fbpx

This is digital planet.

Huawei

Google ရဲ့ Android နေရာမှာ Ark OS (HongMeng) နဲ့ အစားထိုးဖွယ်ရှိနေတဲ့ Huawei

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ က Google က Huawei ရဲ့ Android License ကို ရုပ်သိမ်းခဲ့ပြီး နောက်မှာတော့ Huawei အနေနဲ့ သူရဲ့ Backup plan ကို စတင်ပြုလုပ်နေပြီး သူရဲ့ In-house OS ရဲ့နာမည်ကို HongMeng OS လို့ နာမည်ပေးထားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei ရဲ့ ကိုယ်ပိုင် OS ရဲ့နာမည်ဟာ Ark OS လို့ နာမည်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီ သတင်းတွေဟာ Huawei ကနေ Trademark Req တင်ထားတဲ့ EUIPO ( European Union Intellectual Property Office ) ကနေ ထွက်ပေါ်လာတာဖြစ်ပြီး အခြား HUAWEI ARK OS ၊ HUAWEI ARK ၊ ARK နဲ့ ARK OS စတဲ့နာမည်တွေကို မေလ ၂၄ ရက်နေ့ကတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ Huawei ရဲ့ Ark OS အနေနဲ့ ဘယ်အဆင့်ထိ ပြီးမြောက်နေပြီးလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး၊ သို့သော်လည်း Huawei အနေနဲ့ ဒီဟာကို သီးခြားစီ ခွဲထုတ်ထားမှာတော့ အသေအချာပါပဲ။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ သတင်းတွေအရ Huawei အနေနဲ့ Google Play Store နေရာမှာ အစားထိုးဖို့အတွက် Java အပေါ် အခြေခံရေးဆွဲထားတဲ့ Aptoide နဲ့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

မကြာသေးခင်က US အစိုးရရဲ့ Ban ခြင်းခံရပြီးနောက်မှာ US ကုမ္ပဏီတွေဖြစ်တဲ့ Google ၊ Intel ၊ Qualcomm တို့အပြင် Chip Designer ARM အပြင် SD နဲ့ WiFi စတာတွေကပါ Ban ခံထားရတဲ့ Huawei အနေနဲ့ လက်ရှိအချိန်မှာတော့ ရက် ၉၀ အချိန်ရမှာဖြစ်ပြီး အဲ့နောက်မှာတော့ Huawei ရဲ့ နောက်လာမဲ့ စမတ်ဖုန်းမျိုးဆက်တွေမှာ ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့လာရမှာဖြစ်ပြီး အဆိုပါ အခက်အခဲတွေကို Huawei အနေနဲ့ ကျော်ဖြတ်နိုင်မလာဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ R&D ကြောင့် Innovation ပိုင်းသိသိသာသာကောင်းမွန်လာခဲ့ပြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်ခဲ့တဲ့ Huawei အနေနဲ့ ဆက်လက်ပြီး စမတ်ဖုန်းကောင်းတွေ ထုတ်လုပ်နိုင်ဦးမလား ဒါမှမဟုတ် Trump ရဲ့ လုပ်ရပ်အောက်မှာပဲ ကျရှုံးသွားမလား ဆိုတာကတော့ စိတ်မကောင်းစွာနဲ့ပဲ…..

Ref: GSMArena

Photo: INTERNET