fbpx

This is digital planet.

HuaweiTech News

Huawei မှ Mate 30 flagship ဖုန်းကို မိတ်ဆက်

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က Huawei ရဲ့ Mate 30 Series နဲ့ပက်သက်ပြီး Photographs တွေ Renders ချထားတဲ့ ပုံတွေ Hands-on Video တွေကို ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်။ Google နဲ့အဆင်မပြေမှုတွေရှိနေတဲ့ Huawei ရဲ့ ဒုတိယမြောက် Flagship ဖုန်းကို Huawei အနေနဲ့ ဘယ်လိုပြုပြင်ပြီး အကောင်းဆုံးလုပ်မလဲဆိုတာကို ကျွန်တော်တို့ Tech သမားတော်တော်များများ စိတ်၀င်စားမိပါတယ်။ ဒီနေ့မှာတော့ Huawei က ၄င်းတို့ရဲ့ Mate 30 Series နဲ့ပက်သက်ပြီး အကောင်းဆုံးလုပ်ပြထား မိတ်ဆက်ထားတာကို တွေ့ရမှာပါ။

P9 က စလို့ Lecia နဲ့ပူးပေါင်းပြီး Premium Level တစ်ခုကို ခုန်တက်ခါ ဓာတ်ပုံဆရာတွေ Smartphone Crazy တွေရဲ့ ရင်ထဲကို တစ်ဖြည်းဖြည်းနေရာယူလာတာကို အားလုံး သတိပြုမယ်ထင်ပါတယ်။ ဆိုတော့ Google ရဲ့ Service မပါပဲ Huawei Flagship Android ဖုန်းကို ဘယ်လိုလုပ်ပြထားလည်းဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်…

အရင်ဦးဆုံး Huawei ရဲ့ Signature ဖြစ်တဲ့ Camera ပိုင်းကနေစလိုက်ရအောင်

Huawei Mate 30 Pro

2019 ခုနှစ်အတွက် စျေးအကြီးဆုံး Camera Hardware ကို Huawei Mate 30 Pro မှာ တပ်ဆင်ထားပါတယ်။ P30 Pro မှာ အသုံးပြုထားတဲ့ 40MP Super Sensing Lens, 40MP Ultra Wide Lens (Huawei ကတော့ Cine Camera လို့အမည်ပေးထားပါတယ်) ဒီ 40MP Lens ၂ ခုစလုံးက 3D ToF sensor ကို အသုံးပြုပြီး Video မှာ Bokeh effect နဲ့ရိုက်ကူးလို့ရပါတယ်။

တတိယမြောက် Lens မှာ အပြောင်းအလဲရှိပါတယ် 8MP Tele Lens ဆိုပေမဲ့လည်း 3x Optical Zoom နဲ့ 5x Optical Hybird Zoom ပဲ ရမှာဖြစ်ပါတယ်။ အရင် P30 Series နဲ့ယှဥ်မယ်ဆိုရင်တော့ နည်းသွားတယ်လို့ပြောရမှာပါ ဘာလို့လဲမသိ နေရာအထားအသိုကြောင့်လို့ တွေးမိပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ Mate 30 Pro ရဲ့ Tele Lens က P30 Pro လို့ Periscope Lens မဟုတ်ခဲ့ပါဘူး။ Focal Length အရ P30 Pro နဲ့ယှဥ်ရင် နည်းသွားတယ်ဆိုပေမဲ့ Flagship ဖုန်းတွေထဲမှာ Zoom ကောင်းတဲ့ဖုန်း စာရင်းတော့ ၀င်ပါသေးတယ်။ အလွယ်ပြောရရင် Mate 20 Pro မှာ သုံးထားတဲ့ Lens ပါပဲ။ ကျွန်တော့် Personal အမြင်အရ Google Service ရသေးတဲ့ P30 Pro ကို Zoom Features ပိုင်းရှေ့တင်ထားပြီး ရောင်းအားထိန်းထားချင်လို့ပဲ နေမယ်။

နောက်ဆုံးတစ်ခုကတော့ 3D ToF ပါ။ ဖုန်းရဲ့ ကျောဘက်ခြမ်း ညာဘက်က ထက်အောက် Lens ၂ လုံးမှာ Main Lens နဲ့ Ultra Wide Lens ကနေရာယူထားပါတယ်။ အဲ့ Lens ၂ ခုလုံးကတော့ Optical Image Stabilization ပါ၀င်ပါတယ်။ Main Lens က Sensor Size 1/1.7″ ရှိပြီး Aperture ကတော့ f/1.6 ဖြစ်ပါတယ်။ Cine Camera လို့ခေါ်တဲ့ Ultra wide Movie camera မှာ 1/1.54″ Sensor နဲ့ f/1.8 Aperture ပါရှိပါတယ်။

Video recording မှာလည်း အထင်ကြီးစရာပါ။ Huawei ဖုန်းတွေအတွက် ပထမဆုံး 4K 60fps နဲ့ရိုက်ကူးနိုင်ပြီး Frame Rates ဟာလည်း Slow-motion mode မှာ ပိုမြင့်လာပါတယ်။ 720p Super Slow-motion video ကို 7,680fps မှာရိုက်နိုင်ပါတယ်။ စာဖတ်သူ မျက်လုံးမမှားပါဘူး တစ်ကယ် 7,680fps နဲ့ Super Slo-Mode ကိုရိုက်ကူးနိုင်ပါတယ်။ ဒါက လက်ရှိ Smartphone Camera ထဲမှာ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ Sony က စလို့ Super Slo-mo ဖြစ်လာပေမဲ့ Huawei က ကျော်တတ်သွားပြီလို့ ပြောရမှာပါ။ 1080p Slo-mo ကို 960fps နဲ့ရိုက်လို့ရမရတော့ မသိသေးပါဘူး။ HDR+ colors တွေနဲ့အတူ 4K time lapse ကိုရိုက်ကြည့်လို့ရတာကလည်း ပျော်ဖို့ကောင်းမှာပါ။ Low Light video ရိုက်ဖို့ Video Camera မှာ ISO 52,000 အထိရလာမှာပါ။

32MP Selfie camera ဟာ Notch ထဲမှာ 3D scanning hardware အသစ်နဲ့အတူ ပါ၀င်လာပါတယ်။ လက်လှုပ်ရှားတဲ့အနေအထားကို မှတ်သားပေးမယ့် Dedicated Sensor ပါ၀င်ပြီး အဲ့တာက Huawei ရဲ့ in-house Da Vinci NPU နဲ့ ပေါင်းစပ်အလုပ်လုပ်နိုင်ပါတယ်(ကဲ Magic Wand လိုသေးလား :P Google: I’m watching you Huawei) Huawei ကတော့ Google Pixel 4 XL မှာ ပါ၀င်လာမယ့် Hand Gestures ကိုမှတ်သားပေးမယ့် Sensor ကို မွှေလိုက်ပြန်ပါပြီ။

Kirin 990 Chipset အကြောင်းပြောရမယ်ဆိုရင် Apple ရဲ့ A13 Chip လိုပဲ 7nm+ EUV Process နဲ့တည်ဆောက်ထားပြီး GPU Turbo ကို Upgrade လုပ်ထားတဲ့ Mali-G76 MP16 GPU ပါ၀င်ထားပါတယ်။ Chipset ကိုအပူကနေဖယ်ပေးပြီး အေးစေမယ့် Graphene film ပါ၀င်ထားပါတယ်။

Huawei Mate 30 Pro မှာ 88 Degree ထိခုံးတဲ့ 6.53”Flex OLED display ပါရှိထားပြီး Huawei က အဲ့ Display ကို ”Horizon Display” လို့ခေါ်ထားပါတယ်။ 1,176 x 2,400px Super high resolution ကိုသုံးထားပြီး DCI-P3 HDR Color gamut အပြည့်အစုံပါ၀င်ထားပါတယ်။ HDR10+ ပါရင်ပိုကောင်းမယ် မျက်လုံးကို ထိခိုက်နိုင်တဲ့ Blue Light ကနေ 25 % လျော့သွာမယ့် Anti Blue Light ကောပါ၀င်ထားပါတယ်။ Display မှာ Always On Mode ပါ၀င်လာပြီး M-Pen stylus ကို Support ထားပါတယ်။ (which can sense 4,096 levels of pressure). Pen က Note 10+ ကို Beat ဖို့လားမသိ :P

Display ဟာ ဖုန်းနဲ့ဘေးဘက်ထိ ဖုံးနေတဲ့အတွက် Power Key က လွဲလို့ Volume Keys တွေမပါ၀င်ပါဘူး အဲ့အစား Huawei က Display ကိုထိပြီး Volume အတိုးအလျော့ လုပ်လို့ရမဲ့ Virtual Key တွေထည့်ပေးထားပါတယ်။ Virtual Key တွေကနေတစ်ဆင့် Camera မှာ Shutter key အနေနဲ့ လုပ်ဆောင်ပေးနိုင်ဦးမှာပါ။ အဲ့အချက်ကတော့ ဓာတ်ဆရာတွေအကြိုက်ဖြစ်မှာပါ။

Mate 30 Phones နှစ်လုံးစလုံးမှာ Android 10 ကိုအ‌‌ခြေခံထားတဲ့ EMUI10 ကိုသုံးထားပါတယ်။
Google Play Services အခြေအနေတွေကတော့ ခုထိမရှင်းသေးပါဘူး။ သေချာပေါက်လည်းမပါဘူးထင်ပါတယ်။

Huawei ဟာ သူတို့ရဲ့ Wireless charging technology ကိုမြင့်တင်ထားပြီး Mate 30 Pro ရဲ့ 4500 mAh Battery မှာ 27 W wireless charging technology ကို Support ထားပါတယ်။ Wired charging မှာ 40W ကို Support ထားပါတယ်။ အဲ့တာက Samsung ရဲ့ 25W Charger နဲ့ Apple ရဲ့ 18W နဲ့ယှဉ်ရင် အမြန်ဆုံးလို့ဆိုရမှာပါ။

Connectivity မှာ Antennas စုစုပေါင်း 21 ခုပါ၀င်ပြီး 5G Antennas 14 ခုပါ၀င်ထားတဲ့အတွက် အတိုးတက်ဆုံး 5G Antenna Design ရှိတယ်လို့ Huawei ကဆိုထားပါတယ်။ Samsung Galaxy Note10+ 5G ယှဥ်ပြောတာတော့ 5G Antenna 3 ခုပဲရှိပါတယ်။

Huawei Mate 30 Pro မှာ 8GB of RAM ၊ 128GB နဲ့ 256GB storage နှစ်ခုကြား ‌ရွေးချယ်၀ယ်ယူနိုင်မှာပါ။ 256GB အထိ Nano SD Card ထပ်စိုက်နိုင်မယ့် NM card slot ပါထားပါတယ်။ အရောင်အနေနဲ့ Black, Space Silver, Cosmic Purple နဲ့ Emerald Green ဆိုပြီး လေးရောင်ရရှိမှာဖြစ်ပြီး Special edition အနေနဲ့ Orange Vegan leather နဲ့ Green vegan leather ဆိုပြီး အရောင်နှစ်ရောင်ပထပ်ပြီး ရရှိလာမှာပါ။ ဖုန်းဟာ IP68 Water Resistant ဖြစ်ပါတယ်။

Huawei Mate 30 Pro (4G model) 8GB of RAM ၊ 256GB storage version ဟာ Euro 1100 (19 သိန်းနီးပါး) ကျသင့်ပြီး Mate 30 Pro 5G 8GB of RAM ၊ 256GB storage version ကတော့ Euro 1200 (သိန်း 20 ကျော်) ကျသင့်မှာပဲဖြစ်ပါတယ်။ Huawei အနေနဲ့ အဲ့ဖုန်းတွေကို ဘယ် အချိန်နဲ့ ဘယ်နေရာမှာ ၀ယ်လို့ရမယ့် အကြောင်းကိုတော့ ဖော်ပြသွားခြင်းမရှိပါဘူး။

Huawei Mate 30

Huawei Mate 30 မှာတော့ Mate 30 Pro နဲ့ ယှဥ်ရင် နေရာတော်တော်များများ မှာ Weight လျော့ထားပါတယ်။ Display ပိုင်းမှာဆိုရင် OLED Panel ကိုသုံးထားပါတယ်။ 6.62” ရှိပြီး 1,080 x 2,340px resolution ပါထားပါတယ်။ Mate 30 Pro လို HDR10 နဲ့ DCI-P3 ကို Support ထားပါတယ်။ Screen ဟာ Mate 30 Pro လိုမဟုတ်တော့ဘဲ ပြားပြီး Notch ကသေးသွားပါတယ်။ Mate 30 Phones နှစ်လုံးစလုံးမှာ in-display fingerprint reader ပါ၀င်ထားပါတယ်။

Rear camera မှာ 1/1.7″ 40MP sensor (RYYB color filter ၊ f/1.8 aperture) ကို ဆက်သုံးထားပါတယ်။ 3x optical နဲ့ 5x hybrid zoom ပါ၀င်တဲ့ 8MP telephoto camera ကိုသုံးထားပြီး Sensor နှစ်ခုစလုံးမှာ OIS ပါရှိပါတယ်။ Ultrawide Camera မှာတော့ Mate 30 Pro လိုမဟုတ်တော့ဘဲ 16MP sensor (f/2.2) ကိုသာသုံးထားပါတယ်။ Selfie cam မှာတော့ 24MP sensor ပါရှိပါတယ်။

ဖုန်းမှာ Krirn 990 ကိုဆက်သုံးထားပေမယ့် 4G Version ပဲရလာမှာပါ။ အဲ့ Chipset ဟာ 7nm process မှာတည်ဆောက်ထားပြီး Kirin 990 5G ထက် Medium cores တွေမှာ အနည်းငယ်လျော့သွားပါတယ်။ NPU မှာလည်း Core အကြီး နှစ်ခုရှိရမယ့် နေရာမှာ တစ်ခုသာရှိတော့ပါတယ်။

4,200mAh Battery ကိုသုံးထားပြီး 27W wireless နဲ့ 40W wired charging နှစ်ခုစလုံးကို support ထားပါတယ်။ Mate 30 ဟာ IP53 (Splash proof) ပဲဖြစ်ပါတယ်။ Huawei Mate 30 8GB RAM ၊128GB Storage ဟာ Euro 800 (14 သိန်းနီးပါး) ကျသင့်မှာပဲဖြစ်ပါတယ်။

Huawei Mobile Services နဲ့ AppGallery

Huawei Mobile Services ဟာ fully open source ဖြစ်ပြီး Google Play Services ကိုင်တွယ်သလို basic functionality ပေးနိုင်မှာပါ။ Company ဟာ Project ကိုတိုးလာစေဖို့ 1 billion ကိုရင်းနှီးမြှုပ်နှံ‌ဖို့ ထောက်ပံထားပါတယ်။

Huawei ရဲ့ App Gallery ကနေ Users တွေအနေနဲ့ Software တွေကို Download ပြုလုပ်နိုင်မှာပါ။
အခု App Gallery မှာ လစဉ် 390 million active users တွေရှိနေပြီး အရင်နှစ်တုန်းက 180 billion downloads အရေအတွက်ရှိခဲ့ပါတယ်။

Ref: GSMArena & The Verge
Photos: Internet