fbpx

This is digital planet.

HuaweiTech News

Huawei က Mate 30 Pro အတွက် ”Cine Lens” နဲ့ ”Camera Matrix” နည်းပညာကို EUIPO မှာ မူပိုင်ခွင့် မှတ်ပုံတင်ခဲ့

Huawei ရဲ့ နောက် Flagship ဖုန်း Mate 30 Pro အတွက် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေနိုင်ပါတယ်။ အရင်တုန်းက Flagship Series တွေမှာ Camera Technologies နဲ့ Hardware မှာ တော်တော်လေးတိုးတက်လာတယ်လို့ပြောရမှာပါ။
နောက်ဆုံးရသတင်းတွေအရဆို Mate 30 Pro က Camera Features အသစ်တွေနဲ့ လာမယ် သတင်းတွေထွက်ပေါ်နေပါတယ်။ Huawei က ”Cine-Lens (Cinema Lens)” နဲ့ “Camera Matrix” စကားလုံးနဲ့ ပက်သက်ပြီး အမျိုးသား ဥရောပဆိုင်ရာ မူပွင်ခွင့်ရုံးအဖွဲ့အစည်းတွင် မှတ်ပုံတင်ခဲ့ပါတယ်။

LETSGODIGITAL

Huawei က Smartphone Photography နဲ့ပတ်သတ်ပြီး နည်းပညာအတော်တော်လေး တိုးတက်လာတယ်လို့ပြောရမှာပါ။ အခုအသစ်ထွက်ရှိမည့် Mate 30 Pro မှာလည်း Video Record ကို ပိုပြီးတိုးတက်ဖို့ ပြုလုပ်လာနိုင်ပါတယ်။ Mate 30 Pro ရဲ့ Cameras တွေထဲက Camera တစ်ခုက Video Recording အတွက် အဓိက ပါဝင်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဖော်ပြထားတဲ့ Cine Lens Cinema photography နည်းပညာက optical lenses for recording ၊ reproduction နဲ့ processing of sound, images, and/or data စတာတွေကို လုပ်ဆောင်ပေးနိုင်မှာပါ။ Cinematic camera lens က Video Recording တွေအတွက် ပိုကောင်းတဲ့ Video Quality ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ထုံးစံအတိုင်း Leica Design ကို Lens မှာတွေ့ရနိုင်ပြီး Video ပိုင်းမှာပိုးပြီးတိုးတက်နိုင်ပါတယ်။ Huawei ရဲ့ Mate 30 Pro ရဲ့ Video Shooting က Manual Controls တွေကို အသုံးပြုနိုင်ပြီး ပိုကောင်းတဲ့ Video ကို ရိုက်နိုင်ဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။ အဲ့လိုသာဆိုရင် Camera စစ်စစ်တစ်လုံးကဲ့သို့ Function တွေကို အသုံးချနိုင်တော့မှာပါ။

LETSGODIGITAL

နောက်ထပ် တင်သွင်းချက်ကတော့ Camera ပုံစံ ပဲဖြစ်ပါတယ်။ လေးထောင့်ပုံစုံ Matrix အတွင်မှာ Cameras လေးခု သို့မဟုတ် ငါးခုထိ ပါလာနိုင်ပါတယ်။ သတင်းအတိအကျတော့မရသေးပါဘူး။ P30 Pro မှာသုံးခဲ့တဲ့ Periscope zoom camera ကိုအသုံးပြုလာနိုင်ပါတယ်။ Rumors တွေအရဆို ပိုပြီးခုံးလာမည့် *Waterfall* Display ကိုအသုံးပြုလာနိုင်ပြီး Leaked photo အရ Notch ထဲမှာ iPhone XS လို 3D facial recognition ပါဝင်လာမှာပါ။ In-display fingerprint scanner နဲ့ 4,200 mAh battery ကို 55W Super Charge support ပေးနိုင်ဖို့်ကို မျှော်လင့်လို့ရနိုင်ပါတယ်။ သတင်းတွေအရ Huawei က Smartphone Camera နည်းပညာနဲ့ပက်သက်ပြီး အပြည့်အ၀ အသုံးချနိုင်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် အသစ်ထွက်မဲ့ Mate 30 Series Camera နည်းပညာ နဲ့ပက်သက်ပြီး စိတ်ဝင်စားမှုမြင့်တတ်နေပါတယ်။

Ref: GSMARENA