fbpx

This is digital planet.

HuaweiLaptopTech News

HUAWEI မှ HUAWEI MateBook 13 ကို မြန်မာနိုင်ငံဈေးကွက်တွင် ဖြန့်ချီရောင်းချတော့မည်

မိုဘိုင်းဖုန်း နှင့် နည်းပညာထိပ်သီး ကုမ္ပဏီကြီးတစ်ခုဖြစ်သော Huawei အနေနှင့် တစ်ကိုယ်ရည်သုံး ကွန်ပြူတာ (PC) ပိုင်းတွင်လည်း တိုးတက်ပြောင်းလဲမှုတစ်ခုကို ယူဆောင်လာခဲ့ပြီဖြစ်ပါသည်။ Flagship Series တွင် HUAWEI MateBook X နှင့် HUAWEI MateBook X Pro ကဲ့သို့ ထိပ်သီးစွမ်းဆောင်ရည်ရှိသည့် Matebook များ၊ ဘက်စုံအသုံးပြုနိုင်မည့် HUAWEI Matebook D ကဲ့သို့အမျိုးအစားများ၊ တီထွင်ဆန်းသစ်မှုများကို အသားပေးထားသည့် HUAWEI MateBook E စသည့် အမျိုးအစားများဖြင့် ကမ္ဘာ့ FullView ultra-books အမျိုးအစားများတွင် နာမည်တစ်လုံးအခိုင်အမာ ရရှိခဲ့ပြီး ဖြစ်ပါသည်။ ယနေ့မှစ၍ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချမည့် HUAWEI MateBook 13 အမျိုးအစားသည် HUAWEI မှ ထုတ်လုပ်ပြီးကမ္ဘာ့ဈေးကွက်တွင် ရေပန်းစားကျော်ကြားနေသည့် Matebook Series များ အကြား ပထမဦးဆုံး ၁၃လက်မ ultra-portable အမျိုးအစား တစ်ကိုယ်ရည်သုံး ကွန်ပြူတာ အမျိုးအစားဖြစ်ပါသည်။

Related image

လူငယ် အတတ်ပညာရှင်များအတွက် အဓိကရည်ရွယ်ထားသော်ငြား HUAWEI ၏ တီထွင်ဖန်တီးမှုများနှင့် နောက်ဆုံးပေါ်နည်းပညာများကို ပေါင်းစပ်အသုံးချ ထုတ်လုပ်ထားခြင်းကြောင့် မည်သူမဆို ကောင်းမွန်စွာ အသုံးပြုနိုင်မည့် အတွေ့အကြုံသစ်ကိုလည်း ရရှိစေမှာ ဖြစ်ပါသည်။ HUAWEI MateBook Series များကို ကမ္ဘာ့ဈေးကွက်တွင် နာမည်တစ်လုံးရရှိလာခဲ့စေသည့် HUAWEI FullView display နည်းပညာ၊ သေသပ်ကျစ်လစ်လှပပြီး သယ်ဆောင်ရလွယ်ကူပေါ့ပါးစေသည့် ဒီဇိုင်းနှင့် ထိပ်တန်းအဆင့် Build quality က HUAWEI MateBook 13 ကို သမာရိုးကျ Notebook များနှင့်မတူ ကွဲပြားခြားနားစေသည့် စံနှုန်းအသစ်တစ်ခုဖြစ်ပေါ်စေမှာပဲဖြစ်ပါသည်။ ထို့အပြင် HUAWEI MateBook 13 သည် စမတ်ဖုန်းနှင့် တစ်ကိုယ်ရည်သုံးကွန်ပြူတာအကြား ချိတ်ဆက်မှုအတွက် အတွေ့အကြုံသစ်ကို အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် ယူဆောင်လာမှာပဲဖြစ်ပါသည်။

Related image

HUAWEI MateBook Series များသည် HUAWEI ၏ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ တီထွင်ဆန်းသစ်ဖန်တီးနိုင်မှုတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုနှင့် ထုတ်ကုန်များ၏အရည်အသွေးကို အကောင်းဆုံးဖန်တီးထုတ်လုပ်မှုတို့ နှစ်ခုကို ပေါင်းစပ်ဖန်တီးထားသော ပြယုဒ်တစ်ခုဖြစ်ပါသည်။ ယခု HUAWEI MateBook 13 တွင် ဖွဲ့စည်းပုံအားဖြင့် နာမည်ကျော် HUAWEI MateBook ဒီဇိုင်းပိုင်းနှင့် HUAWEI FullView display တို့ဖြင့် တည်ဆောက်ထားပြီး 8th Generation Intel® Core™ i5  processor and a NVIDIA® GeForce® MX 250 တို့ဖြင့် အားဖြည့်တပ်ဆင်ထားပါသည်။ အအေးပေးစနစ်ပိုင်းအတွက် HUAWEI MateBook 13 တွင် ဆူညံသံနည်းပါးစေပြီး စွမ်းဆောင်ရည်ကောင်းမွန်သည့် ငါးမန်းတောင်ပုံစံ အအေးပေးပန်ကာ ကိုလည်းတပ်ဆင်ပေးထားပါသည်။

Related image

နေ့စဉ်အသုံးပြုမှု အမြင်အတွေ့အကြုံအတွက် HUAWEI MateBook 13 တွင် Screen-to-body ratio ၈၈% အထိရရှိစေမည့် 3:2 HUAWEI FullView Display ကိုအသုံးပြူထားပါသည်။ ယခုကဲ့သို့ ကျစ်လစ်သေသပ်သည့် ဒီဇိုင်းပိုင်းနှင့် နေ့စဉ်အသုံးပြုျမှုပိုင်းအတွက် အကောင်းဆုံးအနေအထားတစ်ခုတွင် ရှိနေမည့် HUAWEI MateBook 13 သည် စွမ်းဆောင်ရည်နှင့် တိုးတက်မှုအတွက် နေ့စဉ်နှင့်အမျှရုန်းကန်လှုပ်ရှားနေကြသည့် လူငယ် အသိပညာရှင်၊အတတ်ပညာရှင်များကြားတွင် ရေပန်းစားလာဦးမည့် HUAWEI ထုတ်ကုန်တစ်ခုဖြစ်လာဦးမည်ဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံတကာတွင် ရေပန်းစားနေသည့် Matebook 13 အား မြန်မာပြည်ဈေးကွက်ထဲတွင် ယခုနှစ် ဇန်နဝါလ ၁ ရက်နေ့မှ စတင်ကာ ပြည်တွင်းဈေးကွက်ထဲတွင် ဒေါ်လာ ၇၉၉ နှင့် ညီမျှသည့် မြန်မာငွေကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Press released by HUAWEI.