fbpx

This is digital planet.

SamsungTech News

Geekbench မှာကောင်းမွန်တဲ့ရလဒ် ရရှိခဲ့တဲ့ Galaxy S10+

Samsung အနေနဲ့ Galaxy S10 series ကို လာမဲ့ Feb.20 ရက်နေ့မှာစတင်မိတ်ဆက်ပေးမယ်လို့သိရပြီး Galaxy S10, Galaxy S10 Plus နဲ့ Galaxy S10 E စတဲ့ စမတ်ဖုန်းတွေပါမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က Galaxy S10 E မှာ Snapdragon 855, RAM 6GB နဲ့ Android 9 Pie တို့ကိုအသုံးပြုထားမယ်လို့ Geekbench မှာထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ Galaxy S10 series ထဲနောက်ထပ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S10+ ကတော့ Geekbench မှာ စိတ်လှုပ်ရှားဖွယ်ရာ ရလဒ်ရရှိခဲ့ပါတယ်။

Galaxy S10 Plus ( SM-G9705U) အနေနဲ့ Single-core နဲ့ multi-core tests တွေမှာ 3413 points နဲ့ 10256 points တို့အသီးသီးရရှိခဲ့ပါတယ်။ ဒီ Galaxy S10 Plus ကိုတော့ Snapdragon 855 နဲ့မောင်းနှင်ထားမှာဖြစ်ပြီး ကောလဟလ တွေအရ RAM 8GB ပါဝင်မယ်လို့လည်းသိရပါတယ်။

Galaxy S10+ ကိုတော့ 6.4-inch S-AMOLED display နဲ့အတူ ရှေ့ကင်မရာ ၂ ခုပါဝင်တဲ့ ကြီးမားတဲ့ ကင်မရာ အပေါက်တစ်ခု ( Galaxy A8s လို့မျိုး ) ပါဝင်လာမှာဖြစ်တယ်လို့သိရပြီး ဘက်ထရီ အနေနဲ့ 3500 mAh ရှိမှာဖြစ်ကာ native storage အနေနဲ့ 512GB ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်လျက်ရှိတဲ့ကောလဟာလတွေ အရ Galaxy S10 series မှာ 5G-edition ဖုန်းပါဝင်မယ်လို့သိရပြီး RAM 12 GB အထိပါမယ်လို့လည်းသိရပါတယ်။

Source

Photo from Internet.