fbpx

This is digital planet.

HuaweiTech News

Huawei အတွက် Chips များကို TSMC ကထောက်ပံပေးပါလိမ့်မယ်

Huawei ရဲ့ Chipset တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ HiSilicon အနေနဲ့ ထိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ TSMC နဲ့ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ TSMC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲ့ပြောဆိုချက်အရ TSMC အနေနဲ့ Huawei ကို Chip တွေ ဆက်လက် ထောက်ပံ့ပေးမယ်လို့ဆိုပါတယ်။

လက်ရှိ Huawei စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Kirin Chipset တွေဟာ ARM ရဲ့ ဒီဇိုင်းကို အခြေခံပြီး CPU အတွက်ကော GPU အတွက်ပါ တည်ဆောက်ထားတာကြောင့် ARM က Ban လိုက်တဲ့အခါ ကိုယ်ပိုင် Kirin Chipset တွေ ထုတ်လုပ်ဖို့ အခက်အခဲတွေရှိလာခဲ့ပါတယ်။ ဒါအပြင်အခြား အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Intel နဲ့ Qualcomm တို့လို ကုမ္ပဏီတွေပါက ပိတ်ပင်ထားတာကြပါတယ်။ သို့သော်လည်း Huawei ရဲ့ HiSilicon အနေနဲ့ လက်ရှိ Model တွေအပြင် နောက်ထွက်ရှိမဲ့ Chipset တွေပါ ဆက်လက်ထုတ်လုပ်လာနိုင်ဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ARM ရဲ့ Ban တာဟာ လာမဲ့ Mate 30 phones တွေမှာ ပါဝင်မဲ့ Kirin 985 Chipset အပေါ် အကျိုးသက်ရောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Android မပါဝင်နိုင်တဲ့ Huawei စမတ်ဖုန်းတွေရဲ့ အနာဂတ်ကတော့ ဝေဝါးနေဦးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ January တုန်းက Huawei အနေနဲ့ ကမ္ဘာပထမဆုံး 5G core chip ဖြစ်တဲ့ Tiangan ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သို့သော်လည်း ARM design ပါဝင်နေတာကြောင့် လက်ရှိ ကမ္ဘာအနှံမှာရှိတဲ့ 5G networks တွေမှာ အဆိုပါ Tiangan Chip ကို အသုံးပြုခွင့် ဆုံးရူံးရမဲ့ အန္တရာယ် ကိုရင်ဆိုင်နေရပါတယ်။

Ref: GSMArena