fbpx

This is digital planet.

HuaweiTech News

Huawei ဖုန်းတွေမှာ Facebook သုံးလို့ရပါတယ်

အခုရက်ပိုင်းမှာ တတ်လာတဲ့သတင်းအရ လွဲမှားနေတာလေး ရှိနေပါတယ်။ လူတော်တော်များများက Huawei ဖုန်းတွေမှာ Facebook သုံးမရတော့ဘူးလို့ ထင်နေကြတယ် တစ်ကယ်က အဲ့လိုမဟုတ်ပါဘူး။ Facebook က Huawei ဖုန်းတွေကို Suspend လုပ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ Huawei ဖုန်းတွေမှာ သုံးလို့မရအောင်လုပ်ခဲ့တာမျိုးမဟုတ်ပါဘူး။

Huawei ဖုန်းတွေမှာ တစ်ချို့ Social App တွေကို Pre-Installed လုပ်ထားပြီး ထည့်ပေးထားပါတယ်။ Pre-Installed ဆိုတာက စာဖတ်သူ Huawei ဖုန်းတစ်လုံး ဝယ်လိုက်မယ်ဆိုရင် ဆိုင်မှာ Unpack မလုပ်ပဲ ကိုဘာသာ ဘူးကိုဖွင့်မယ် ဖုန်းရဲ့ Power ကိုကိုယ်တိုင် ဖွင့်လိုက်မယ်ဆိုရင် EMUI နဲ့အတူ Facebook App ကိုပါ Installed လုပ်ထားတာကိုတွေ့ရမှာပါ။ Facebook ဘက်က Suspend လုပ်တယ်ဆိုတာ Huawei ဖုန်းတွေမှာ EMUI နဲ့အတူ Facebook App ပါလာမှာမဟုတ်တော့တာကို ပြောတာဖြစ်ပါတယ်။

Image result for huawei facebook

Huawei နဲ့ Honor တို့ရဲ့ Majority ဖုန်းတွေမှာ Facebook တစ်ခုထဲမဟုတ်ပဲ Facebook မှပိုင်ဆိုင်သော Messenger, Instagram နဲ့ WhatsApp တို့လဲ Build-in App သို့ Pre-installed App အဖြစ်ပါဝင်လာတော့မှမဟုတ်ပါဘူး

ဒါက Facebook တို့ Messenger တို့ကို သုံးလို့မရတာမျိုးမဟုတ်ပဲ ကိုယ်တိုင် Install လုပ်ပြီးသုံးချင်ပါက သုံးနိုင်မှာဖြစ်ပါတယ်။ စာဖတ်သူ အဆိုပာ App တွေကို သုံးချင်ရင် Google Play Store နဲ့ Huawei ရဲ့ AppGallery ကနေ Download ဆွဲပြီးသုံးလို့ရပါတယ်။ ဒါမှမဟုတ် Facebook apk ကို Bluetooth နဲ့ အခြားဖုန်းမှ ကူးယူပြီး Install လုပ်သုံးလို့ရပါတယ်။

Google နဲ့ Huawei ရဲ့ သဘောတူညီချက်အရ Google Services တွေကို August 19th ထိ အသုံးပြုနိုင်ဖို့ တိုးမြှင့်ထားပြီး Huawei နဲ့ Google ပူးပေါင်းမှုမရှိတော့ပါက နောက်ပိုင်းမှာ Google’s apps နဲ့ services တွေက ရပ်တန့်သွားမှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အဆိုပါ App တွေကို Huawei ရဲ့ ကိုယ်ပိုင် App Store ဖြစ်တဲ့ AppGallery ကနေ Download ဆွဲပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။