fbpx

This is digital planet.

HuaweiTech News

Huawei မှ Y9 Prime 2019 ဖြင့် စမတ်ဖုန်းဈေးကွက်အတွင်း၌ ဆက်လက်ခရီးဆက်

Huawei Consumer Business Group မှ Android 9 အားဖြည့်ထားပြီး စစ်မှန်သည့် ဘေးဘောင်ပျောက် ဒီဇိုင်း နှင့် ပထမဆုံး Pop-Up Camera ပါသော Y9 Prime 2019 နှင့်အတူ စမတ်ဖုန်း ဈေးကွက် အတွင်း၌ ဆက်လက် ခရီးဆက်လျှက်ရှိသည်။ Huawei ၏ အဆင့်မြင့် Kirin 710F Chipset ထည့်သွင်းထားပြီး EMUI 9 Operating System ထည့်သွင်းထားသည့် Y9 Prime 2019 တွင် Android Pie အပေါ်တွင် အခြေခံထားသည့် အဆင့်မြင့် လုပ်ဆောင်ချက်များဖြစ်သော AI အထောက်အပံ့ပြု ဓာတ်ပုံရိုက်ကူးခြင်း ၊ ပိုမိုကြာမြင့်သော ဘက်ထ္ထရီ သက်တမ်း ၊ အဆင့်မြင့် graphics များ ပါဝင်လာသည်။ အဆင့်မြင့်သည့် နည်းပညာ ၊ ဆန်းသစ်လှပသည့် ဒီဇိုင်း ၊ သင့်တင့်သည့် ဈေးနှုန်း တို့နှင့်အတူ ဈေးကွက်ထဲ ဝင်ရောက်လာမည့် အဆိုပါ စမတ်ဖုန်းသည် Huawei ၏ အဆင့်မြင့်မားဆုံးသော နည်းပညာအား သုံးစွဲသူများထံသို့ ယူဆောင်လာမည်ဟူသော ခံယူချက်အား သက်သေပြလိုက်ခြင်းဖြစ်သည်။

Imageအကောင်းမွန်ဆုံးသော ကြည့်ရှုခြင်း အတွေ့အကြုံအား ပေးစွမ်းနိုင်မည့် Pop-Up Selfie Camera

Huawei Y9 Prime 2019 သည် အနောက် ကင်မရာ ၃ လုံးတွဲ ဖြင့် ဈေးနှုန်းသင့်တင့်သည့် စမတ်ဖုန်း ဈေးကွက်၏ သမာရိုးကျ စည်းမျဉ်းစည်းကမ်းများအား ဖြတ်ကျော်နိုင်ခဲ့သည့် အပြင် “Pop-Up” Front Camera ကြောင့်လည်း ကြီးမားကျယ်ပြန့်သည့် ကြည့်ရှုခြင်း အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

16 MP ရှိသည့် Pop-Up Camera အား အသုံးမပြုသည့်အခါတွင် ဖုန်းကိုယ်ထည်အတွင်း၌ ထည့်သွင်းထားနိုင်မည်ဖြစ်ပြီး ဖုန်းအသုံးပြုသည့်အခါမှသာ ဖုန်းကိုယ်ထည်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည့် အတွက် ကြီးမားကျယ်ပြန့်သည့် ကြည့်ရှုခြင်း အတွေ့အကြုံအား အချိန်ပြည့် ပေးစွမ်းနိုင်မည်ဖြစ်သည်။  ဘေးဘောင်ပျောက် ဒီဇိုင်း နှင့် Notch မပါသည့် Display ကြောင့် Huawei Y9 Prime 2019 သည် ပိုမိုကြီးမားကျယ်ပြန့်သည့် Screen-to-Body Ration အား ပေးစွမ်းနိုင်မည်ဖြစ်သည်။

အဆိုပါ Pop-Up ကင်မရာ အား မော်တာဖြင့် ဖုန်းကိုယ်ထည်အပေါ်သို့ တွန်းထုတ်စေမည်ဖြစ်ပြီး အသိဥာဏ်မြင့်မားသည့် Drop Protection Function ကြောင့် ပတ်ဝန်းကျင် အခြေအနေအား ကောင်းမွန်စွာ သိရှိစေကာ ရုတ်တရက် ပြုတ်ကျသွားသည့် အချိန်မျိုးတွင် Lens အား အလိုအလျှောက် ပြန်လည်ရုပ်သိမ်းနိုင်စေမည်ဖြစ်သည်။ Huawei Y9 Prime ၏ အရှေ့ဖက်မျက်နှာပြင်သည် 15kg အလေးချိန်ရှိသည့် ဝတ္ထုတစ်ခု၏ တိုက်ရိုက်ရိုက်နှက်မှုအား ခံနိုင်ကြောင်းအားလည်း အဆိုပါ စမ်းသပ်မှုမှ တဆင့် သိရှိနိုင်ခဲ့သည်။

6.59 လက်မ အရွယ်ရှိသည့် Full-Screen Display

စမတ်ဖုန်းအတော်အများသည် အကျယ်ပြန့်ဆုံးသော  ကြည့်ရှုခြင်း အတွေ့အကြုံအား ပေးစွမ်းနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးစားလျှက်ရှိသည်။ သို့သော် စမတ်ဖုန်းအတော်များသည် အရှေ့ကင်မရာ နှင့် အခြားသော အစိတ်အပိုင်းများကြောင့် “Notch” နှင့် “Bezel” တို့အား လုံးဝ မပါဝင်အောင် ပြုလုပ်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

Huawei Y9 Prime 2019 တွင် Pop-Up Camera ၊ Earpiece နှင့် ambient light sensor များအား 19.5:9 Screen Ratio ရရှိရန်အတွက် နေရာများ ပြန်လည် နေရာချထားခဲ့သည်။

သုံးစွဲသူများသည် ဗီဒီယိုကြည့်ရှုသည့် အချိန်တွင် ဖြစ်စေ ၊ ဂိမ်းကစားသည့် အချိန်တွင်ဖြစ်စေ 6.59 လက်မ အကျယ်ရှိသော မျက်နှာပြင်ကြောင့် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

2340×1080 Full HD Display နှင့် 391 PPI သိပ်သည်းမှု အထိရှိသည့် Pixel Density ကြောင့် Huawei Y9 Prime ၏ မျက်နှာပြင်သည် အသေးစိတ်သည့် ပုံရိပ်အရည်အသွေးအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ 85% အထိ ပိုမိုကျယ်ပြန့်သော အရောင် ရွေးချယ်မှုများကြောင့် ပိုမိုထင်ရှားသည့် texture နှင့် feature များအား ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် Huawei Y9 Prime 2019 တွင် အဆင့်မြင့် Eye Comfort Mode ပါဝင်သောကြောင့် မျက်စိအား ထိခိုက်စေနိုင်မည့် Blue Light အား စစ်ထုတ်နိုင်စေပြီး မျက်လုံးညောင်းညာခြင်း နှင့် နာကျင်ခြင်းအား ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်သည် TÜV Rheinland မှ အသိအမှတ်ပြုထားသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ပြင်းထန်သည့် photo-biological safety စမ်းသပ်ချက်များစွာ အောင်မြင်ပြီး ဖြစ်သည်။

Image result for huawei y9 prime 2019

 

ကျောဖက်ကင်မရာ ၃ လုံး ဖြင့် AI အထောက်အကူပြု ဓာတ်ပုံများ ရိုက်ကူးနိုင်

Huawei Y9 Prime 2019 ၏ အရှေ့ကင်မရာတွင် AI ပါဝင်ပြီး အပြာရောင် ကောင်းကင် ၊ သစ်ပင် ၊ အဆောက်အဦးအတွင်း နှင့် နှင်းကျခြင်း အစရှိသည့် အခြေအနေပေါင်း ၈ မျိုးအား ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ 1.0µm pixels နှင့် F/2.2 aperture ကြောင့် Portrait ဓာတ်ပုံရိုက်ကူးသည့် အခြေအနေတွင် အလင်းအနေအထား နှင့် နောက်ခံအား ကောင်းမွန်စွာ ချိန်ဆနိုင်မည်ဖြစ်ပြီး သဘာဝ နှင့် အနီးစပ်ဆုံး ဖြစ်အောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။

 အရှေ့ဖက်ကင်မရာတွင် AI Backlight Imagery Technology ၊ AI natural Facial Beautification Algorithm နှင့် 3D Portrait Lighting Effects များ ပါဝင်သည်။ Lighting and Beauty Effects များအား setting နှင့် သုံးစွဲသူ၏ အကျင့်စရိုက်များပေါ်တွင် မူတည်ပြီး ချိန်ဆပြောင်းလဲနိုင်မည်ဖြစ်သည်။

Huawei Y9 Prime 2019 တွင် 16MP + 8MP + 2MP ရှိသည့် ကျောဖက် ကင်မရာ ၃ လုံး ပါဝင်သည်။ 6P (six-lens plastic array) ဒီဇိုင်းအား အခြေပြုထားသော 16MP ရှိသည့် အဓိက ကင်မရာ ၊ 8MP ရှိသည့် ဒုတိယကင်မရာ များကြောင့် တိကျပြီး ကြည်လင်ပြတ်သားသော ပုံရိပ်များအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

16MP Camera တွင် ပါဝင်သည့် F/1.8 aperture ကြောင့် အလင်းအား ၅၀% ရာခိုင်နှုန်း ပိုမိုဖမ်းယူနိုင်မည်ဖြစ်သည်။ ထို့အပြင် သာမန် ဈေးနှုန်းသင်တင့်သည့် ဖုန်းများတွင် ပါဝင်လေ့မရှိသည့် 8MP Sensor ပါဝင်ပြီး 120° wide-angle ရိုက်ကူးစေနိုင်မည့် ကင်မရာလည်း ပါဝင်ပြီး ကျယ်ပြန့်သည့် ရှုခင်း နှင့် ခမ်းနားလှပသည့် မိုးကုတ်စက်ဝိုင်းများအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

ထို့အပြင် 2MP Sensor သည် အဓိက ကင်မရာ နှင့် အတူ တစ်ပြိုင်နက်တည်း လုပ်ဆောင်စေပြီး SLR အရည်အသွေးရှိ ပုံရိပ်များအား လက်ဖဝါးတစ်ခုစာသာ ရှိသည့် စမတ်ဖုန်းမှ တစ်ဆင့် ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Night Mode နှင့် 480 FPS Super Slow Motion Video များကြောင့် ပရော်ဖက်ရှင်နယ်ဆန်သည့် လုပ်ဆောင်ချက်များအား အသုံးပြုစေနိုင်မည်ဖြစ်သည်။

အင်အားကြီးမားသည့် လုပ်ဆောင်ချက် နှင့် အထိရောက်ဆုံးသော စွမ်းအင် သုံးစွဲမှု

Huawei Y9 Prime 2019 တွင် 12nm Process Kirin 710F Chipset ပါဝင်ပြီး အဆင့်မြင့်မားသည့် လုပ်ဆောင်ချက် နှင့် အထိရောက်ဆုံးသော စွမ်းအင် သုံးစွဲမှုအတွက် Eight-Core Architecture အား အခြေခံကာ တည်ဆောက်ထားသည်။

ယခင်မိတ်ဆက်ခဲ့သည့် ဖုန်းအမျိုးအစားများ နှင့် ယှဉ်လျှင် 75% အထိ ပိုမိုကောင်းမွန်လာသော CPU Performance ၊ 68% ပိုမိုမြှင့်တတ်လာသော Multi-Thread Performance နှင့် နှစ်ဆပိုမိုသော GPU စွမ်းအင်ထိရောက်မှု တို့ကို ယခု Y9 Prime 2019 မှ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လုပ်ဆောင်ချက်ပိုင်းတွင် ၃၀ ရာခိုင်နှုန်း အထိ တိုးမြင့်လာနိုင်ပြီး စွမ်းအင် သုံးစွဲမှုအား ၃၀% လျှော့ချပေးနိုင်မည်ဖြစ်သည်။ 4,000 mAH ရှိသည့် ဘက်ထ္ထရီ နှင့် Kirin 710F chipset ကြောင့် အင်အားကြီးမားသည့် လုပ်ဆောင်ချက်များအား အခက်အခဲမရှိ အသုံးပြုစေနိုင်မည်ဖြစ်သည်။

EMUI 9 Operating System တွင် အဆင့်မြင့်မားသည့် F2FS 2.0 နှင့် EROFS နည်းပညာများ ပါဝင်သောကြောင့် cache နှင့် fragment များအား ဖုန်းစနစ်အတွင်း ဖယ်ရှားစေခြင်းဖြင့် ဖုန်းအား အချိန်ကြာမြင့်စွာ သုံးစွဲသည့်တိုင်အောင် lag အနည်းဆုံး ဖြစ်စေနိုင်မည်ဖြစ်သည်။

Huawei Y9 Prime 2019 အား ဇွန်လ ၁၅ ရက်နေ့ မှ ဇွန်လ ၂၉ ရက်နေ့အထိ မှာ မြန်မာငွေကျပ် ၃၃၉,၀၀၀ ဖြင့် Pre-Order စနစ်မှ တဆင့် စတင်မှာယူနိုင်မည် ဖြစ်သည်။ အရောင်အားဖြင့် Sapphire Blue, Emerald Green နှင့် Midnight Black ဟူပြီး အရောင် ၃ ရောင်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး Pre-Order Period အတွင်း ဖုန်းမှာယူသူများအတွက် HUAWEI Band 3e အား လက်ဆောင် ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။

Press Release by Huawei.