fbpx

This is digital planet.

GoogleTech News

Stadia ဂိမ်းကစားနိုင်မယ့် Android ဖုန်းတွေကို Google ကြေညာ

ကွန်ပျူတာနဲ့ Console တွေမှာပဲ ကစားနိုင်တဲ့ AAA ဂိမ်းတွေကို အခုဆိုရင် Samsung ၊ ASUS နဲ့ Razer စမတ်ဖုန်းတွေမှာ ကစားနိုင်ပြီဖြစ်ပါတယ်။ Google အဆိုရ Stadia ဝန်ဆောင်မှုကို ၂၀၁၉ နိုဝင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး Pixel Only အနေနဲ့ ကန့်သတ်ခဲ့တာပါ။

လက်ရှိအချိန်မှာ Stadia ကွန်ရက်ဖြန့်ကျက်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး စာဖတ်သူတွေ Google ရဲ့ Cloud Gaming ဝန်ဆောင်မှု အသေးစိတ်ကို ဒီ Link မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

Stadia

Stadia Games List

ကစားနိုင်မယ့် ဂိမ်းတွေကို ဖော်ပြရရင် Assassin’s Creed odyssey ၊ Attack on Titan: Final Battle 2 ၊ Farming Simulator 2019 ၊ Final Fantasy XV ၊ Football Manager 2020 ၊ GRID 2019 ၊ GYLT ၊ Just Dance 2020 ၊ Kine ၊ Metro Exodus ၊ Mortal Kombat 11 ၊ NBA 2K20 ၊ Rage 2 ၊ Red Dead Redemption 2 ၊ Thumper ၊ Tom Raider Franchise ၊ Trials Rising နဲ့ Wolfenstein: Young Blood တို့ပဲ ဖြစ်ပါတယ်။

ဒီဂိမ်းတွေအပြင် Borderland Franchise ၊ DOOM 2016 & Eternal ၊ Tom Clancy’s Ghost Breakpoint ၊ Cyberpunk 2077 ၊ Gods and Monsters ၊ Watch Dogs Legion တို့ကိုလည်း ကစားလာနိုင်မယ်။

Google Stadia
Publisher Capcom ၊ Electronic Arts ၊ Square Enix နဲ့ Ubisoft တို့ကလည်း AAA ဂိမ်းတွေ ထောက်ပံ့ဦးမှာဖြစ်တဲ့အတွက် အောင်မြင်လာတဲ့ အနေထား ရှိနေပြီလို့ ပြောရမှာပါ။

More devices coming

Stadia ကစားနိုင်မယ့် Android ဖုန်းတွေကတော့ Galaxy S8 ၊ S8+ ၊ S8 Active ၊ Note 8 ၊ S9 ၊ S9+ ၊ Note 9 ၊ S10e ၊ S10 ၊ S10+ ၊ Note10 ၊ Note10+ ၊ S20 ၊ S20+ ၊ S20 Ultra အပြင် Razer Phone ၊ Razer Phone 2 ၊ ASUS ROG Phone ၊ ROG Phone 2 တို့ပဲ ဖြစ်ပါတယ်။

iOS အတွက်လည်း ထုတ်ပေးလာမယ်လို့ မကြားရသေးပေမယ့် The Verge အဆိုရ စောင့်ဆိုင်းရဖို့တော့ရှိမယ်။ Google အနေနဲ့လည်း Stadia Games အမျိုး ၁၂၀ ကို ဇန္နဝါရီလအတွင်းမှာ ထည့်သွင်းပေးသွားမယ် ကတိပေးထားတဲ့အတွက် ဒီထက်မက အောင်မြင်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Source: The Verge