fbpx

This is digital planet.

HuaweiNews

Huawei မှ ကိုယ်ပိုင် HarmonyOS ကို မိတ်ဆက်

တရုတ်နိုင်ငံရဲ့ Dongguan မြို့မှာနှစ်စဉ်ကျင်းပတဲ့ Huawei Developers Conference မှာ Huawei ဟာ သူတို့ရဲ့ HarmonyOS ကို စတင်မိတ်ဆက်လိုက်ပါတယ်။ အဲ့ OS ကို 2017 ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Huawei ရဲ့ Sub Brand ဖြစ်တဲ့ Honor ရဲ့ Product တစ်ခုမှာ အသုံးပြုထားတာကို မနက်ဖြန်မှာ စတင်မိတ်ဆက်ဖို့ရှိနေပါတယ်လို့ CEO Richard Yu ကပြောကြားခဲ့ပါတယ်။

Huawei ရဲ့ Goal ကတော့ အဲ့ဒီ OS အသစ်ဟာ Open-source platform ကို Smartphones ကနေ Smart watches ၊ TVs ၊ Tablets ၊ Laptops တွေနဲ့ Cars တွေအထိပါ အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။

Video ကြည့်ရန် – https://twitter.com/HuaweiMobile/status/1159730902341234688

HarmonyOS က microkernel-based လုပ်ထားတဲ့ Operation System ဖြစ်ပြီး Resources အနည်းငယ် ၊ Operation Speed တွေကို မြန်အောင်သေချာလုပ်ပေးခြင်း နဲ့ Latency ကို အနည်းဆုံးကို ရရှိအောင် လုပ်ဆောင်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ Open-source ဖြစ်ပြီး TEE (Trusted Execution Environment) ဒါမှမဟုတ် Security ကို Devices အားလုံးမှာ တိုးတက်လာခြင်း တို့ပါဝင်လာမှာပါ။ HarmonyOS မှာပါဝင်တဲ့ Arc compiler ဟာ C/, C++, Java, JavaScript နဲ့ Kotlin စတဲ့ အဓိက Programming languages တွေကို Support ပေးနိုင်ပါတယ်။ HarmonyOS ဟာ Theoretically အနေနဲ့ Android ကို အစားထိုးလာဖို့ဖြစ်ပြီး လက်ရှိမှာတော့ Users တွေရရှိပြီးသားဖြစ်တဲ့ Google ရဲ့ Software တွေကို Smartphones တွေမှာ ဆက်လက်သုံးဖို့ ရှိနေတယ်လို့ CEO Richard Yu ကပြောခဲ့ပါတယ်။

Video ကြည့်ရန် – https://twitter.com/HuaweiMobile/status/1159725806320594945

အကယ်၍ ပြဿနာတွေ ရှုပ်ထွေးလာရင် Users တွေအနေနဲ့ HarmonyOS ကို မကြာခင်မှာ ပြောင်းလဲနိုင်မယ်လို့ Yu ကပြောခဲ့ပါသေးတယ်။ App Support မှာတော့ Android Apps အကုန်လုံးနဲ့ HTML5 ရယ် Linux based ဖြစ်တဲ့ Apps တွေကို Support ပေးလာနိုင်မှာပါ။

HarmonyOS ရဲ့ Goal က Android ကိုကျော်လွန်ဖို့နဲ့ အနာဂတ်မှာ “Global Operating System” ဖြစ်လာဖို့ပါတဲ့။ Huawei ဟာ သူတို့ရဲ့ Partners တွေကို HarmonyOS နဲ့ လိုက်ဖက်တဲ့ Apps တွေကို ချက်ချင်းလုပ်ဖို့ Software Development ပစ္စည်းတွေကို စီစဉ်ပေးမှာဖြစ်ပြီး Operation System အသစ်အတွက် ကိစ္စတွေကို အမြန် ပူပေါင်းလုပ်ဆောင်လာတော့မှာပါ။ ကျွန်တော်တို့အနေနဲ့ အဲ့ OS အသစ်ရဲ့ Details တွေကို လာမယ့်ရက်တွေမှာ ပိုမိုသိရှိလာရဖို့ စောင့်ကြည့်ရပါတော့မယ်။

Image result for huawei harmony os

Ref: GSMArena

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ