fbpx

This is digital planet.

GlobalizationTech NewsXiaomi

Huawei မပါပဲ Network တွေပြန်လုပ်မယ်ဆိုရင် $1 Billion ကုန်ကျမည့် US.

တရုတ် ဆက်သွယ်ရေးပစ္စည်းတွေဟာ ဈေးသက်သာတဲ့အတွက် နိုင်ငံတကာမှာ လူကြိုက်များကြပါတယ်။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်နိုင်ငံကို နိုင်ငံအများက စိတ်ပူနေကြတဲ့အချက်ရှိပါတယ်။ အဲ့ဒါက အစိုးရကလိုအပ်၍တောင်းခံပါက အချက်အလက်များပေးရမယ်ဆိုတဲ့ ဥပဒေပါ။ ဒါကြောင့် တရုတ်အစိုးရအနေနဲ့ Huawei ကို အသုံးချပြီး Spy လုပ်နေတယ်လို့ အမေရိကန်အနေနဲ့ စွပ်စွဲပြောကြားနေတာ ကြာပါပြီ။ Huawei ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းထောက်ပံ့တဲ့ Company ဖြစ်ပါတယ် ။ အမေရိကန်အစိုးရအနေနဲ့ တရုတ်ရဲ့ ဆက်သွယ်ရေး Company ကြီးတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့ကိုလည်း Ban ထားပါတယ်။ အဓိက ကတော့ လုံခြုံရေး အကြောင်းပြချက် ကြောင့်ပါ။ အမေရိကန်ကတော့ Huawei အနေနဲ့ သူတို့ရဲ့အချက်အလက်တွေကို ဘေကျင်းဆီ တိတ်တဆိတ်လွှဲပို့နေတယ်ဆိုပြီးတော့ သံသယရှိနေတာဖြစ်ပါတယ်။

Huawei အနေနဲ့ ဒီကိစ္စကို အကြိမ်ကြိမ် ငြင်းဆိုပြီးဖြစ်သလို Spy မလုပ်ဘူးဆိုတဲ့ စာချုပ် မည်သည့်နိုင်ငံနဲ့မဆို သဘောတူလက်မှတ်ထိုးနိုင်ကြောင်းလည်း ကမ်းလှမ်းပြောဆိုပြီးဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဆက်သွယ်ရေး Company ကြီးတွေဖြစ်တဲ့ Verizon, AT&T, T-Mobile နဲ့ Sprint Company တွေဟာ Huawei ကို ဆက်လက်ပြီး ဌားရမ်းအသုံးမပြုတော့ပါဘူး။

U.S. might spend up to $1 billion to make U.S. networks 100% Huawei-free

ဒီလိုကိစ္စနဲ့ပတ်သတ်ပြီးတော့ FCC ရဲ့ ကော်မတီအဖွဲ့ဝင် Geoffrey Starks က” အမေရိကန်ရဲ့ဆက်သွယ်ရေးတစ်ခုမှာ အန္တရာယ် ရှိနေရင် အကုန်လုံးမှာ အန္တရာယ်ကျရောက်နေတာနဲ့အတူတူပါပဲ “လို့ တုံ့ပြန်ထားပါတယ်။ အမေရိကန်မှာ Huawei ရဲ့ဆက်သွယ်ရေးပစ္စည်းတွေဟာ ဈေးနှုန်းချိုသာတဲ့အတွက် အထူးသဖြင့် ကျေးလက်ဒေသတွေနဲ့ အသေးစားစီးပွားရေးသမားတွေဟာ အသုံးပြုနေကြပါတယ်။ ဒါကြောင့် ရန်ပုံငွေ ဖွဲ့ပြီး ကျေးလက်ဒေသနဲ့ ဝင်ငွေနည်းပါးတဲ့ဒေသတွေကို ဆက်သွယ်ရေး နှင့် အင်တာနက်ဆိုင်ရာတွေအတွက် ကူညီဆောင်ရွက်သွားဖို့လည်း ကြံစည်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ တကယ်လို့ Huawei နဲ့ တခြားအန္တရာယ်ရှိတဲ့ဆက်သွယ်ရေးပစ္စည်းတွေကို အမေရိကန်အနေနဲ့ ဖယ်ရှားမယ်ဆိုရင်တော့ အနည်းဆုံး 700 million ကနေ 1 billion အထိ ကျသင့်နိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

အမေရိကန်ကတော့ Huawei နဲ့ တရုတ်ရဲ့ ဆက်သွယ်ရေးပစ္စည်းတွေဟာ အမေရိကန်ကို Spy လုပ်နေပါတယ်ဆိုပြီး စွပ်စွဲနေတဲ့အပြင် တခြားနိုင်ငံတွေကိုလည်း အသုံးမပြုဖို့ တိုက်တွန်းထားတာတွေရှိပါတယ်။ အခုဆိုရင် အမေရိကန်နဲ့အတူ Japan, New Zealand နဲ့ Australia တွေကတော့ အသုံးမပြုဖို့ထုတ်ပြန်ထားပြီး အခြားနိုင်ငံတွေကလည်း ခုချိန်ထိ တရုတ်နဂါးကို ယုံရမလား လင်းယုန်တွေနဲ့အတူရပ်တည်ရမလားဆိုတာ ဆွေးနွေးတိုင်ပင်နေကြဆဲဖြစ်ပါတယ်။

Ref: PhoneArena