fbpx

This is digital planet.

HuaweiTech News

Huawei နဲ႕ Honor ဖုန္းအခ်ဳိ႕အတြက္ Andriod 9 ပါဝင္တဲ့ EMUI 9 မၾကာခင္ထြက္ရွိလာေတာ့မည္

Zawgyi

Huawei ရဲ႕ Andriod Pie အေပၚ အေျခခံထားတဲ့ EMUI 9 ဟာ beta version ထြက္ရွိၿပီး မၾကာခင္မွာပဲ အခ်ိဳ႕ Devices ေတြအတြက္ stable update ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။

ဥေရာပ မွာရွိတဲ့ Huawei Mate 10, Mate 10 Pro, P20 နဲ႕ P20 Pro ကိုင္ေဆာင္ထားသူေတြအေနနဲ႔ အဆိုပါ Update ကိုစတင္ရရွိေနၿပီးျဖစ္ကာ Honor ဖုန္းေတြျဖစ္တဲ့ View 10, Honor 10 နဲ႕ Honor Play အတြက္လည္းထြက္ရွိထားပါတယ္။ သတင္းအခ်ိဳ႕အရ Honor View 10 အတြက္ Update ကို အိႏၵိယ မွာစတင္ရရွိေနၿပီးလို႕သိရပါတယ္။

Andriod 9 EMUI 9.0 မွာေတာ့ features အသစ္မ်ားပါဝင္လာမွာျဖစ္ၿပီး New Gesture Navigation နဲ႕ HiVision လို႕ေခၚတဲ့ Google Lens နဲ႕ဆင္တူတဲ့လုပ္ေဆာင္ခ်က္တစ္ခ်္ိဳ႕လည္းပါဝင္လာမွာျဖစ္ပါတယ္။ UI အေနနဲ႕လည္းေျပာင္းလဲသြားမယ္လို႕သိရၿပီး Systems Response Speed 25.8% တိုးတက္လာမယ္လို႕လည္းသိရပါတယ္။ မၾကာခင္ အတြင္းမွာပဲ Mate 10, Mate 10 Pro နဲ႕ Mate 20, Mate 20 Pro Honor ဖုန္းေတြျဖစ္တဲ့ Honor Play, Honor View 10, Honor 10 တို႕အတြက္ Global Stable Update ထြက္ရွိလာဖို႕ရွိေနပါတယ္။

Unicode

Huawei နဲ့ Honor ဖုန်းအချို့အတွက် Andriod 9 ပါဝင်တဲ့ EMUI 9 မကြာခင်ထွက်ရှိလာတော့မည်

Huawei ရဲ့ Andriod Pie အပေါ် အခြေခံထားတဲ့ EMUI 9 ဟာ beta version ထွက်ရှိပြီး မကြာခင်မှာပဲ အချို့ Devices တွေအတွက် stable update ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

ဥရောပ မှာရှိတဲ့ Huawei Mate 10, Mate 10 Pro, P20 နဲ့ P20 Pro ကိုင်ဆောင်ထားသူတွေအနေနဲ့ အဆိုပါ Update ကိုစတင်ရရှိနေပြီးဖြစ်ကာ Honor ဖုန်းတွေဖြစ်တဲ့ View 10, Honor 10 နဲ့ Honor Play အတွက်လည်းထွက်ရှိထားပါတယ်။ သတင်းအချို့အရ Honor View 10 အတွက် Update ကို အိန္ဒိယ မှာစတင်ရရှိနေပြီးလို့သိရပါတယ်။

Andriod 9 EMUI 9.0 မှာတော့ features အသစ်များပါဝင်လာမှာဖြစ်ပြီး New Gesture Navigation နဲ့ HiVision လို့ခေါ်တဲ့ Google Lens နဲ့ဆင်တူတဲ့လုပ်ဆောင်ချက်တစ်ချို့လည်းပါဝင်လာမှာဖြစ်ပါတယ်။ UI အနေနဲ့လည်းပြောင်းလဲသွားမယ်လို့သိရပြီး Systems Response Speed 25.8% တိုးတက်လာမယ်လို့လည်းသိရပါတယ်။ မကြာခင် အတွင်းမှာပဲ Mate 10, Mate 10 Pro နဲ့ Mate 20, Mate 20 Pro Honor ဖုန်းတွေဖြစ်တဲ့ Honor Play, Honor View 10, Honor 10 တို့အတွက် Global Stable Update ထွက်ရှိလာဖို့ရှိနေပါတယ်။

Source