fbpx

This is digital planet.

GlobalizationArticlesHuawei

စမတ်ဖုန်း Photography ရဲ့ မှတ်ကျောက်ဖြစ်လာတဲ့ P40 Series ကင်မရာထူးခြားချက်များ

စမတ်ဖုန်းနဲ့ ဓာတ်ဖမ်းတာ (ဓာတ်ပုံရိုက်) ဝါသနာတစ်ခု ဒါမှမဟုတ် လူတွေရဲ့ စိတ်ထဲမှာ ဖုန်းဝယ်ရင် ကင်မရာလည်း ကောင်းမှဖြစ်မယ်ဆိုတဲ့ အတွေးမျိုး မည်သူမဆို ဖြစ်ကျမှာပါ။

တစ်ခေတ်တခါတုန်းက နည်းပညာ မတိုးတက်သေးတဲ့အချိန် ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ စိတ်ဝင်စားမှု နည်းခဲ့သလို ပြောင်းလဲလာတဲ့ ကာလအလျောက် Mobile Photography အတွေ့ကြုံသစ် ပေးလိုက်တာ HUAWEI P Series လို့ ပြောရမှာပါ။

တခြား စမတ်ဖုန်းတွေလည်း ကင်မရာ စွမ်းဆောင်ရည် ကောင်းတာမှန်ပေမယ့် P Series အသွင်ပြောင်းခဲ့တာ ကိုယ်တိုင် Pro မဟုတ်ရင်တောင် ဖုန်းကင်မရာ လုပ်ဆောင်ချက်တစ်ခုထဲနဲ့ အကောင်းဆုံးသော ရိုက်ချက်တွေ ပေးစွမ်းခဲ့ရာကနေ ကျော်ကြားလာခဲ့တယ် ဆိုရမှာပါ။

အစဥ်ဆက် DxOMark အမှတ်ပေးဇယားမှာ ထိပ်ဆုံးကပဲ နေရာယူနေသလို သုံးစွဲသူတွေ ပါးစပ်ဖျားမှာလည်း HUAWEI P Series ၊ Mate Series တွေဆိုရင် ကင်မရာကောင်းတယ်ဆိုတဲ့ Feedback မျိုးတွင်ကျန်နေတဲ့အတွက် P40 Series ရဲ့ Ground Breaking ကင်မရာ လုပ်ဆောင်ချက်၊ နည်းပညာ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အကြီးမားဆုံး CMOS Sensor အသုံးပြုထားခြင်း

စိန်တုံးတစ်တုံး အရည်သွေး ကောင်းမကောင်း အလင်းဘယ်လောက် ဖြာနိုင်သလဲ ပမာဏကို Carat နဲ့ တိုင်းသလိုပဲ ကင်မရာ Sensor တစ်ခု ဘယ်လောက် စွမ်းဆောင်နိုင်လဲ အရည်သွေးကိုတော့ အလင်းဘယ်လောက် စုပ်ယူနိုင်သလဲဆိုတဲ့ Sensor အရွယ်စား (လက်မ – Inch)နဲ့ ဆုံးဖြတ်လေ့ ရှိပါတယ်။

HUAWEI P40 Series

Camera Feature Highlight

P40 Series မှာ Ultra Vision Sensor အသုံးပြုထားပြီး စမတ်ဖုန်းတွေ အားလုံးထဲမှာ အကြီးဆုံး 1/1.28” Sensor တပ်ဆင်ထားတာပါ။ ဒီ Sensor နဲ့ ပြောင်မြောက်တဲ့ ကင်မရာ အရည်သွေးရရှိလာဖို့ Optical Design ကိုလည်း ကျကျနန ဖော်ဆောင်ထားပြီး သုံးစွဲသူတွေကို အလင်းရောင် အားနည်းနေတဲ့ အခြေနေမျိုးမှာတောင် Dynamic Range ကောင်းမွန်ပြီး Quality ပြည့်ဝတဲ့ ရလာဒ်ကို ပေးစွမ်းနိုင်တာပါ။

သူ့ထဲမှာတော့ 50MP Camera ပါဝင်ပြီး Pixel-binning နည်းပညာ အသုံးပြုထားတဲ့ Ultra Vision Sensor ဟာ 2.44μm Supersize Pixel ကို ပိုင်ဆိုင်ထားပါသေးတယ်။ စာသံ၊ ပေသံနဲ့ ပြောရင်တော့ Photoelectric Effect (ကာလာနဲ့ အလင်းရောင်) မှာ ပါဝင်တဲ့ Electron တွေကို ကောင်းစွာ စုပ်ယူနိုင်ပါတယ်။

HUAWEI P40 Series

Camera Sensors

အကျိုးဆက် အနေနဲ့ကတော့ Signal-to-noise တနည်းအားဖြင့် ပြောရရင် အလင်းရောင် အားနည်းချိန်နဲ့ အမှောင်ထဲမှာ ဓာတ်ဖမ်းတဲ့အခါ Noise Reduction ကောင်းမွန်တယ်လို့ ဆိုလိုတာပါ။ အခုလို Low-light Performance အနေထား ပြည့်ဝလာဖို့ RGGB CFA Pixel Group ထဲမှာ Green Pixels ကို Yellow Pixel နဲ့ အစားထိုးလိုက်တာလည်း ပါဝင်ပြီး အလင်းဝင်အားကို ၄၀ ရာခိုင်နှုန်း ပိုကောင်းစေတာပါ။

AF စွမ်းဆောင်ရည်အတွက် Full Pixel Octa PD Autofocus ပါဝင်လာခြင်း

50MP Ultra Vision Sensor ရဲ့ Pixel တစ်လုံးချင်းစီမှာ Dual Pixel Diode Autofocus အတွက် Photodiodes နှစ်ခုစီပါဝင်ပါတယ်။ ပုံမှန် အနေထားတိုင်းဆိုရင် 12.5MP နဲ့ ညီမျှတဲ့ ပုံရိပ်ကိုပဲ ရိုက်ကူးမှာဖြစ်ပေမယ့် 4-in-1 Pixel Binning နည်းပညာကြောင့် Pixel တစ်လုံးချင်းစီမှာ AF Photodiodes ၈ ခု စီ ပါဝင်နေမှာပါ။

HUAWEI P40 Series

Octa PD Autofocus Diagram

အခုလို Octa Autofocus ဖြစ်လာတဲ့အတွက် ညအမှောင်ထဲမှာဖြစ်ဖြစ် ရွေ့လျားနေတဲ့ Small Objects တွေ ရိုက်ကူးတဲ့အခါမျိုးမှာ Focus Speed နဲ့ Accuracy ပိုပြီး မြန်ဆန်တိကျ လာစေတာပါ။

Multi-Spectrum Colour Temperature Sensor နဲ့ AI AWB တွဲဖက် အသုံးပြုထားခြင်း

လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသလိုပဲ တချို့က အလှပ၊ ရှုခင်းဓာတ်ပုံတွေ ရိုက်ကူးတာ ဝါသနာပါပေမယ့် တချို့က Portrait အလှကို မက်မောကြပါတယ်။ ဒီလို မတူညီတဲ့ အခြေနေမျိုးမှာ အရည်သွေး တသမတ်ထဲ မဖြစ်ရလေအောင် တိကျမှန်ကန်တဲ့ Skin Tone နဲ့ Skin Texture ချောမွေ့နေစေဖို့ P40 Series တွေမှာ Multi-spectrum Colour Temperature Sensor နဲ့ AI AWB (Auto White Balance) လုပ်ဆောင်ချက် ထည့်ပေးထားပါတယ်။

HUAWEI P40 Series

Feature Showcase

ကာလာအရည်သွေး ပြည့်ဝလာစေမယ့် Colour Channel ကို ၈ ခုအထိ ထည့်သွင်းထားပြီး အရောင်တိကျမှန်ကန်မှုကို ၄၅ ရာခိုင်နှုန်း မြင့်ပေးနိုင်ပါတယ်။ Portrait Optimisation လုပ်ဆောင်ချက်အတွက် Deep Learning လုပ်ထုံးတစ်မျိုး ပါဝင်တဲ့အတွက် မျက်နှာပေါ်က Shadows Effect နဲ့ အရောင်တဖိတ်ဖိတ်ထနေမယ့် ဆံသားအလှကိုပါ ပေါ်လွင်စေမှာပါ။

XD Fusion Engine အသုံးပြုထားခြင်း

HUAWEI ရဲ့ XD Fusion Engine ဆိုတာကတော့ ဓာတ်ပုံတစ်ပုံရဲ့ Details နဲ့ Image Quality ကို ပိုကောင်းစေတဲ့ လုပ်ဆောင်ချက်တစ်မျိုး ဖြစ်ပြီးတော့ အခုလို ရလာဒ်မျိုး ထွက်လာအောင် ဖုန်းမှာပါတဲ့ ကင်မရာတွေရဲ့ ဒေတာတွေပေါင်းစပ်ပြီး Enhance လုပ်ပေးတဲ့ သဘောပါ။

အခုလို အားဖြည့် (Enhance) တဲ့နေရာမှာ Pixel-by-pixel Image Processing နည်းပညာ အသုံးပြုထားတာဖြစ်ပြီး ကင်မရာတစ်ခုချင်းစီရဲ့ Exposure ၊ Depth ၊ Facial Features ၊ Posture ၊ Skin Texture အစရှိတဲ့ ဒေတာတွေကို တစ်စုတစည်းထဲ ဖြစ်သွားစေတာပါ။

HUAWEI P40 Series

XD Fusion Engine Diagram

ဒီကမှတဆင့် NPU (Neural Processing Unit) AI ကနေ အချက်လက်တစ်ခုချင်းစီကို Processing ပြန်လုပ်ပြီး Bokeh ၊ Dynamic Range ၊ Detail နဲ့ Colour Reproduction အစရှိတဲ့ Boosting Effect ကို ပိုကောင်းသွားစေတာပါ။

Periscope SuperSensing Zoom ကဘာလဲ?

P40 Pro မှာ သုံးထားတဲ့ 5x Optical Periscope Lens ကနေ အရင်ဆုံး ပြောရရင် ဒီကောင့်ရဲ့ Telephoto Sensor မှာ 90° Angle ကနေ အလင်းပြန်နိုင်တဲ့ Prism Lens ပါရှိပါတယ်၊ ဒီကမှတဆင့် Horizontal အလင်းပြန်စေပြီး 5x Optic Zoom နဲ့ 50x Digital Zoom (Max) ကို ရရှိစေတာပါ။

HUAWEI P40 Series

Periscope Lens Illustration

ဒါ့အပြင် ပထမဆုံး RYYB (CFA) Sensor အသုံးပြုထားတဲ့ Tele-lens ဖြစ်ပြီးတော့ အပေါ်မှာ ဖော်ပြသွားခဲ့တဲ့အတိုင်း အလင်းဝင်အားကို ၄၀ ရာခိုင်နှုန်းအထိ ပိုကောင်းစေမယ့် အားသာချက်ရှိပါတယ်။

SuperZoom Array

အခုလို Periscope Sensor နဲ့ တဆက်ထဲ ပြောလို့ရတာ P40 Pro+ မှာ အသုံးပြုထားတဲ့ SuperZoom Array နည်းပညာပါ။ ဘာလို့လဲဆိုတော့ P40 Pro+ မှာ 10x Optical Zoom ရလာတာ ဒီနည်းပညာ အားသာချက်ကြောင့် ဖြစ်သလို ကင်မရာ Optical Design ပိုင်းနဲ့ Image Stabilisation အပိုင်းမှာ ပိုကောင်းသွားတာလည်း ပါဝင်ပါတယ်။

P40 Pro မှာလို Periscope Structure သုံးထားသလို Prism Lens က အလင်းပြန်အားကို အကြိမ်ရေ များများ တုံ့ပြန်နိုင်တဲ့အတွက် 240mm နဲ့ညီမျှတဲ့ Focal Length ကို ရရှိစေတာပါ။ ဒါ့အပြင် Face Super Resolution (SR) နဲ့ Text SR လုပ်ထုံးနဲ့ပါ အားဖြည့်ထားပါသေးတယ်။

HUAWEI P40 Series

More in P40 Pro+

P40 Pro+ မှာ Periscope Lens အပြင် ပါဝင်လာတဲ့ 3x Optical Tele-lens က Mid-range Zoom အတွက် အထောက်ကူ ဖြစ်စေသလို Portrait Effect ကောင်းကောင်းရိုက်နိုင်ဖို့ အသုံးတည့်စေမှာပါ။

Ultra-wide Cine Camera လုပ်ဆောင်ချက်

ဒုတိယ အရေးပါတဲ့သူ အနေနဲ့ ဖော်ပြလိုတာက P40 Pro နဲ့ Pro+ မှာသုံးထားတဲ့ Ultra-wide angle Lens ပါ။ ဒီကောင့်မှာ 1/1.54” Sensor ရှိပြီးတော့ 3:2 Aspect Ratio ထောက်ပံ့ထားတယ်၊ Low-light ဗီဒီယို ရိုက်ကူးဖို့အတွက် ISO 512,00 နဲ့ Ultra-Slow Motion အတွက် 7,680 fps နှုန်း ရိုက်ကူးနိုင်အောင် ပံ့ပိုးထားတဲ့ Sensor ဖြစ်နေတာပါ။

HUAWEI P40 Series

Ultra-wide Camera Functionality

နည်းပညာပိုင်း အနေနဲ့ SedecimPixel Fusion Technology အသုံးပြုထားပြီး 4.48μm နဲ့ညီမျှတဲ့ Binned Pixel ကို ရရှိစေပါတယ်။ အဲ့သလို Pixel Size ကြီးမားလာတဲ့အတွက် အလင်းဝင်အား ပိုကောင်းသွားစေသလို Low-light ဗီဒီယိုတွေကို Quality ကောင်းကောင်းနဲ့ ရိုက်ကူးစေနိုင်တာပါ။

Audio Zoom

ကင်မရာလုပ်ဆောင်ချက်တွေနဲ့ တဆက်ထဲ ဖော်ပြလိုတာက Audio Zoom အတွက် Omnidirectional Microphones သုံးထားတဲ့ အချက်ပါ။ စမတ်ဖုန်းရဲ့ အပေါ်၊ အောက်နဲ့ အနောက်ဘက် နေရာကနေ အသံလားရာအတိုင်း ကောင်းမွန်စွာ ဖမ်းယူပေးနိုင်တဲ့ Directional Microphones တွေက Camera Zoom လုပ်ဆောင်ချက်လို Focus ထားပြီး ဖမ်းပေးနိုင်သလို အသံ Source ကြည်လင်ပြတ်သားစေဖို့ Amplified ချဲ့ပေးနိုင်ပါတယ်။

HUAWEI P40 Series

Audio Zoom Illustration

အခုလို အသံလားရာအတိုင်း Zoom In လုပ်ပြီး သုံးတဲ့အခါ Background Noise တွေ မပါနေဖို့ Filter လုပ်ပေးနိုင်ပါတယ်။

HUAWEI P40 Series with Golden Snap

HUAWEI P40 Series နဲ့အတူ ကြေညာသွားတဲ့ Golden Snap ဆိုတာက AI လုပ်ဆောင်ချက်တစ်မျိုးပါ။ Kirin 990 5G Chipset နဲ့အတူ AI ပိုင်း အားကောင်းလာတဲ့ P40 Series မှာ အကောင်းဆုံး ရိုက်ချက် (Best Moments) ရရှိဖို့ ပါဝင်လာတဲ့ လုပ်ဆောင်ချက်ပါ။

HUAWEI P40 Series

HUAWEI Gloden Snap Feature

Golden Snap နဲ့ ရိုက်ထားတဲ့ပုံတွေကို NPU ကတဆင့် Analysis လုပ်မှာဖြစ်ပြီးတော့ Examine လုပ်တဲ့အခါ 30 Postures ၊ 90 Facial Expression Process ပါဝင်မယ်၊ အဲ့ကတဆင့် ရရှိလာတဲ့ ပုံတွေကို Gallery App ထဲမှာ အကောင်းဆုံး ရိုက်ချက်တွေကို ရွေးချယ်နိုင်စေမှာပါ။

Along with Powerful Front Cameras

P40 Series ရဲ့ ကျောဖက် ကင်မရာ လုပ်ဆောင်ချက် ပြည့်ဝသလိုပဲ ပါဝင်လာတဲ့ 32MP AI Selfie Camera ကလည်း တမူထူးခြားတဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားပါတယ်။ P40 Pro နဲ့ Pro+ မှာ IR Camera ၊ Proximity Sensor နဲ့ Ambient Sensor ပါဝင်သေးသလို သုံးစွဲသူတွေကို စုံလင်တဲ့ Feature တွေ ပေးစွမ်းထားပါတယ်။

အဲ့ဒါကတော့ Autofocus လုပ်ဆောင်ချက်နဲ့ Face Detection ပိုကောင်းလာသလို 4K UHD ဗီဒီယို ရိုက်ကူးနိုင်တယ်၊ IR Camera က ဘယ်နေရာမှာ အားသာသွားလဲဆိုရင် Pro-grade Bokeh ရိုက်တဲ့အခါမျိုးမှာ ထူးခြားသွားစေမှာပါ။

HUAWEI P40 Series

Pixel Size Comparison

အခုဖော်ပြသွားတဲ့ P40 Series ရဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်နဲ့ အားသာချက်တွေက စမတ်ဖုန်း Photography နဲ့ Videography ပိုင်း ရှေ့ပြေး နည်ပညာတွေပါ။ နောက်တစ်နည်း ပြောရရင် ကမ္ဘာတဝှမ်းက သုတေသီ၊ သိပ္ပံပညာရှင်၊ ဓာတ်ပုံဆရာနဲ့ အနုပညာတွေရဲ့ ဖန်တီးမှု လက်ရာတစ်လို့လည်း သုံးနှုန်းနိုင်သလို HUAWEI စမတ်ဖုန်းနဲ့ အရည်သွေးပြည့်ဝတဲ့ ရိုက်ချက်တွေ ရရှိစေဖို့ ကြိုးပမ်းအားထုတ်မှု ရလာဒ်လို့လည်း စကားဆိုနိုင်ပါတယ်။

(စာကြွင်း − ယခုဖော်ပြသွားတဲ့ P40 Series ရဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်နဲ့ အားသာချက်တွေက စမတ်ဖုန်း Photography နဲ့ Videography ပိုင်း ရှေ့ပြေး နည်ပညာတွေပါ။ နောက်တစ်နည်း ပြောရရင် ကမ္ဘာတဝှမ်းက သုတေသီ၊ သိပ္ပံပညာရှင်၊ ဓာတ်ပုံဆရာနဲ့ အနုပညာတွေရဲ့ ဖန်တီးမှု လက်ရာတစ်လို့လည်း သုံးနှုန်းနိုင်သလို HUAWEI စမတ်ဖုန်းနဲ့ အရည်သွေးပြည့်ဝတဲ့ ရိုက်ချက်တွေ ရရှိစေဖို့ ကြိုးပမ်းအားထုတ်မှု ရလာဒ်လို့လည်း စကားဆိုနိုင်ပါတယ်။ HUAWEI P40 Pro ကို မြန်မာနိုင်ငံမှာ Brush Gold (ရွှေရောင်) ၊ Deep Sea Blue (နက်ပြာရောင်) နှင့် Silver Frost (ငွေရောင်) တို့ဖြင့် တင်သွင်းလာမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် (1,599,000) ကျပ်ဖြင့် Pre-Order မှာယူနိုင်မှာပဲဖြစ်ပါသည်။ HUAWEI P40 Pro ဝယ်ယူသူတိုင်း လက်ဆောင်အနေဖြင့် ငွေကျပ် ၅သိန်းဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ HUAWEI x Gentle Monster Eyewear ကိုရရှိဦးမှာလည်း ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။)