This is digital planet.

ArticlesTech News

Haptic Feedback: Vibration ထက် ပိုသော

Haptic Feedback ကို Smartphone နယ်ပယ်မှာတော့ Premium Feature တစ်ခုအဖြစ် Tech သမားတွေကတော့ ခံယူထားကြသလို Flagship Level ရောက်ဖို့ကြိုးစားနေကြတဲ့ Brand တွေအနေနဲ့လည်း သူတို့ဖုန်းတွေပေါ်က Haptic Feedback ကို အကောင်းဆုံးဖြစ််အောင် အလေးထားလာကြတယ်။ တကယ်တော့ Haptic ဆိုတဲ့အခေါ်အဝေါ်ဟာ Vibration ဆိုတာထက်် အများကြီးပိုပါတယ်။ ဒီ Article မှာတော့ Haptic Feedback နဲ့ပတ်သက်တဲ့ ဗဟုသုတတစ်ချို့အပြင် ရှေ့ကရေးခဲ့တဲ့ Neumorphic နဲ့ဆက်စပ်တွေးမိတဲ့ Idea လေးကိုပါ ထည်ရေးပေးသွားပါ့မယ်။

Photo from SlashApple

Haptic Feedback ကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရင် “အသွားအပြန်ရှိသော တုန်ခါမှု” လို့ သတ်မှတ်ရမယ်ထင်တယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့လုပ်ရပ်၊ စေခိုင်းမှုတစ်ခုခုကို ဖုန််းကနေ နားလည်ကြောင်းတုန့်ပြန်တဲ့ ဘာသာစကားတစ်ခုလိုပေါ့။ Haptic Feedback ကို သိပ္ပံနယ်ပယ်မှုတော့ ဆက်သွယ်မှုရဲ့ သင်္ကေတတစ်ခုလို့ တင်စားကြတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ အာရုံငါးပါးထဲက “အတွေ့အထိ”ဆိုတဲ့ အာရုံနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့်ပါ။ Tactile (Touch) Sensation လို့ခေါ်တဲ့ အပူ၊ အအေး၊ နာကျင်မှုကို ခံစားသိနိုင်တဲ့ ထိတွေ့မှုအာရုံမှာ တုန််ခါမှုကို အာရုံခံနိုင်ခြင်းဟာလည်း လေ့လာရင် လေ့လာသလောက် ရှုပ်ထွေးနက်နဲတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

What is haptic feedback and how will it change the way we play ...

Photo from Next-Gen

တစ်ခုခုကို ထိ၊ စမ်း၊ ကိုင်တွယ်တဲ့အခါ အဲဒီထိတွေ့တဲ့အရာကနေ ပြန်တွန်းကန်တဲ့ (Spring လို) feeling ကို လူတွေက သဘောကျကြတယ်။ ဒါကြောင့်လည်း ဟိုးဘက်ခေတ် စာရိုက်စက်၊ လက်လှည့်တယ်လီဖုန်းတို့လို ပစ္စည်းတွေကနေ ဒီဘက်ခေတ် Magnetic Keyboard နဲ့ Mouse တို့လို Tactile Sensation အသားပေးတဲ့ပစ္စည်းတွေကို လူကြိုက်များခဲ့၊ များဆဲ ဖြစ်နေတာပေါ့။ 90’s kids တွေအနေနဲ့ Haptic နဲ့ပတ်သက်ပြီး ကောင်းကောင်းရင်းနှီးကြမယ့်နည်းပညာကတော့ Sony Playstation 2 က လက်ကိုင်ဘုပါတဲ့ Controller တွေလို့ ကိုယ်တွေတော့ ယူဆတယ်။ (Nostalgic, right?) ဒါပေမယ့် Physical Button တွေအသုံးများတဲ့ Feature Phone (KeyPad) တွေကနေ Screen အပြည့်နဲ့ ခလုတ်နဲနိုင်သမျှ နဲအောင်လုပ်လာတဲ့ Smartphone တွေပေါ်မှာ Haptic Feedback ကောင်းရဖို့ဆိုတာ ပိုပြီးရှုပ်ထွေးခက်ခဲတဲ့ဖန်တီးမှုလို့တောင် ဆိုနိုင်ပါတယ်။

Haptic Feedback - sarah gamal - Medium

Photo from medium

ကိုယ်တွေအထင်တော့ အရင်က ဖုန်းတွေမှာ Vibration ထည့်ပေးတယ်ဆိုတာ အစည်းအဝေးနဲ့ ကား၊ ရထားတို့လို ပြင်ပဆူညံသံကို အနှောက်အယှက်အဖြစ် ယူဆတဲ့နေရာတွေမှာ ကိုယ့်ဖုန်းဆီ ဝင်လာမယ့် အရေးကြီး Phone call, Message စတာတွေကို မသိလိုက်မရှိရအောင် အဓိကရည်ရွယ်ခဲ့တယ်လို့ ယူဆတယ်။ ဒါပေမယ့် မတူတဲ့ Vibration frequency အမျိုးမျိုး (long and short, soft and hard, etc) ဟာ ဖုန်းပေါ်က မတူတဲ့နေရာအမျိုးမျိုးမှာ ပိုကောင်းတဲ့ user experience (အပေါ်မှာပြောခဲ့တဲ့ ဖုန်းဘာသာစကား) ကို ဖန်တီးပေးနိုင်တယ်ဆိုတာ နားလည်လာတဲ့အခါမှာတော့ Smartphone company တွေအနေနဲ့ ပိုကောင်းတဲ့ Vibration motor နဲ့ ပိုလန်းမယ့် Software tuning တွေကို ဖန်တီးလာကြပါတော့တယ်။ ထုံးစံအတိုင်း Smartphone တွေအပေါ် ဒီ Trend ကို စပြီးယူလာပေးတာက Apple လို့ ဆိုရဦးမှာပါ။

Why does Apple's 3D Touch fail miserably? | Hacker Noon

Photo from Hacker Noon

3D Forced Touch ဆိုတဲ့နာမည်ကို iPhone 6s series နဲ့အတူ ရင်းရင်းနှီးနှီးကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ လက်ရဲ့ဖိအားအနဲအများပေါ်မူတည်ပြီး Quick Shortcut တွေ သုံးနိုင်တဲ့ ဒီ feature ကို Apple အနေနဲ့ Software သက်သက်မဟုတ်် Display အောက်မှာ Touch Layer ထည့်သွင်းဖန်တီးတဲ့အထိ Apple အနေနဲ့ Serious ထားပြီး လုပ်ခဲ့တာပါ။ (နေရာအခက်အခဲနဲ့ Software-based သုံးလည်း တစ်ထပ်တည်းမဟုတ်တောင် ခပ်ဆင်ဆင်သုံးနိုင်တဲ့ Haptic feature အစားထိုးလိုက်တာကတော့ နှမြောစရာပါ) ဒါတင်မကပဲ iPhone 7 Series မှာ Apple အနေနဲ့ Physical Home Button အစား Virtual Home Key ကို တကယ့်ခလုတ်နှိပ်ရသလို Feeling မျိုးရအောင် ဖန်တီးပြီး ပြိုင်ဘက်တွေကို Haptic feedback အပေါ် အာရုံစိုက်စေခဲ့တယ်။ ခုနောက်ဆုံး Apple Watch ရဲ့ Digital Crown ဟာ Haptic Feedback ကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့ သာဓကတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

Photo from iFixit

၂၀၂၀ လို ကာလအရောက်မှာတော့ Haptic Feedback ကောင််းရဖို့နည်းပညာပိုင်းမှာ အတော်တိုးတက်လာခဲ့ပြီဆိုရမှာပါ။ အရင် iPhone model ဟောင်းတွေမှာ သုံးခဲ့ရတဲ့ Motor ဟက်ပလုပ်ကြီးတွေကနေ ခု လက်တဆစ်စာ အရွယ်နဲ့တင် Haptic ကောင်းကောင်းရနေပြီ။ Linear Resonant Actuator (LRA) လို့ခေါ်တဲ့ AC Voltage သုံး Vibration motor တွေကို Mid-range နဲ့ Killer Series တွေမှာပါ မြင်လာရပြီ။ Software ဘက်က ကြည့်ဦးမလား။ Dynamic Vibration လို့ခေါ်တဲ့ Phone Ringtone အသံအနိမ့်အမြင့်ကိုလိုက်ပြီး Vibration အနဲအများကို လိုက်ခံစားနိုင်တာ၊ Fingerprint နှိပ်တာ၊ App အဝင်အထွက်၊ နောက်ဆုံး Clock တို့ Camera တို့လို App တွေထဲက ခလုတ်နှိပ်၊ ရွှေ့တဲ့နေရာလေးတွေအဆုံး Haptic feedback နဲ့ပက်သက်လို့ အသေးစိတ်ဖန်တီးပေးမှုတွေဟာ Premium Feature တွေကို ဆာလောင် အရသာခံတတ်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မယ့် attention-to-detail feature တစ်ခု ဖြစ်လာတော့မှာပါ။

ဒါကြောင့် အရင် Article နဲ့ဆက်စပ်ပြန်တွေးရင် တစ်ဖက်မှာ အမြင်အားဖြင့် Realistic ဆန်စေမယ့် Neumorphism လို Design ပိုင်းပြောင်းလဲမှု၊ 90 to 120Hz လို User Experience ကို ပိုကောင်းစေမယ့် Display Feature စတာတွေကိုသာ လိုအပ်တဲ့ Haptic Feedback နဲ့ ချိတ်ဆက်ပေးနိုင်ခဲ့မယ်ဆိုရင် ခလုတ်မပါတဲ့ Smartphone တွေပေါ်မှာ တကယ့်ခလုတ်တွေကို မြင်ရ၊ နှိပ်ရတဲ့ Feeling မျိုးရစေနိုင်တဲ့ Next level Premium Experience ကို သေချာပေါက်ပေးစွမ်းနိုင်လိမ့်မယ်လို့ အတွေးကြွယ်နေမိပါတော့တယ်။