fbpx

This is digital planet.

PocophoneTech NewsXiaomi


Zawgyi






Unicode

Geekbench မှာထွက်ပေါ်လာခဲ့တဲ့ POCO F2

ဒီနေ့မှာတော့ Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ POCOPHONE F1 ရဲ့မျိုးဆက် POCO F2 ကို Geekbench မှာမြင်တွေ့ခဲ့ရပြီး ဒီဖုန်းရဲ့ CPU နဲ့ RAM နဲ့ OS တို့ကိုဖော်ပြထားတာကိုတွေ့မြင်ခဲ့ရပါတယ်။

Geekbench ရဲ့ဖော်ပြချက်မှာတော့ Poco F2 မှာ Snapdragon 845 chipset ကိုအသုံးပြုထားမှာဖြစ်ပြီး RAM 6GB သုံးထားပါတယ်။ အရင် F1 မှာလည်း Snapdragon 845 ကိုပဲသုံးထားတာပါ။ Poco F2 မှာတော့ Andriod 9 Pie ကိုသုံးထားမယ်လို့သိရပြီး Geekbench ရဲ့ Benchmarking test မှာတော့ Single-core အနေနဲ့ 2321 ရှိပြီး Multi-core အနေနဲ့ 7564 ရှိပါတယ်။

Xiaoim Poco F2 Geekbench

Poco F2 မှာတော့ F1 ကလို့ပဲ processor RAM တူညီပြီး အခြား Display, Camera နဲ့ Battery တို့ပိုမိုကောင်းမွန်လာဖို့ရှိပါတယ်။ Poco F1 မှာတော့ ကြီးမားတဲ့ Notch ပါဝင်ပြီး 20MP selfie shooter, dim-light facial recognition အတွက် IR sensor တို့ပါဝင်ပါတယ်။ ဖြစ်နိုင်တာကတော့ F2 မှာ ဒီ 20MP ကင်မရာကိုအသုံးပြုလာဖွယ်ရှိပြီး ပိုမိုသေးငယ်တဲ့ Notch ကို သုံးလာမလား ဒါမှမဟုတ် Nova 4 တို့လို အပေါက်ဖောက်ပြီး In-display Camera ပဲဖြစ်မလားဆိုကတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

Xiaomi ရဲ့ Flagship ဖုန်းတွေဟာ တရုတ်ပြင်ပ မှာ အခြား flagship ဖုန်းတွေလောက်လူကြိုက်မများတဲ့အတွက် Xiaomi အနေနဲ့ Pocophone လို့ခေါ်တဲ့ Sub-brand တစ်ခုကို တည်ဆောင်ပြီး အလွန်တန်တဲ့ flagship ဖုန်းတွေကိုရောင်းချခဲ့ပါတယ်။ Pocophone ရဲ့ ပထမဆုံး flagship ဖြစ်တဲ့ F1 ကတော့ Polycarbonate တည်ဆောင်ပုံ နဲ့ ဈေးအသက်သာဆုံး Snapdragon 845 chipset အသုံးပြုထားတဲ့ဖုန်းဖြစ်ကာ Andriod 9 Pie ပါဝင်တဲ့ MIUI 10 ကိုလည်း Xiaomi မှာဖြန်ချိပေးခဲ့ပါတယ်။ ဒီ Snapdragon 845 ပါတဲ့ F1 အနေနဲ့လည်း လက်ရှိမှာတော့ဈေးနှုန်း ဒေါ်လာ ၂၈၆ လောက်နဲ့ရောင်းချနေတာဖြစ်ပါတယ်။

Source