fbpx

This is digital planet.

SamsungTech News

Hole-punch ပုံစံအသစ်၊ ပိုမို Aggressive ဆန်တဲ့ Curved Display နဲ့ပွဲထွက်လာမဲ့ Galaxy Note 10

Samsung အနေနဲ့ပြီးခဲ့တဲ့ Galaxy S10 မှာ ဒီဇိုင်းပိုင်းကို သိသိသာသာ ပြောင်းလဲလာခဲ့ပြီး နောက်မှာတော့ နောက်ထွက်မဲ့ Galaxy Note 10 မှာလည်း ဒီဇိုင်းအသစ်ကိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။ Samsung အနေနဲ့ ပြီးခဲ့တဲ့ Galaxy Note 9 ၊ Galaxy S10 နဲ့ Galaxy S10+ တို့မှာ အလွန်ချောမွေတဲ့ ဘောင်ကွေး Display တွေကို အသုံးပြုခဲ့ပါတယ်။ Samsung အနေနဲ့ အဆိုပါ Display ကို အရင်မော်ဒယ်တွေထဲ က ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

Image result for galaxy note 10
ယုံကြည်ရတဲ့ Leaker တွေဖြစ်တဲ့ Ice Universe က Samsung Galaxy Note 10 မှာပါဝင်လာမဲ့ ဘောင်ကွေး Display ကို “more aggressively curved display than the Note 7” လို့ဖော်ပြထားပါတယ်။ Galaxy Note 7 မှာ ပုံမှန်ဘောင်ကွေး Screen ကိုပဲအသုံးပြုထားတာကြောင့် Galaxy Note 10 မှာ ပါဝင်လာမဲ့ ဘောင်ကွေး Display ဟာ ပိုကြမ်းမယ်လို့ဆိုလိုတာမျိုးဖြစ်နိုင်ပါတယ်။ အရင် ဒီဇိုင်းတွေနဲ့ နှိုင်းယှဉ်ရင် Galaxy Note 10 မှာပါဝင်မဲ့ ဒီဇိုင်းကတော့ ပိုမိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

နောက်တစ်ခုအနေနဲ့ ဒီနှစ်ထွက်ရှိခဲ့တဲ့ Galaxy S10 series မှာ ပါဝင်ခဲ့တဲ့ hole-punch နဲ့မတူတဲ့ ပုံစံနဲ့ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။ Galaxy Note 10 မှာပါဝင်လာမဲ့ hole-punch ပုံစံဟာ Galaxy S10 series ထက်ပိုမိုသေးငယ်မယ်လို့သိရပြီး ပုံမှာမြင်တွေ့ရတဲ့အတိုင်း Screen ရဲ့ အလည်တည့်တည့်မှာ သေးငယ်တဲ့ အပေါက်ကလေး တစ်ပေါက်ကိုပဲထည့်သွင်းထားမယ်လို့သိရပါတယ်။ ထိုအပေါက်ထဲမှာတော့ Selfie camera ကိုထည့်သွင်းပေးလာဖွယ်ရှိနေပါတယ်။ Galaxy Note 10 မှာတော့ model ၄ မျိုးထွက်ရှိမယ်လို့သိရပြီး Galaxy Note 10 ရဲ့ Model Number ဟာ Da Vinci လို့သတ်မှတ်ထားတယ်လို့သိရပါတယ်။

Ref: PhoneArena