fbpx

This is digital planet.

GoogleTech News

Google ရဲ့ Pixel 3a Model တွေကို May 7 I/O 2019 Event တွင် မိတ်ဆက်မည်

Google ရဲ့နောက်ထွက်ရှိမဲ့ Pixel 3a နဲ့ 3a XL တို့ဟာ May လ ၇ ရက်နေ့မှာ ကျင်းပမဲ့ Google 2019 I/O Event မှာမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ မကြာခင်မှာမိတ်ဆက်ပေးတော့မဲ့ အဆိုပါပွဲ မတိုင်မီ Pixel 3a နဲ့ 3a XL တို့ရဲ့ အချက်အလက် နဲ့ ဈေးနှုန်းတွေကိုတော့ Geekbench ပေါ်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင် ဒီဖုန်း နှစ်ခုလုံးဟာ Bluetooth Certifications လည်း အသီးသီး ရရှိသွားခဲ့ပြီးဖြစ်ပါတယ်။

Pixel 3a နဲ့ Pixel 3a XL တို့မှာတော့ Storage Variant ၄ ခုစီပါဝင်မယ်လို့သိရပါတယ်။ ပုံမှာဖော်ပြချက်အရ ဒီဖုန်းနှစ်ခုလုံးမှာ Bluetooth 5.0 နဲ့ Android 9 Pie ကိုလည်း Out the Box ထည့်သွင်းပေးထားမယ်လို့မြင်တွေ့ရပါတယ်။ အရင်က ထွက်ပေါ်ခဲ့တဲ့ Leak တွေကိုပြန်ကြည့်မယ်ဆိုရင် Pixel 3a မှာ 5.6-inch FHD+ display ပါဝင်မှာဖြစ်ပြီး Snapdragon 670 Chipset ကိုသုံးလာမှာဖြစ်ကာ 4GB RAM လည်းတွဲဖက်ပါဝင်မယ်လို့သိရပါတယ်။

အရွယ်အစားပိုမိုကြီးမားတဲ့ Pixel 3a XL မှာတော့ 6-inch FHD+ Screen ပါဝင်မှာဖြစ်ပြီး Snapdragon 710 နဲ့ RAM 4GB ကိုထည့်သွင်းပေးမှာဖြစ်ပါတယ်။ 64GB storage ကိုတော့ Model ၂ ခုလုံးမှာပါဝင်မယ်လို့လည်းသိရပါတယ်။

ကင်မရာပိုင်းကိုကြည့်မယ်ဆိုရင် ဒီ Model ၂ ခုလုံးမှာ 8MP Selfie ကင်မရာ နဲ့ ကျောဘက်မှာ 12MP Main sensor တစ်လုံးပဲပါဝင်မယ်လို့ဆိုပါတယ်။ ဈေးနှုန်းတွေအနေနဲ့ Pixel 3a ဟာ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) Pixel 3a XL အနေနဲ့ ဒေါ်လာ ၆၀၀ (မြန်မာငွေ ၉ သိန်းကျော်) နီးပါးကျသင့်မယ်လို့သိရပါတယ်။ အရောင်တွေအနေနဲ့ White ၊ Black နဲ့ Purple ဆိုပြီး ၃ မျိုးထွက်ရှိမယ်လို့ခန့်မှန်းရပါတယ်။

Ref: GSMArena