fbpx

This is digital planet.

SamsungTech News

Gaming Phone တွေထက် ပိုများပြားတဲ့ Battery ကို Galaxy Note 10 Pro မှာထည့်သွင်းလာနိုင်

ဒီနှစ်မှာ နောက်ဆုံးထွက်ရှိဖို့ကျန်သေးတဲ့ Samsung ရဲ့ Flagship series ကတော့ Note 10 series ပါပဲ။ Samsung အနေနဲ့ အဆိုပါ Note 10 series ကို Galaxy S10 series လိုပဲ Model ၄ မျိုးနဲ့ထွက်ရှိမယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ Note 10 series မှာ အသစ်ပါဝင်လာမည့် Model ကတော့ Note 10 Pro ဖြစ်နိုင်ပါတယ်။

အခု Leak ဖြစ်လာတဲ့ ပုံတွေအရ Note 10 Pro ရဲ့ ဘက်ထရီဟာ 4500 mAh တောင်ပါဝင်မယ်လို့ သိရပါတယ်။ ဘက်ထရီပေါ်မှာပါဝင်တဲ့ Model number ဟာ EB-BN975ABU ဖြစ်ပြီး အရင်ကထွက်ရှိခဲ့တဲ့ Galaxy Note 10 Pro ရဲ့ ကိုယ်ပိုင် Model Number ဟာ SM-N975 ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဘက်ထရီဟာ Galaxy Note 10 Pro ရဲ့ ဘက်ထရီလို့ဆိုလို့ရပါတယ်။

Galaxy Note10 Pro battery
အရင် Galaxy Note series တွေထဲမှာ ပြီးခဲ့တဲ့ Galaxy Note 9 ဟာ 4000mAh ဟာ အများဆုံးပမာဏဖြစ်ခဲ့ပြီး အခု Galaxy Note 10 Pro ဟာ ဒီ စံချိန်ကိုချိုးဖွယ်လည်းရှိနေပါတယ်။ သို့သော်လည်း Galaxy Note 10 series ရဲ့ အခြား Model ဖြစ်တဲ့ Note 10 နဲ့အခြား Pro မဟုတ်တဲ့ Model တွေမှာတော့ အရင် Model ရဲ့ 4000mAh ဘက်ထရီသာ ပါဝင်လာမှာဖြစ်ပါတယ်။

ဒီ ပမာဏဟာ အခြား Gaming Smartphone တွေဖြစ်တဲ့ Xiaomi Black Shark 2၊ Nubia Red Magic 2 နဲ့ Asus ROG Phone ထက်ပိုမိုများပြားတဲ့ ပမာဏလည်းဖြစ်ပါတယ်။

Ref: Gizmochina