fbpx

This is digital planet.

HuaweiNews

Huawei မှ Mid-range ဖုန်းဖြစ်တဲ့ Huawei Nova 5i Pro မိတ်ဆက်

မနေ့က Huawei မှ Mate 30 Lite version ဖြစ်တဲ့ Nova 5i Pro ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဖုန်းရဲ့ Overall Design ပိုင်းအရ Display ဘက်ခြမ်းမှာ Nova 4 လို Punch Hole လေးနဲ့ဖြစ်ပြီး ကျောဘက်ခြမ်းမှာတော့ Huawei Mate 20 Series နဲ့ဆင်တူတာကိုတွေ့ရပါတယ်။ Display အနေနဲ့ 6.26-inch IPS LCD မှာ 2340x1080px resolution ကိုထည့်သွင်းပေးထားပါတယ်။ SoC ကို Huawei ရဲ့ ကိုယ်ပိုင် Mid Range SoC အသစ်ဖြစ်တဲ့ 7nm Kirin 810 chipset ကိုမှာ Android 9.0 Pie မောင်းနှင်ပေးထားပါတယ်။

Battery ပိုင်းမှာတော့ 4000mAh ကိုတပ်ဆင်ပေးထားပြီး 20W Wired Fast Charging စနစ်ပါတဲ့အတွက် 50% အထိကို 30 minutes အတွင်းအားဖြည့်ပေးနိုင်မှာပါ။ နောက်ဘက် Camera bump ထဲမှာတော့ ကင်မရာ ၄ လုံးထည့်သွင်းပေးထားပြီး 48MP f/1.8 Sony IMX586 Main camera ၊ 8MP Ultrawide ၊ 2MP Super Macro unit နဲ့ 2MP Depth sensor စတဲ့ Cameras လေးလုံးပါဝင်ပြီး ရှေ့ဘက် Selfie အတွက် 32MP f/2.0 Camera တစ်လုံးပါဝင်ပါတယ်။

အရောင်အနေနဲ့ သုံးမျိုးထုတ်လုပ်ထားပြီး Black, Green နဲ့ Blue တို့ပဲဖြစ်ပါတယ်။ အခြားရွေးချယ်စရာ Storage အနေနဲ့ သုံးမျိုးထုတ်လုပ်ထားပါတယ်။ RAM 6GB + Storage 128GB Unit အတွက် CNY 2,199 (Over 480,000mmk) ၊ RAM 8GB + Storage 128GB Unit အတွက် CNY 2,499 (around 550,000mmk) နဲ့ RAM 8GB + Storage 256GB Unit CNY 2,799 (Over 610,000mmk) စတဲ့ Unit သုံးမျိုးကိုရွေးချယ်ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ကိုမှာတော့ ဘယ်အချိန်မိတ်ဆက်ပြီး ဘယ်အချိန်ရောင်းချမလဲဆိုတာတော့ မသိရသေးပါဘူး။

Image result for huawei nova 5i pro

Ref: GSMArena

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ