fbpx

This is digital planet.

MeizuTech News

Gaming Phone အဖြစ်မြင်တွေ့နိုင်ဖွယ်ရှိသော Meizu 16T

Zawgyi





Unicode

Meizu ရဲ့ CEO Jack Wong ကတော့ 2019 မှာ Meizu ကနေထွက်ရှိမယ့် Snapdragon 855 ကို အသုံးပြုမယ့် Model ၃ မျိုးကို သူ့ရဲ့ Weibo Account ကနေ အရိပ်အမြွက် ထုတ်ပြောလာခဲ့ပြန်ပါပြီ။

ဒီ 2019 Flagship Model ၃ မျိုးကို Meizu 16s, 16s Plus နဲ့ 16T လို့ အသီးသီးနာမည်ပေးသွားမှာဖြစ်ပြီး T Model ကတော့ Meizu ရဲ့ ပထမဆုံး Gaming Oriented Smartphone ဖြစ်လာမှာပါ။

ဝမ်းသာစရာကတော့ 16s နဲ့ 16s Plus တို့မှာ Notch ကို လုံးဝအသုံးပြုမှာမဟုတ်ဘူး ဆိုတဲ့သတင်းပါ။ Screen Size အနေနဲ့ 6.2″ နဲ့ 6.5″ နှစ်မျိုးကို အသုံးပြုလာနိုင်ခြေရှိပါတယ်။ (Jack Wong အနေနဲ့ User တွေအကြိုက် Display Size နဲ့ပတ်သက်ပြီး Voting လုပ်ခိုင်းခဲ့ရာမှာတော့ 6.2″ က အများဆုံးရွေးချယ်မှုကို ခံခဲ့ရပါတယ်။) Battery အနေနဲ့ 4200 ကနေ 4500 mAh အထိ ပါဝင်လာဖို့ မျှော်မှန်းထားကြပါတယ်။

Meizu အနေနဲ့ Meizu 16s နဲ့ 16s Plus ကို မေလအတွင်း မိတ်ဆက်နိုင်ခြေရှိပြီး 16T ကိုတော့ မေလနောက်ပိုင်းမှာမှ မြင်တွေ့ရဖို့များပါတယ်။

Source