က Google က Game Developers Conference မှာ Stadia ကို မိတ်ဆက်ပေးခဲ့တယ်။ ကြိုက်တဲ့ Screen သို့မဟုတ် ကြိုက်တဲ့ Game တွေ အကုန်လုံးကို လွယ်လွယ်ကူကူဆော့လို့ရအောင် ဖန်တီးထားတဲ့ Cloud Gaming Technology ပါ။ နောက်တစ်ခုက Gaming အတွက် လိုနေတဲ့ ပိုက်ဆံတွေကို ပိုချွေတာနိုင်ပါတယ်။ ဆိုလိုတာက စာဖတ်သူ Game ကစားဖို့ Game စက်ဝယ်စရာမလိုတော့ပါဘူး၊ အဲ့အပြင် PC လည်း ဆင်ထားစရာမလိုတော့ပါဘူး။ Google Cloud Gaming ကို အသုံးပြုမယ်ဆိုရင် Game အတွက် Run တဲ့ Hardware က Google Cloud ကနေပဲ အသုံးပြုတာပါ။ ဒါပေမဲ့ စာဖတ်သူမှာ Display ကောင်းကောင်းနဲ့ Internet Speed ကောင်းကောင်းရှိရင် ကြိုက်တဲ့ ဂိမ်းကို ဆော့လို့ရပါပြီ။

Image result for google stadia

Assassin’s Creed ဂိမ်း Trailer ကို စာဖတ်သူက YouTube မှာ ကြည့်လိုက်မယ်။ Trailer အပြီးမှာ Game ဆော့မှာလားဆိုတဲ့ Option ပေါ်လာမယ်။ Play Game သာနှိပ်လိုက်မယ်ဆိုရင် Game က Browser မှာပွင့်ပြီး Game ကိုဆော့လို့ရပါပြီ။ Assassin’s Creed Odyssey က လောလောဆယ် တရားဝင် PC မှာပဲဆော့လို့ရတဲ့ Game ပါ Google က သူ့ရဲ့ Pixel Book Laptop မှာကော Google Pixel 3 မှာပါ အဲ့ Game ကို နမူနာဆော့ပြသွားပါတယ်။ ဖုန်းမှာ ဆော့မယ်ဆိုရင်တော့ Console တော့လိုအပ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က Game တွေကို ဆော့ဖို့အတွက် Game စက်ဆိုတာကြီးကို လိုအပ်တော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ TV, Mobile Phone, Laptop and PC တို့ရှိရင် Game အမျိုးအစား မခွဲပဲ ဆော့လို့ရပါပြီ။

Image result for google stadia
Gaming Experience အတွက် ဘာတွေကောင်းမှာလဲ။ Hardware ပိုင်းမှာ မလိုအပ်တော့ပေမဲ့ စာဖတ်သူမှာ TV ကောင်းကောင်း (သို့) Display အမိုက်စားရှိရင် 4K ကို 60fps နဲ့ဆော့လို့ရပါတယ်။ နောက်အနာဂတ်အတွက်လည်း 8K ကို 120fps နဲ့ ဆော့လို့ရအောင် တိုးမြှင့်ပေးသွားမယ်လို့ ပြောသွားပါတယ်။ ဒါမဲ့ Internet Speed ကအနည်းဆုံး 25Mbps of bandwidth လိုအပ်ပါတယ်။

Image result for google stadia
Google က Gaming Datacenter အတွက် AMD နဲ့ ပူးပေါင်းပြီး Custom GPU ကိုတည်ဆောက်ထားပါတယ်။ Power teraflops မှာဆိုရင် PS4 Pro နဲ့ X-Box One X တို့ သာလွန်တဲ့ 10.2 teraflops ထိ သယ်ယူနိုင်မှာပါ။ Stadia တစ်ခုချင်းစီအတွက်လည်း 2.7GHz x86 processor with 16GB of RAM လည်းပါဝင်ပါတယ်။

Image result for google stadia
ဖုန်းတွေမှာ ဆော့မယ်ဆိုရင် Stadia Controller လိုအပ်ပါတယ်။ ဒီ Gamepad မှာ Streaming လုပ်ဖို့အတွက် ခလုတ်တစ်ခုပါဝင်ပါတယ်။ အဲ့အပြင် Google Assistant Button လည်းပါဝင်ပါသေးတယ်။ အခြားသော Wifi Connectivity တွေ 3.5mm Jack တို့လည်း ပါဝင်ပါတယ်။ Google ကတော့ အနာဂတ် Gaming ခေတ်သစ်ကို စတည်ထောင်လိုက်နိုင်ပြီလို့ပဲပြောရမှာပါ။

Ref: The Verge

Photos: Google Stadia