fbpx

This is digital planet.

News

Google Pixel 4 နဲ့ 4XL မှာပါဝင်လာနိုင်မယ့် 90Hz Display နဲ့ Rear Camera အချက်များ ပေါက်ကြား

အခြားသော အကြောင်းအရာများ

 

Google အနေနဲ့လည်း October မှာ ထွက်ရှိလာမယ့် သူတို့ရဲ့ Flagship ဖုန်းကို ထုတ်ဖို့အားစိုက်ပြုလုပ်နေပါတယ်။ အရင်တုန်းက Pixel 4 နဲ့ 4XL အတွက် တစ်ချို့အချက်အလက်တွေထွက်ရှိခဲ့ပါတယ်။ ဒီနေ့မှာ အဲ့ထဲက တစ်ချို့အချက်တွေကို Confirmed ပေးနိုင်ပြီး တစ်ခြား အချက်အလက်အသစ်တွေပါဝင်လာပါတယ်။

Google Pixel 4 နဲ့ Pixel 4 XL ဖုန်း၂လုံးမှာ 90Hz AMOLED Display ပါဝင်လာမယ့်လို့ ဆိုထားပြီး Pixel 4 မှာ 5.7″ FHD+ နဲ့ Pixel 4 XL မီာ 6.3″ QHD+ ကိုသုံးလာဖို့ရှိနေပါတယ်။ အဲ့ Display အတွက် “Fluid AMOLED” ဆိုတဲ့နာမည်ရှိနေတာကြောင့် “Smooth Display” လို့ပဲ အမည်ပေးသွားနိုင်ပါတယ်။ နောက်ဘက်မှာတော့ Google အနေနဲ့ Pixel ဖုန်းမှာ ပထမဆုံး Dual Camera ကို အသုံးပြုလာတော့မှာပါ (Triple Camera လည်းဖြစ်လာနိုင်ပါတယ်၊ ဒီဇိုင်းတွေ ပုံစံတွေက အမျိုးမျိုးထွက်နေတာဆိုတော့ သေချာတော့ပြောလို့မရသေးပါ)။ Main Sensor 12 MP ကို 16 MP Telephoto Lens နဲ့တွဲပေးလာမှာပါ။ Tele Lens သုံးလိုက်တဲ့အတွက် Super Res Zoom က ဘာဖြစ်သွားမှာလဲ? အဖြေကို မသိပါဘူး ထွက်လာမှပဲ စောင့်ကြည့်ရမယ်။

Image result for pixel 4

Ultra-Wide shots တွေကို ကြိုက်တဲ့သူတွေအတွက် 2020 ထိစောင့်ရတော့မယ်ထင်တယ် (စိတ်မကောင်းစရာပဲ)။ Google က အဲ့အချိန်လောက်မှပဲ Triple Camera Set Up ကို အသုံးပြုလာနိုင်ပါတယ်။ Battery မှာတော့ Pixel 4 က 2,800mAh နဲ့ 4 XL ကတော့ 3,700mAh ပါရှိလာနိုင်ပါတယ်။ Pixel 4XL ရဲ့ Battery အခြေအနေက အခု 2019 က ဖုန်းတွေနဲ့ ယှဉ်ဖို့တောင် မလုံလောက်တဲ့ အခြေအနေပါ။ နောက်နှစ်တော့မသိ :xD RAM ကတော့ ဒီနှစ်မှာ 4GB ကနေ 6GB ထိတိုးပေးနိုင်ပါတယ်။ 8GB/12GB ကိုလိုချင်ရင်တော့ တစ်ခြား Brand ကိုပဲပြောင်းဝယ်လိုက်ပါ။ အခုလက်ရှိ Smartphone လောက ဖုန်းတွေအတိုင်း Google မှရရှိဖို့ကတော့ အချိန်အနည်းငယ် အမြဲလိုလိုစောင့်ပေးရဖို့ ရှိပါတယ်။

Storage မှာတော့ 64GB နဲ့ 128GB နှစ်မျိုးကိုရရှိနိုင်မှာပါ။ အဲ့ထက် Storage ပိုရချင်ရင်တော့ တစ်ခြား Brand တွေကိုရွေးမှပဲ ရလာနိုင်မှာပါ။ Chipset ကတော့ Snapdragon 855 ကိုပဲသုံးလာဖို့များနေပါတယ်။ Stereo speakers ၊ Android Q နဲ့ သုံးနှစ် Software support guaranteed ကိုရရှိလာမှာပါ။ Google Assistant features အသစ်ကို ပထမဆုံးရနိုင်ပြီး မကြာခင်မှာ တခြား Devices တွေအတွက် ရရှိလာဖို့ရှိနေပါတယ်။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်