fbpx

This is digital planet.

HuaweiTech News

Huawei ဟာ 5nm Kirin 1000 SoC ရဲ့ အစမ်းထုတ်လုပ်မှုကို စတင်နေ

Huawei ရဲ့ နောက်ဆုံး Processors တွေဟာ Kirin 990 နဲ့ Kirin 990 5G တို့ပဲဖြစ်ပါတယ်။ အခုအဲ့ Processors တွေကို Mate 30 နဲ့ Mate 30 Pro ရဲ့ 5G Versions တို့မှာတွေ့နိုင်ပါတယ်။ အဲ့ Processors တွေကို နောက်နှစ် Huawei ရဲ့ flagship SoC အသစ်မထွက်ခင်မှာ Huawei နဲ့ Honor flagship phones တွေမှာသုံးလာမှာပါ။ သတင်းဆွေအရ အဲ့ SoC အသစ်ဟာ တိုးတက်မှုအောက်မှာရှိနေပြီး Kirin 1000 လို့ခေါ်လာမှာပါ။

Huawei Central အရ Kirin 1000 ဟာ 5nm process ကိုအခြေခံပြီး တည်ဆောက်လာမှာပါ။ အဲ့ Processor ကို H2 2019 မှာမိတ်ဆက်လာဖို့ရှိနေပြီး Huawei Mate 40 series မှာ ပထမဆုံးသုံးလာနိုင်ပါတယ်။

Kirin 1000 မှာ ဒီနှစ်အစောပိုင်းတုန်းက Arm မိတ်ဆက်ထားတဲ့ Cortex-A77 cores ပါ၀င်လာပဲဖြစ်ပါတယ်။ Cortex-A77 cores ဟာ Kirin 990 မှာပါ၀င်လာဖို့ မျှော်လင့်ထားတာဖြစ်ပြီး Cortex-A76 cores သာပါ၀င်လာတာပဲဖြစ်ပါတယ်။

A77 ဟာ Performance ကို 20 % ထိတိုးတက်စေပြီး ပိုသေးတဲ့ node size ကိုပြောင်းလိုက်တဲ့အတွက် Performance တိုးတက်မှုဟာ မြင့်လာနိုင်ပါတယ်။ Processor ရဲ့အသေးစိတ်အချက်အလက်တွေကို သေချာမသိရသေးဘဲ Processor ကိုမမိတ်ဆက်ခင် ၁၀ လလောက်စောင့်ရဦးမှာပါ။

Ref: Gizmochina