fbpx

This is digital planet.

AppleTech News

Google က Pixel 4 မှာ ပါဝင်မည့် နည်းပညာ အချို့ကို ထုတ်ပြ

Google အနေနဲ့ Pixel 4 Leak ခဲ့တာတွေနဲ့ ပက်သက်ပြီး သူတို့ကိုယ်တိုင် Pixel 4 ပါဝင်လာမယ့် Features တွေကို Post တင်ပြီး ထုတ်ပြခဲ့ပါတယ်။ အဲ့ Features တွေထဲမှာ Motion Sense ဆိုတဲ့ Feature အသစ်ပါဝင်လာပါတယ်။ အဲ့ Project ကို လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက စတင်ခဲ့ပြီး Pixel 4 မှာ Basic Functions တွေဖြစ်တဲ့ သီချင်းတွေကို ကျော်ခြင်း၊ Alarm ပိတ်ခြင်း နဲ့ Phone Calls တွေကို Silent လုပ်ပေးခြင်းတို့ကို သင့်ရဲ့ လက်ကို ဝေ့ရုံဖြင့် Motion Sense ကလုပ်ဆောင်ပေးနိုင်မှာပါ။ အဲ့ဒါကို Project Soli လို့ခေါ်ပါတယ်။ Google အနေနဲ့ လုပ်ဆောင်နေတာကြာပေမဲ့ Pixel 4 မှာထည့်ပေးထားတယ်ဆိုတော့ သုံးဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောလို့ရမှာပါ။

Motion Sense ဟာ ဖုန်းရဲ့ Display အပေါ်က Complex radar system ရဲ့ အကူအညီနဲ့ အလုပ်လုပ်ပြီး သေးငယ်တဲ့ Movement တွေကိုတောင် Sense လုပ်ပေးနိုင်ပါတယ်။ အခုလက်ရှိတော့ လွယ်ကူတဲ့ Hand-waving ကိုပဲ မှတ်သားပေးနိုင်ပြီး မကြာခင်မှာ ပိုရှုပ်တဲ့ Hand-waving ကို လုပ်ဆောင်လာနိုင်ပါတယ်။ Motion Sense ကို Pixel Phone ဝယ်လို့ရမယ့် နိုင်ငံတွေမှာသာ ရရှိလာမယ်လို့ Google ကပြောကြားခဲ့ပါတယ်။ နောက်ထပ် အဓိက Feature ကတော့ Face Unlock ပဲဖြစ်ပါတယ်။ လက်ရှိ Android Devices အများစုမှာ ပါရှိတဲ့ Facial recognition လိုမဟုတ်ဘဲ iPhone X မှာပါတဲ့ System နဲ့တူတယ်လို့ပြောရမှာပါ။

Image result for pixel 4

Android Facial recognition security က ပုံကိုရိုက်ယူပြီး ပြန်တိုက်စစ်တဲ့နည်းနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ Pixel 4 မှာတော့ သင့်ရဲ့ မျက်နှာကို Dot projector သုံးပြီး 3D နည်းနဲ့ Scan လုပ်ပါတယ်။ ဒါက iPhone X မှာပါတဲ့ နည်းပညာနဲ့တူတယ်လို့ပြောလို့ရပါတယ်။ IR camera နဲ့ flood illuminator က Unlock လုပ်ရမှာ အသုံးဝင်ပါမယ်။ အဲ့တာက ပုံကိုရိုက်ပြီး Scan လုပ်တာထက် ပိုလုံခြုံတယ်လို့ပြောရမှာပါ။ အဲ့ System က iOS မှာပါတဲ့ Functions တွေနဲ့ဆင်ပြီး Facial data တွေကို လုံလုံခြုံခြုံနဲ့ Titan M chip မှာသိမ်းပေးထားနိုင်ပြီး ဘယ်သူမှ Access လုပ်လို့မရနိုင်ပါဘူးလို့ Google ကပြောထားပါတယ်။ အဲ့အချက်ကတော့ Apple ရဲ့ Face ID နည်းနည်းကွဲလွဲတယ်လို့ပြောရမှာပါ။

Image result for pixel 4

iOS မှာ Face ID Scan ဖို့ Swipe ပေးဖို့လိုအပ်ပြီး Pixel 4 ရဲ့ Face Unlock ကတော့ Soli Radar Chip နဲ့ သင့်ရဲ့ လက်လှုပ်ရှားမှုကို မှတ်ပြီး ဖုန်းကိုကိုင်လိုက်တာ ဒါမှမဟုတ် Scren ကိုကြည့်လိုက်တာနဲ့ မျက်နှာကို စစစ်ပြီး Unlock လုပ်ပေးပါတယ်။ အဲ့ System က အပေါ်အောက် ပြောင်းပြန်ဖြစ်နေတဲ့ အချိန်မှာတောင် အလုပ်လုပ်ပါတယ်။ Face Unlock ပါတဲ့အတွက် Fingerprint Sensor ကိုသုံးလာဖို့ကတော့ မသေချာပါဘူး။ Phone ရဲ့ နောက်မှာတော့ Fingerprint Sensor ကိုမတွေ့ရပေမယ့် Display အောက်မှာ Fingerprint Sensor ရှိလာနိုင်ပါတယ်။ ဒါပေမယ့် Google အနေနဲ့ Face Unlock မှာပဲ ပိုပြီး အားစိုက်ထားနိုင်ပါတယ်။ ဒီနှစ်ကုန် Oct လလောက်မှာ Pixel 4 ထွက်ရှိနိုင်မယ်လို့ Google ကပြောထားပါတယ်။ ထွက်ရှိမယ့် ရက်အတိအကျကတော့ မသိရသေးပေမယ့် ပုံမှာ 11:11 လို့အချိန်မှာပြထားတာက Launch Date ဖြစ်လာနိုင်ပါတယ်။

Ref: GSMArena