fbpx

This is digital planet.

ArticlesNews

Google I/O 2019 မှာဘာတွေမျှော်လင့်လို့ရမလဲ

Google I/O ဆိုတာ Google ရဲ့နှစ်ပတ်လည် conference ဖြစ်တယ်။ဒီပွဲ မှာ Google ရဲ့ software /hardware အသစ်တွေအပြင် ရှိနှင့်ပြီးသား Google Products တွေကို update ပေးလေ့ရှိပါတယ်။

 

Google I/O ကို Califonia မှာ မေလ ၇ ရက်နေ့ကနေ ၉ ရက် နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ဒီ ပွဲ ကိုတက်ရောက်ဖို့ Company ရဲ့ Website ကနေ စားရင်းသွင်းရပါတယ်။ ဒီစားရင်းသွင်းထားတဲ့ လူတွေထဲ မှတစ်ဆင့် random ရွေးချယ်တာဖြစ်ပြီး random ရွေးလို့ပါသွားရင် လက်မှတ်ဖိုးပေးရပါတယ်ဗျ။ အမြင့်ဆုံးကြေး က $1000 ကျော်ပါတယ် ဗျ။

ဒါကပွဲ ကို ကိုယ်ထိ လက်ရောက် သွားချင်တဲ့ သူတွေ အတွက် ဖြစ်ပြီး Google က ကျွန်တော်တို့လို လူတွေအတွက် Keynote တစ်ခုလုံးကို Live stream ပေးပါတယ်။

2019 Google Keynote မှာ ဘာတွေမျော်လင့်ရမလဲ?

ပထမတစ်ခုက Android Q ပေါ့။ Android Q က Android Version 9 ရဲ့ မျိုးဆက်သစ် Android 10 ဖြစ်ပါတယ်။

Image result for Android Q

Image source: Google

ဒီ Android Q အကြောင်း သတင်းတွေ Leaks တွေ ထွက်ထားတာ အတော်ကြာနေပါပြီ။ အခုလဲ Beta အနေနှင့် pixel ဖုန်းတွေမှာ တင်ပြီး အသုံးပြုလို့ရတယ်။ Android Q beta မှာ features အသစ်တွေ နှင့် အခြား privacy ဆိုင်ရာ ပြောင်းလဲမှု တွေ၊ Themes အသစ်တွေကို မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။

Google Stadia ဆိုပြီး စာဖတ်သူတွေကြားဖူးလိုက်ကြမှာပါ။

Image result for Google stadia

Image source: Google

Cloud Gaming ကို အခြေခံ ထားပြီး system requirement မြင့်တဲ့ Game တွေကို အင်တာနက် လိုင်းပေါ် အခြေခံပြီး ဖုန်းတိုင်းမှာplatform တိုင်း browserကနေ ဆော့လို့ ရတဲ့ Gaming စနစ်ဖြစ်ပါတယ်။ ဒီ Google Stadia ကို Game Developer Conference GDC 2019 မှာ ကြေငြာခဲ့ ပြီး ဖြစ်တာကြောင့် ဒီ Google I/O မှာ တရားဝင် ဈေးတွေ နှင့် တကွ ဒီ service ကို မိတ်ဆက်မယ်လို့မျော်လင့်ရပါတယ်။

နောက်တစ်ခု က တော့ Pixel3a နှင့် Pixel 3a XL ဖုန်းနှစ်လုံး ကို မိတ်ဆက်ဖွယ်ရှိပါတယ်။

Image result for Pixel 3a

Image source: Google

Google Pixel 3a နှင့် 3a XL အကြာင်းကို ထွေထွေထူးထူးပြောစရာ မလိုဘူး ထင်ပါတယ်။ PlanetX ရဲ့ နေ့စဉ် သတင်းတွေမှာ အပြင် အခြား နေရာ တွေမှာ ပါ တော်တော်ပျံနံ ပြီး ပါပြီ။ Google ရဲ့ နှစ်စဉ် I/O ပွဲတွေမှာ hardware အသစ်တွေ မိတ်ဆက်လေ့ရှိတာကြောင့် ဒီနှစ်မှာလဲ ထူးခြားတဲ့ hardware တွေကို မြင်တွေ့ရမှာပါ။

နောက်ထပ်တစ်ခု ကတော့-
Google Nest or Google Home Hub Max? Tablet လိုလို TV လိုလို ပုံစံ ရှိမယ့် ဒီ Home Hub Max က ကိုယ့်အိမ်က IoT ပစ္စည်းတွေနှင့် ချိတ်ဆက်မယ်။ Video Call ပြောဆိုနိုင်ပြီး Facebook ရဲ့ Portal ပုံစံ ဖြစ်ပါတယ်။ ဒီ Home Hub Max ကို မိတ်ဆက်မယ် လို့ သတင်းအတိ အကျ အတည်ပြုလို့မရ သေးပါ။

ဒါတွေက 2019 Google I/O ပွဲမှာမျော်လင့် ရမှာဖြစ်ပြီး ကျွန်တော် တို့ PLANET X အနေနဲ့ ပွဲရဲ့နောက်ဆုံးပေါ်သတင်းတွေကို update ဖြစ်နိုင်အောင်ကြိုးစားတင်ပေး မှာဖြစ်တဲ့အတွက် follow / like and shareလေး လုပ်ထားပေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

Ref: Internet

Photo Credit: Internet

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ