fbpx
This is digital planet.
HuaweiTech News
Zawgyi
Unicode
Huawei ရဲ့မကြာခင်မှာထွက်ရှိလာမဲ့ Nova 4 ရဲ့ အသေးစိတ် Spec အပြည့်အစုံ ပေါက်ကြားလာခဲ့
Huawei အနေနဲ့ Dec 17 ရက်နေ့မှာ Nova 4 ကိုစတင်မိတ်ဆက်တော့မယ်လို့သိရပါတယ်.TENAA မှာဖော်ပြခဲ့တဲ့ ဒီ Nova 4 ရဲ့ ပုံတွေမှာတော့ Galaxy A8s လို့ပဲ ဖုန်းရဲ့အပေါ် ဘယ်ဘက်နားလောက်မှာ Selfie ကင်မရာ ကိုထည့်သွင်းထားတဲ့ အပေါက်လေးကိုမြင်တွေ့ခဲ့ရပါတယ်။ လက်ရှိ Nova 4 ရဲ့ Spec အကုန်လုံးကိုတော့ Weibo မှာထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီစမတ်ဖုန်းကို တရုတ်ဈေးကွက်မှာ Standard Versions နဲ့ High Versions ဆိုပြီး ၂ မျိုး ထွက်ရှိမယ်လို့လည်းသိရပါတယ်။
အဆိုပါ Leak အသစ်မှတော့ ဒီ Version နှစ်မျိုးဟာ Processor, RAM နဲ့ Storage တို့အကုန်တူညီပေးမဲ့ Higher model မှာတော့ 48MP main sensor ပါဝင်တာတစ်ခုပဲ ကွာခြားသွားမှာဖြစ်ပါတယ်။
Huawei Nova 4 မှာတော့ 6.4-inch Full HD Display ကိုအသုံးပြုထားပြီး 2310 x 1080 pixels resolution ရှိကာ aspect ratio 19.25:9 ရှိပါတယ်။ Processor ကိုတော့ Huawei ရဲ့ ကိုယ်ပိုင် Kirin 970 Chipset ကိုအသုံးပြုထားပြီး GPU Turbo နည်းပညာလည်းပါဝင်မှာဖြစ်ပါတယ်။
Kirin 970 Chipset နဲ့အတူ 8GB RAM ကိုတပ်ဆင်ထားပြီး Internal Storage အနေနဲ့ 128GB ပါရှိမှာဖြစ်ပြီး MicroSD card slot အပို ထည့်သွင်းပေးမယ်ဆိုတာကိုတော့ မသေချာပါဘူး ဒါပေမဲ့ အရင် Nova 3 တုန်းက ပါဝင်လာတဲ့အတွက် Nova 4 မှာလည်း ပါဝင်လာဖွယ်ရှိပါတယ်။ 3750 mAh ဘက်ထရီပါဝင်လာမှာဖြစ်ပြီး 18W fast charging နဲ့ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။
Huawei Nova 4 မှာတော့ ရှေ့ကင်မရာ 25MP နဲ့ Al လုပ်ဆောင်ချက်တချို့လည်းပါဝင်လာမှာဖြစ်ပါတယ်။ Standard Version မှာတော့ 20MP + 16MP + 2MP ဆိုပြီး ကျောဘက် ကင်မရာ ၃လုံးပါဝင်လာမှာဖြစ်ပြီး High Version မှာတော့ 20MP အစား 48MP ပါဝင်လာမှာဖြစ်ပြီးကျန်တာကတော့ အကုန်အတူူတူပဲဖြစ်ပါတယ်။ High Version မှာပါဝင်မဲ့ 48MP Sensor ဟာ Sony IMX586 48MP Sensor ကိုအသုံးပြုထားတာဖြစ်နိုင်သလို့ ပိုမိုဈေးသက်သာတဲ့ Samsung ရဲ့ ISOCELL Bright GM 1 48MP Sensor လည်းဖြစ်နိုင်ပါတယ်။
Nova 4 ရဲ့ဈေးနှုန်းကိုတော့ မသိရှိသေးပါဘူး ဒီ စမတ်ဖုန်းကိုတော့ Fritillaria White, Bright Black , Suyin Blue နဲ့ Honey Red စတဲ့အရောင် ၄ မျိုးနဲ့ တရုတ်မှာထွက်ရှိမယ်လို့လည်းသိရပါတယ်။
Source