This is digital planet.

HTCTech News

HTC unveiled U20 5G and Desire 20 Pro Mid-range Devices

ဇူလိုင်လထဲမှာ HTC စမတ်ဖုန်းသစ် မြင်ရနိုင်တယ်လို့ ကောလာဟလ ထွက်ထားတဲ့အတိုင်း ကုမ္ပဏီကိုယ်တိုင် အတည်ပြုပေးလိုက်ပါပြီ။ HTC U20 5G နဲ့ Desire 20 Pro မော်ဒယ်နှစ်မျိုးကို ထိုင်ဝမ်စျေးကွက် အတွင်းမှာ ရောင်းချသွားတော့မှာ ဖြစ်ပြီး ကုမ္ပဏီအဆိုရ တခြားသော စျေးကွက်အတွင်းမှာလည်း ဝယ်ယူရရှိလာမယ်လို့ ပြောဆိုထားပါတယ်။

အဆိုပါ ဖုန်း ၂ မျိုးလုံးဟာ Mid-range Device တွေဖြစ်ပြီး 5G ပါဝင်တဲ့ U20 မော်ဒယ်ဟာ ယိုင်နဲ့နေတဲ့ ကုမ္ပဏီ အခြေနေကို တဖက်တလှမ်း ကူညီပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

U20 5G

တခါက ဖော်ပြဖူးတဲ့ ဆောင်းပါးမှာလို ဝန်ထမ်းအင်အား ၅,၀၀၀ မရှိတဲ့အချိန် ထွက်ရှိလာတဲ့ စမတ်ဖုန်းဟာ 6.8” LCD Display အသုံးပြုထားပြီး Full HD Resolution နဲ့ သုံးစွဲရမှာပါ။ Punch-hole Notch နဲ့အတူ 32MP Selfie ကင်မရာ မြုပ်နှံပေးထားပြီး Fingerprint Reader ကို စမတ်ဖုန်းကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။

Rear Camera အတွက်ကိုတော့ 48MP ပါဝင်တဲ့ Primary Lens ၊ 8MP Ultra-wide Lens နဲ့ 2MP Depth ၊ Macro Lens ဆိုပြီး Quad Camera စနစ် အသုံးပြုပေးထားပါတယ်။

SoC ပိုင်းအနေနဲ့ 5G Device ဖြစ်တဲ့အပြင် Mid-range လည်း နွယ်ထားတဲ့အတွက် Snapdragon 765G ၊ 8GB RAM နဲ့ 256GB Storage တို့ ထည့်သွင်းထားပါတယ်။ 5G စမတ်ဖုန်း ဖြစ်တဲ့အတွက် 5,000 mAh Battery ပါဝင်လာပြီး mmWave (သို့) sub-6GHz ကို ထောက်ပံ့ထားမလား အသေချာတော့ မသိရသေးပါဘူး။

HTC U20 5G

Image: HTC

HTC အနေနဲ့ ကုမ္ပဏီရဲ့ ပထမဦးဆုံးသော 5G စမတ်ဖုန်းကို $640 နဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ရောင်းချသွားနိုင်ချေရှိပြီး သဘောမကျမိတဲ့အချက်က စျေးကြီးသလို ခံစားရတယ်၊ 2020 လို ယှဥ်ပြိုင်မှု အားကောင်းနေတဲ့ ကာလမှာ 765G ထက် 690 SoC အသစ်နဲ့ တမျိုးတဖုံ စျေးကစားနိုင်သလို ကုမ္ပဏီ အခြေနေကိုလည်း ထောက်ပံ့ရာ ရောက်မယ် ထင်ပါတယ်။

Desire 20 Pro

Desire 20 Pro ကတော့ ကျွန်တော်တို့တတွေ တီးမိ၊ ခေါက်မိ ရှိထားတဲ့အတိုင်း 6.5” Display ၊ Snapdragon 665 SoC ၊ 6GB RAM နဲ့ 128GB Storage တို့ သုံးစွဲထားမှာပါ။ $300 တန် ဖုန်းတလုံးအတွက် 5,000 mAh Battery ထည့်သွင်းပေးထားသလို HTC အဆိုရ အဆိုပါ Device ကို ထိုင်ဝမ်စျေးကွက်မှာ ဇွန်လ ၁၈ ရက်နေ့က စတင်ပြီး ရောင်းချသွားမှာပါ။

HTC Desire 20 Pro

Image: HTC

အခုလို ကမန်းကတန်း လုပ်လိုက်တယ် မဆိုရပေမယ့် Expected Level မရှိတာက ကျိန်းသေပါတယ်။ စာဖတ်သူတွေ သိထားတဲ့အတိုင်း HTC ဟာ တစ်ခေတ်တခါတုန်းက ကောင်းမွန်ပြီး လူကြိုက်များခဲ့တာ မှန်ပေမယ့် ၉ သိန်းဝန်းကျင်နဲ့ ၄ သိန်း ဝန်းကျင် ဖုန်းတလုံးအတွက် သုံးစွဲထားတဲ့ Specs က Consumer တွေ နှစ်သက်မယ့် အနေထား ဖြစ်မနေပါဘူး။

အထူးသဖြင့် စျေးကွက်အတွင်း စိတ်ဝင်တစား ဖြစ်နေတဲ့ Xiaomi ၊ realme တို့ရဲ့ တန်ဖိုးသင့် ဖုန်းတွေမှာ အဆိုပါ SoC တွေနဲ့ ရနိုင်သလို ပိုမိုကောင်းမွန်တဲ့ OLED Panel နဲ့ ရွေးချယ်နိုင်ဦးမှာပါ။ သို့အတွက်ကြောင့် 2018 ကတည်းက စုန်းစုန်းမြုပ်နေခဲ့ပြီး အခုချိန်ထိ နာလန်မထူနိုင်တာ မဆန်းဘူးလို့ ထင်ပါတယ်။

Source: The Verge