fbpx

This is digital planet.

HuaweiTech News

Huawei ရဲ့ ပထမဆုံး Pop-up ကင်မရာပါဝင်တဲ့ Huawei P Smart Z ဖုန်းကို စတင်မိတ်ဆက်ပေးခဲ့

Huawei P Smart Z ကတော့ Huawei ရဲ့ Pop-up selfie ကင်မရာ ပါဝင်တဲ့ ပထမဆုံးဖုန်းပဲဖြစ်ပါတယ်။ မျက်နာပြင်အနေနဲ့ 6.59-inch LCD screen ရှိပြီး ဈေးနှုန်းအနေနဲ့ Amazon Italy မှာ ယူရို ၂၈၀ ( မြန်မာငွေ ၄ သိန်း ၇ သောင်းကျော် ဝန်းကျင် ) လောက်ပဲရှိပါတယ်။

Image result for huawei p smart z

Huawei P Smart Z မှာတော့ In-display Fingerprint ကို သုံးထားတာမဟုတ်ပဲ ရိုးရိုးကျောဘက် fingerprint scanner ကိုပဲ ထည့်သွင်းပေးထားတာပါ။ ကျောဘက် ဒီဇိုင်း ကိုကြည့်မယ်ဆိုရင် Pixel ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့အနည်းငယ် ဆင်တူပါတယ်။ ဒါပြင် ကျောဘက် ကင်မရာ ကိုတော့ 16MP + 2MP ( Depth sensor ) တို့ကို သုံးထားပါတယ်။

ရှေ့ဘက်မှာတော့ Huawei ရဲ့ ပထမဆုံး Pop-up mechanism ကိုမြင်တွေ့ရမှာဖြစ်ပြီး House အတွင်းမှာ 16MP Selfie ကင်မရာ ကိုထည့်သွင်းပေးထားပါတယ်။ Huawei ရဲ့ Pop-up ကင်မရာ အနေနဲ့ Vivo ရဲ့ဆောင်ပုဒ်အတိုင်းပြောရရင် မြင့်တက်ပွင့်ထွက်ဖို့အတွက် အချိန် ၁ စက္ကန့်သာ ကြာမြင့်မယ်လို့ဆိုပါတယ်။ ဒါအပြင် ဒီ Pop-up ကင်မရာကို အကြိမ်ရေ ၁ သိန်းမက စမ်းသပ်ထားပြီး 12kg ရှိတဲ့ အလေးချိန်ရဲ့ဖိအားကိုလည်း ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်။ ကင်မရာ အကုန်လုံးမှာ AI ကိုလည်းထည့်သွင်းပေးထားပါတယ်။

Image result for huawei p smart z

Chipset ကိုတော့ ကိုယ်ပိုင် Kirin 710F နဲ့မောင်းနှင်ထားပြီး RAM 4GB နဲ့ 64GB storage ပါဝင်ကာ ( 512GB အထိ ) တိုးချဲအသုံးပြုနိုင်တဲ့ microSD slot လည်းပါဝင်ပါတယ်။ Android 9 Pie ကို ဖုံးအုပ်ပေးထားတဲ့ EMUI 9.0 ကို တပါတည်းထည့်သွင်းပေးထားမှာဖြစ်ကာ ဘက်ထရီ အနေနဲ့ 4000 mAh ဘက်ထရီကိုထည့်သွင်းပေးထားပြီး Fast charging ပါတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Huawei အနေနဲ့ ဒီဖုန်းကို အာရှဈေးကွက် အတွက်မဟုတ်ပဲ ဥရောပ ဈေးကွက်ကို ဦးတည်ထားတဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

Photos: Internet

Ref: GSMArena