ပထမဆုံးအကြိမ်အဖြစ် Google အနေနဲ့ Pixellineup မှာ Cheaper models တွေကိုထည့်သွင်းဖို့ရည်ရွယ်နေပြီး Codename အဖြစ် Sargo နဲ့ Bonito အဖြစ်သတ်မှတ်ထားပြီး Pixel 3 Lite နဲ့ Pixel 3 Lite XL တို့ဖြစ်ကြပါတယ်။ သို့သော်လည်း ပြီးခဲ့အပတ်က Google အနေနဲ့ Pixel 3e နဲ့ Pixel 3a XL ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါဖုန်းတွေရဲ့ အကြောင်းအရာတွေကိုတော့ အင်တာနက်ပေါ်မှာမြင်တွေ့လာရပြီးဖြစ်ပါတယ်။

Photo from Wccftech
German Tech Blog တစ်ခုဖြစ်တဲ့ Winfuture.we မှာတော့ Pixel 3a နဲ့ Pixel 3a XL တို့ဟာ European Online retailers တွေရဲ့အတည်ပြုချက်ကိုရရှိခဲ့တယ်လို့သိရပြီး ဒီ စမတ်ဖုန်း ၂ခုလုံးမှာ 64GB built-in Storage ပါဝင်တယ်လို့သိရပါတယ်။
ဖုန်းမှာပါဝင်တဲ့ Color တွေအနေနဲ့ black and white အပြင် Iris လို့ခေါ်တဲ့အရောင်တစ်ရောင်လဲ ပါဝင်တယ်လို့သိရပါတယ်။ Iris ဆိုတာကတော့ Blue-violet ကနေပြီး violet ကိုပြောင်းလဲသွားတဲ့အရောင်ကိုဆိုလိုတာလို့လည်းဆိုပါတယ်။ Pixel 3a ကိုတော့ ယူရို ၄၅၀ (မြန်မာငွေ ၇ သိန်း ၇ သောင်း) ဝန်းကျင်ခန့်လောက်နဲ့ရောင်းချပေးနိုင်ဖွယ်ရှိတယ်လို့သိရပြီး အရွယ်အစားပိုမိုကြီးမားတဲ့ Pixel 3e XL ကတော့ ပိုမိုဈေးကြီးဖို့ရှိပါတယ်။
ဒီ စမတ်ဖုန်း နှစ်ခုလုံးမှာတော့ 18:9 display ပါဝင်ပြီး Google Assistant, eSIM support နဲ့ Titan M Security chip တို့ပါဝင်လာမယ်လို့သိရပါတယ်။ ကင်မရာကိုတော့ ၁ လုံးထဲပဲပါဝင်မယ်လို့သိရပြီး ဒီ ဖုန်း ၂ ခုမှာ အဓိက ကွာခြားသွားတာက အရွယ်အစားနဲ့ ဘက်ထရီ လောက်ပဲဖြစ်မယ်လို့သိရပါတယ်။ အတည်ပြုလို့မရတဲ့သတင်းတွေအရ Pixel 3a မှာ Snapdragon 670 ပါဝင်ဖွယ်ရှိနေပါတယ်။
Ref: Gizchina