fbpx

This is digital planet.

OnePlusTech News

Giztop မှာဖော်ပြခံခဲ့ရတဲ့ OnePlus 7

OnePlus အနေနဲ့ မကြာခင် အချိန်အတိုင်းအတာ တစ်ခုမှာတော့ သူတို့ရဲ့နောက်ထပ် Flagship ဖုန်း OnePlus 7 ကိုမိတ်ဆက်ပေးတော့မှာဖြစ်ပြီး တရုတ် retailer website ဖြစ်တဲ့ Giztop မှာ အချက်အလက်တော်တော်များများကိုမြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က OnePlus 7 ရဲ့ ပုံတွေကိုဖော်ပြခဲ့ပြီး မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Hand-on video အရကော ဒီဇိုင်းပိုင်းကိုသေချာမြင်တွေ့ရခဲ့ပြီး Pop-up camera ပါဝင်မာကိုလည်းသိရှိရပြီးဖြစ်ပါတယ်။

OnePlus 7 Rumored specifications

Giztop မှာမြင်တွေ့ခဲ့ရတဲ့ OnePlus 7 ရဲ့ Spec အပြည့်အစုံအရ OnePlus 7 မှာ 6.5-inch AMOLED display ပါဝင်ပြီး ကမ္ဘာအမြန်ဆုံး Screen unlock လို့ခေါ်တဲ့ In-display fingerprint sensor လည်းပါဝင်မှာဖြစ်ပြီး screen-to-body ratio အနေနဲ့ 91.5% အထိရှိမှာဖြစ်တယ်လို့သိရပါတယ်။ OnePlus 7 အထိက စိတ်ဝင်စားဖွယ်ရာအချက်က In-display fingerprint sensor လည်းဖြစ်ပါတယ်။ SoC ကိုတော့ Qualcomm Snapdragon 855 နဲ့အတူ Adreno 640 GPU လည်းပါဝင်မယ်လို့သိရကာ ကျောဘက်ကင်မရာပိုင်းကိုတော့ 48MP + 20MP + 5MP ဆိုပြီး Triple camera Stepup ပါဝင်မှာဖြစ်ပါတယ်။ ရှေ့ဘက် Pop-up camera sensor ကိုတော့ 16MP ရှိပါတယ်။

Storage ပိုင်းအနေနဲ့ နှစ်မျိုးရှိမှာဖြစ်ပြီး 8GB RAM + 128GB storage နဲ့ 12GB RAM + 256GB internal storage စသဖြင့်ရှိမှာဖြစ်ပါတယ်။ 4000 mAh ဘက်ထရီလည်းပါဝင်မယ်လို့သိရပြီး 44W Super Fast Dash Charging technology ကိုလည်းထည့်သွင်းပေးလာဖွယ်ရှိနေပါတယ်။ Andriod 9 Pie အခြေပြု Oxygen OS 9 နဲ့မောင်းနှင်ထားမှာလည်းဖြစ်ပါတယ်။ ဒါအပြင် OnePlus ရဲ့ Founder Pete Lau အနေနဲ့ OnePlus 7 မှာ Wireless charging ကိုထည့်သွင်းပေးမှာမဟုတ်ဖူးလို့သိရပြီး မကြာခင်အချိန်အတွင်းမှာတော့ တရားဝင်မိတ်ဆက်ပေးမဲ့ရက် ထွက်ရှိမယ်လို့မျှော်လင့်ရပါတယ်။

Ref: Gizmochina

Photo: Giztop & Wccftech