fbpx

This is digital planet.

NvidiaTech News

GTX 1060 နေရာမှာအစားထိုးဖို့အတွက် GTX 1660Ti ကိုမိတ်ဆက်ပေးလိုက်တဲ့ NVIDIA

တစ်လလောက်နီးပါး Leak တွေထွက်ရှိပြီးနောက်မှာတော့ NVIDIA အနေနဲ့ $279 ရှိတဲ့ GTX 1660Ti Desktop Graphics Card ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ GTX 1660Ti ဟာဆိုရင် NVIDIA ရဲ့ နောက်ဆုံးထွက် Mid-range အမျိုးစားဖြစ်ပြီး အိုဟောင်းနေပြီးဖြစ်တဲ့ GTX 1060 6GB နေရာမှာ 1070 Performance နဲ့အစားထိုးဖို့ဖြစ်ပါတယ်။

GTX 1660Ti ကိုတော့ အရင် RTX series တွေမှာမြင်တွေ့ရတဲ့ NVIDIA ရဲ့နောက်ဆုံး Turing Architecture နဲ့တည်ဆောက်ထားပြီး RTX Series မှာပါဝင်တဲ့ Feature တွေတော့ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ Variable rate shading ကဲ့သို့ အချို့ Feature တချို့တော့ပါဝင်လာဖွယ်ရှိနေပါတယ်။

GTX 1660Ti မှာတော့ Processor အသစ် TU116 ပေါ်အခြေခံတည်ဆောင်ထားတယ်။ 12nm အမျိုးအစားဖြစ်ပြီး 24 Shader Modules နဲ့ 1536 CUDA cores တို့နဲ့ဖွဲ့စည်းထည်ဆောက်ထားတာဖြစ်ပါတယ်။ 6.6 billion Transistor ပါဝင်ပြီး GTX 1060 ထက် 50% ပိုမိုများပြားပါတယ်။ NVIDIA အနေနဲ့ 1060 ထက် အခု Graphics Card အသစ်က စွမ်းဆောင်ရည်ပိုင်း 50% လောက်ပိုမိုကောင်းမွန်လာမယ်လို့ပြောဆိုထားပါတယ်။

Initial Reviews ရဲ့အဆိုပါအရ GTX 1660Ti ဟာ GTX 1060 6GB နဲ့ Radeon RX 590 နှစ်ခုစလုံးကိုအပြတ်အသတ်သာလွန်နေပြီး GTX 1070 နဲ့ RX Vega 56 တို့နဲ့အနည်းငယ်သာလွန်နေပါတယ်။ AMD အနေနဲ့ Vega 56 ရဲ့ဈေးနှုန်းကိုလည်း ဒေါ်လာ ၂၇၉ ထိလျော့ချပေးခဲ့သေးတယ် ဒါပေမဲ့ ချက်ချင်းပျောက်ကွယ်သွားပုံရပါတယ်။

Fortnite, PUBG နဲ့ Apex Legends တို့လို Games တွေကို အလွန် ကောင်းမွန်တဲ့ 1080p 144Hz Performance နဲ့ဆော့ကစားနိုင်ပြီး အတော်အတင့်ကောင်းမွန်တဲ့ 1080p 60Hz Performance နဲ့ Metro Exodus, Resident Evil 2 နဲ့ Shadow of the Tomb Raider လို့ Game မျိူးတွေကို GTX 1660Ti မှာ အကောင်းမွန်ဆုံးဆော့ကစားနိုင်ပါတယ်။

Base Model ကိုတော့ ဒေါ်လာ ၂၇၈ (၄ သိန်း ၃ သောင်း နီးပါး) လောက်နဲ့ရောင်းချမှာဖြစ်ပြီး Fancier Over Clocked Models တွေအနေနဲ့ကတော့ ဒေါ်လာ ၃၀၀ နီးပါးလောက်ထိရှိမှာဖြစ်ပါတယ်။ ASUS, Colorful, EVGA, Gainward, Galaxy, Gigabyte, Innovision 3D, MSI, Palit, PNT နဲ့ Zotac စတဲ့ အမှတ်တံဆိပ် Motherboard တွေနဲ့အသုံးပြုလို့ရမယ်လို့သိရပါတယ်။

Ref: GSMArena