fbpx

This is digital planet.

HuaweiNews

HUAWEI မှ FORTUNE 500 စာရင်းတွင် အဆင့် ၁၁ ဆင့် ထပ်မံမြင့်တက်

လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စတင်ကာ အရှိန်အဟုန်မြင့်စွာဖြင့် ကောင်းမွန်သည့် ရလဒ်ကောင်းများစွာဆက်တိုက် ရရှိလျှက်ရှိသော Huawei သည် ယခုနှစ် Fortune 500 List တွင်လည်း နံပါတ် ၆၁ နေရာ သို့ ရောက်ရှိခဲ့သည်။ ၄င်းမှာ ယခင်နှစ်နှင့်ယှဉ်လျှင် အဆင့် ၁၁ ဆင့် တက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်နှင့်ယှဉ်လျှင် အဆင့် ၆၈ ဆင့် တက်သွားခြင်းဖြစ်သည်။

HUAWEI LEAPS 11 SPOTS ON 2019 FORTUNE 500 LIST

Fortune 500 စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများသည် ၄င်းတို့၏ ဝင်ငွေ နှင့် အမြတ်ဝင်ငွေများအတိုင်း အစဉ်လိုက် အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ဖော်ပြခြင်းခံရသော ကုမ္ပဏီများသည် ၄င်းတို့၏ အားသာချက် ၊ အရွယ်အစား နှင့် နိုင်ငံတစ်ကာအဆင့်မှီ ယှဉ်ပြိုင်နိုင်စွမ်း ၊ သတ်မှတ်ထားသည့် ကမ္ဘာ့စီးပွားရေး စည်းမျဉ်း စည်းဘောင်များအား ကျော်ဖြတ်နိုင်စွမ်း ၊ လူမျိုး နှင့် ကွဲပြားသည့် ယဉ်ကျေးမှုများအား တိုင်းတာရာတွင် Fortune 500 စာရင်းအား အရေးပါသည့် အညွန်းပြကိန်း တစ်ခု အဖြစ် သတ်မှတ်လာခဲ့ကြသည်။

Huawei မှ ယခုရရှိသည့် အဆင့်သတ်မှတ်ချက်သည် ဝင်ငွေပိုင်းတွင် ၂၇.၅% တိုးတက်မှု နှင့် Year-over-year အမြတ်ဝင်ငွေတွင် ၂၇.၅% ပြောင်းလဲမှုတို့အပေါ်တွင် မူတည်၍ ရရှိခဲ့သော သတ်မှတ်ချက်ဖြစ်သည်။ Huawei ၏ စွမ်းရည်သည် အမြတ်ဝင်ငွေ တစ်ခုတည်းဟူသော အကြောင်းအရင်းထက် များစွာ သာလွန်ခဲ့သည်။

Related image

Huawei Consumer Business Group ၏ CEO တစ်ဦးဖြစ်သော Richard Yu မှ “Fortune 500 စာရင်းမှာ စဉ်ဆက်မပြတ်တဲ့ တိုးတက်မှုတွေကို သယ်ဆောင်လာနိုင်တာကလည်း ကျွန်တော်တို့ရဲ့ အရေးပါတဲ့ အောင်မြင်မှုတွေ ထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို နောက်ဆုံးပေါ်နည်းပညာများကိုသာ ပေးအပ်သွားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်အား အမြဲ အကောင်အထည်ဖော်နိုင်ဖို့ R&D လုပ်ငန်းစဉ်တွေပေါ်မှာ စဉ်ဆက်မပြတ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အခုလိုမျိုး အောင်မြင်မှုတွေကို ဆက်လက် သယ်ဆောင်လာနိုင်နေတာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် Huawei မှ Brand Z ၏ Annual Top 100 Most Valuable Global Brands စာရင်း၌ Huawei P30 စမတ်ဖုန်း၏ အဆင့်မြင့်သည့် ကင်မရာ စနစ်၊ Huawei Mate X နှင့် Mate 20 X (5G) များတွင် ပါဝင်သည့် ယှဉ်ပြိုင်မှုကင်းမဲ့သည့် နည်းပညာများကြောင့် အဆင့် ၄၇ နေရာ သို့ ရောက်ရှိခဲ့သည်။

#PressReleasebyHUAWEI

Photos from HUAWEI.

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်