fbpx

This is digital planet.

HuaweiOPPOXiaomi

Huawei က June 21 မှာ Nova 5 Series ကို မိတ်ဆက်လိမ့်လို့ သတင်းတွေထွက်ပေါ်

Huawei ကို US အစိုးရနဲ့ Company တော်တော်များများ ပိတ်ဆို့မှုတွေရှိပေမဲ့ Huawei ကတော့ သူရဲ့ ဖုန်းအသစ်တွေကို ကြိုးစားထုတ်မဲ့ပုံပါပဲ။ အခုအခါ Huawei ရဲ့ Nova 5 Series နဲ့ ပက်သက်ပြီး June 21 မှာ မိတ်ဆက်လိမ့်မယ်လို့ သတင်းတွေတတ်လာပါတယ်။ Huawei အနေနဲ့ Nova 5 Series အသစ်မှာ Nova 5 ရယ် Nova 5i ရယ်ဆိုပြီး ပါဝင်မယ်လို့ Rumor တွေအရ သိရပါတယ်။ အဲ့အပြင် သတင်းတွေအရ Huawei Nova 5 Pro လည်းပါဝင်မယ်လို့ Online ပေါက်ကြားမှုတွေရှိနေပါတယ်။

Huawei Nova 5 Case Render

SlashLeaks

Huawei Nova 5 Pro နဲ့ပက်သက်ပြီး အဓိကပေါက်ကြားတာကတော့ MySmartPrice မှာဖြစ်ပါတယ်။ Rendering ပုံတွေသာမက Storage and Color တွေအပြင် Nova 5 Pro ရဲ့ Cover တွေပါ ပေါက်ကြားခဲ့ပါတယ်။ Huawei ရဲ့ Nova 5 Pro မှာ အရောင်အနေနဲ့ ၄ ရောင်ထုတ်လုပ်မှာဖြစ်ပြီး အရောင်တွေကတော့ Green, Purple, Orange နဲ့ Black တို့ပဲဖြစ်ပါတယ်။ Nova 5 နဲ့ Nova 5i တို့က Punch-hole Display နဲ့ လာနိုင်ပြီး Nova 5 Pro မှာတော့ Huawei P30 Pro လိုမျိုး Waterdrop ပုံစံနဲ့လာမှာဖြစ်ပါတယ်။

MySmartPrice

MySmartPrice

Rendering ပုံတွေအရ Nova 5 Pro ရဲ့ ကျောဘက်ခြင်းမှာဆိုရင် Camera ၃ လုံးနဲ့ LED flash ကို ထောင်လိုက်အနေအထား ဘယ်ဘက်ထောင့်မှာ အထိုင်ချထားပြီး ToF 3D Sensor ကို ဘေးမှာ ကပ်ရပ်လေးထည့်ပေးထားပါတယ်။ Fingerprint scanner ကိုကျောဘက်ခြမ်းမှာတော့ မတွေရပေမဲ့ ပေါက်ကြားတဲ့ ပုံတွေအရ Display မှာပြထားတာကိုတွေ့ရမှာပါ ဒါကြောင့် Nova 5 Pro က in-display fingerprint scanner နဲ့ လာနိုင်ချေရှိပါတယ်။

Image result for huawei nova 5 pro

Huawei အနေနဲ့ Nova 5 Pro ကို China မှာ Model နှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ဖြစ်ပြီး Storage အနေနဲ့ 128GB/256GB နှစ်မျိုးဖြစ်ပါတယ်။ SoC အနေနဲ့ကတော့ Nova 5 Pro မှာ Kirin 980 ကို အသုံးပြုမယ်လို့သိရပါတယ် ကျန် Model ၂ ခုအတွက်တော့ဘာမှမသိရသေးပါဘူး။ Nova 5 Pro မှာ 6.39-inch FHD AMOLED display ကိုအသုံးပြုထားပြီး Battery ပိုင်းအနေနဲ့ 3,500mAh ကို 40W fast charging နဲ့ လာမယ်လို့ ခန့်မှန်းရပါတယ်။ Camera ပိုင်းမှာတော့ 25-megapixel front camera နဲ့ ကျော်ဘက် Main Camera ကိုတော့ 48-megapixel Sony IMX586 Sensor ကိုအသုံးပြုသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

OS အနေနဲ့ Android ကိုသုံးမလားဆိုတာ မသိရသေးပေမဲ့ လက်တလောမှာတော့ Huawei, Xiaomi နဲ့ OPPO တို့ပူးပေါင်းပြီး Huawei ရဲ့ Ark OS(Hongmen OS) ကို အသုံးပြုစမ်းသပ်နေတယ်လို့ သိရပါတယ်။

Ref: Gizmochina