fbpx

This is digital planet.

SonyTech News


Zawgyi








Unicode

Geekbench မှာထပ်မံမြင်တွေ့ခဲ့ရတဲ့ Sony ရဲ့ flagship ဖြစ်တဲ့ Xperia XZ4

Sony က မိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ flagship တစ်လုံးဖြစ်တဲ့ Xperia XZ4 ကို AnTuTu ပြီးနောက် အခု Geekbench ပေါ်မှာထပ်မံမြင်တွေ့လာခဲ့ရပါတယ်။

Zackbuks လို့ခေါ်တဲ့ User တစ်ယောက်က Weibo ပေါ်တင်ခဲ့တဲ့ပိုစ့်မှာ Xperia XZ4 ရဲ့ Geekbench benchmark score ကိုမြင်တွေ့ခဲ့ရပြီး Single-core test အနေနဲ့ 3497 points ရှိကာ Multi-core test အနေနဲ့ 12801 points ရှိပါတယ်။ ဒီ Score တွေအရ Xperia XZ4 မှာ Snapdragon 855 SoC ပါဝင်လာမယ်ဆိုတဲ့ သတင်းဟာ ပိုမိုခိုင်မာလာစေခဲ့ပြီး RAM 8GB နဲ့ Andriod 9 Pie ကို out-of-the-box အသုံးပြုထားမယ်လို့လည်းသိရပါတယ်။

7nm အမျိုးအစားဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 855 ကတော့ octa-core processor ဖြစ်ပြီး power-saving cores 4 လုံး clocked at 1.78GHz, performance cores 3 လုံး clocked at 2.42GHz နဲ့ အခြား Special “gold” လို့ခေါ်တဲ့ performance boost core ၁ လုံး clocked at 2.84GHz စတာတွေနဲ့ဖွဲ့စည်းထားတာဖြစ်တာဖြစ်ပါတယ်။ GPU အနေနဲ့ Adreno 640 လည်းပါဝင်လာတယ်လို့သိရပါတယ်။

Sony Xperia XZ4 Geekbench

အရင်သတင်းတွေမှာတော့ Xperia XZ4 မှာ 21:9 aspect ratio ရှိတဲ့ရှည်လျားတဲ့ display ပါဝင်မယ်လို့လည်းသိရပြီး 3.5mm audio jack နဲ့ 46.5W fast charging တို့လည်းပါဝင်မယ်လို့ဆိုပါတယ်။

CAD renders တွေရဲ့အရင် Online ပေါ်မှာဖော်ပြခဲ့တဲ့ Xperia XZ4 မှာတော့ ဘေးဘောင် bezel တွေဟာအလွန်ပါးလွှားနေတာကိုမြင်တွေ့ခဲ့ရပြီး ဖုန်းရဲ့ ဘယ်ဘက် အပေါ်ထောက်နားလောက်မှာ သေးငယ်တဲ့အပေါက်ကလေးတစ်ပေါက်ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

နောက်ဘက်မှာတော့ ကျောဘက် ကင်မရာ ၃ လုံးအထိကို ဖုန်းရဲ့ အပေါ်ဘက်နားလောက်မှာ ဒေါက်လောက်တပ်ဆင်ထားမှာဖြစ်ပါတယ်။ ဖုန်းရဲ့ညာဘက်မှာတော့ Volume rocker key, Fingerprint scanner နဲ့ Power button တို့အပြင် Camera shutter လည်းပါဝင်လာမှာဖြစ်ကာ ဖုန်းရဲ့အောက်ဘက်မှာတော့ Speaker နဲ့ USB Type-C port တို့လည်းပါဝင်မှာဖြစ်ပါတယ်။

Source