fbpx

This is digital planet.

HuaweiTech News

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

Huawei ရဲ့ Flagship smartphones တွေဖြစ်တဲ့ P20 series နဲ့ P30 Series တွေရဲ့ Camera ကို အသစ်ပြောင်းလဲမှုတွေက ချီးကျူးမှုတွေရခဲ့ပြီး မထင်မှတ်ထားတဲ့ Camera Experience ကိုပေးနိုင်ခဲ့ပေမယ့် Video ပိုင်းမှာတော့ အားနည်းချက်အနည်းငယ်ရှိခဲ့ပါတယ်။ အဓိက အားနည်းချက်အကြောင်းကတော့ အခြား Flagship ဖုန်းတွေနဲ့ယှဉ်ရင် Huawei ရဲ့ Kirin 970 နဲ့ Kirin 980 chipsets တွေက 4K video recording ကို 60fps မှာ Support မလုပ်လို့ပါ။ ဒါပေမယ့် မကြာခင်ထွက်ရှိတော့မယ့် Flagship Chipset မှာ ပြောင်းလဲလာပါတော့မယ်။

မကြာခင်ထွက်ရှိတော့မယ့် HiSilicon Kirin 990 Chipset မှာ 4K 60fps video recording ကို Support လာမယ်လို့ Huawei က အတည်ပြုလိုက်ပါပြီ။ Mate 30 Series မှာ အဲ့ Chipset ကိုအသုံးပြုလာမှာဖြစ်လို့ High Resolution နဲ့ High frame rate နှစ်ခုကြား ရွေးဖို့မလိုတော့ပါဘူး။

Image result for kirin 990

Huawei ရဲ့ flagship smartphones တွေမှာ 4K 60fps recording မရသေးတဲ့အချိန်မှာ ပြိုင်ဘက် Brand တွေမှာတော့ 4K 60fps recording ရရှိနေတာကြာနေပါပြီ။ ပထမဆုံး Apple ရဲ့ iPhone 8 ၊ 8 Plus နဲ့ iPhone X မှာ အဲ့ Feature ကိုရရှိလာပြီး Samsung S9 Line Up ရဲ့ Snapdragon 845 chipset မှာပါဝင်လာခဲ့ပါတယ်။

Huawei HiSilicon Kirin 990 chipset ဟာ September 19 မှာထွက်ရှိနိုင်တဲ့ Huawei Mate 30 နဲ့ Mate 30 Pro မှာ အသုံးပြုလာဖို့များပါတယ်။ Foldable Smartphone Huawei Mate X နဲ့ နောက်နှစ် P40 Series မှာလည်း အဲ့ Chipset ကိုအသုံးပြုလာမယ်လို့ Huawei က အတည်ပြုခဲ့ပါသေးတယ်။ Honor Brand ဘက်မှာလည်း Kirin 990 SoC ကိုအသုံးပြုလာမယ့်ဖုန်းထွက်ရှိလာနိုင်ပါတယ်။

Kirin 990 SoC ဟာ 7nm processing node ကိုအသုံးပြုထုတ်လုပ်ထားပြီး 5G Connectivity ကို Support ပေးမယ့် Balong 5000 5G modem ပါဝင်လာမှာပါ။ Kirin 980 နဲ့ယှဉ်ရင် Oveall Performance မှာ 10% အားပိုသက်သာမယ်လို့သိရပါတယ်။ လောလောဆယ်တော့ Kirin 990 SoC ရဲ့ တစ်ခြား Specifications တွေ ထွက်ရှိလာခြင်းမရှိသေးပါဘူး။

Ref:Gizmochina