fbpx

This is digital planet.

HuaweiTech News

Huawei ရဲ့ FreeLace Wireless Headphones အတွက် အရောင်သစ်နှစ်မျိုးထွက်ရှိလာ

March လတုန်းက P30 မိတ်ဆက်ပွဲမှာ FreeLace Bluetooth headset နဲ့ Freebud Lite ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိ Vmall မှာ အရောင်နှစ်ရောင်ပဲရှိသေးတဲ့အတွက် အခု Midsummer Purple နဲ့ Emerald Green ဆိုပြီး အရောင်အသစ်နှစ်ရောင်ကို ရွေးချယ်နိုင်တော့မှာပါ။ Midsummer Purple အတွက် Nova logo ကိုထည့်ပေးထားပါတယ်။ Huawei ရဲ့ E-commerce platform ဖြစ်တဲ့ Vmall မှာ Yaun 499 (မြန်မာငွေ တစ်သိန်းကျော်) နဲ့ Pre order တင်လို့ရနေပါပြီ။

Huawei FreeLad Wireless Headphones
FreeLace headset ဟာ အားကစားလုပ်နေတုန်း သီချင်းနားထောင်တာကိုကြိုက်တဲ့ အားကစားသမားတွေအတွက် ပိုပြီးအဆင်ပြေမှာပါ။ လည်ပင်းနောက်ဘက်ကိုပတ်ထားတဲ့ပုံစံဖြစ်တဲ့အတွက် ပြေးနေတဲ့အခါမှာ အလွယ်တကူပြုတ်ကျတာမျိုးမရှိတော့ပါဘူး။ နားကြပ်တစ်ခုဆီမှာ သံလိုက်ပါဝင်နေတဲ့အတွက် Earbud နှစ်ခုစလုံးကို အတူတူကပ်ထားလို့ရမှာပါ။ အဲ့ဒီသံလိုက်က Earbud နှစ်ခုကပ်ထားနေတုန်းဖုန်းလာနေရင် ကပ်ထားတာကို ခွာလိုက်ပြီး နားမှာတပ်လိုက်တာနဲ့ ဖုန်းကိုင်ပြီးသားဖြစ်သွားမှာပါ။

ဖုန်းချမယ်ဆိုရရင် နားကနေ Earbud ကိုဖြုတ်ပြီး ပြန်ကပ်လိုက်တာနဲ့ ဖုန်းချ တာတွေကို လုပ်လိုရမှာပါ။ သီချင်းအပိတ်/အဖွင့်ကိုလည်း နားထောင်မယ်ဆို Earbud ကိုတပ်လိုက်ပြီး နားမထောင်တော့ဘူးဆို Earbud ကိုဖြုတ်လိုက်ရင်ရပါပြီ။ ကြိုးတွေက Antitangle ဖြစ်တဲ့အတွက် လိမ်တာခေါက်တာတွေအလွယ်တကူမဖြစ်နိုင်တော့ပါဘူး။ Fast Charging ရတဲ့ USB-C port ကိုသုံးပေးထားပါတယ်။ Battery ပိုင်းမှာ ၅ မိနစ်အားသွင်းတာနဲ့ ၄ နာရီထိ သီချင်းနားထောင်လို့ရမှာပါ။ အားအပြည့်သွင်းထားရင် ၁၈ နာရီထိ သီချင်းတွေကိုနားထောင်လို့ရနိုင်မှာပါ။ Bluetooth ကိုအသုံးပြုပြီး Wireless အနေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Huawei FreeLace earphones

Sound Quality အနေနဲ့ကတော့ 9.2mm titanium-plated driver ကိုသုံးပေးထားတဲ့အတွက် ကောင်းတဲ့အနေအထားမှာရှိပါတယ်။ ဟိုနေ့ကရေးထားတဲ့ထဲမှာ Earphone တွေရဲ့ Driver Unit က 8mm ကနေ 15mm ထိရှိတာမလို့် 9.2mm က ကောင်းတယ်လို့ပြောရပါမယ် (mm များလေလေ အသံကပိုကျယ်တယ်လို့ယူဆရပါမယ်။) အပြင်မှာဆူညံနေတဲ့အသံတွေကို မကြားနိုင်အောင် ထိန်းပေးထားနိုင်ပါတယ်။ Google Assistant ဖွင့်တာတွေ နဲ့ သီချင်းအပိတ်/အဖွင့် စတဲ့ Controls တွေအတွက် In-line remote လဲပါဝင်လာပါတယ်။ Midsummer Purple မှာ Nova Logo လေးပါနေတာကပိုပြီးကြည့်လို့ကောင်းနေပါတယ်။ မြန်မာမှာရောင်းချဖို့် ရှိမရှိကတော့ မသိရသေးပါဘူး…

Ref: GIZMOCHINA