fbpx

This is digital planet.

HuaweiSamsungTech News

Huawei အနေနဲ့ 6G Network ကို Canadian R&D Centre မှာ Research စတင်

အခုလက်ရှိ Carriers တော်တော်များများမှာ 5G အတွက် အစောပိုင်း Development ပဲရှိသေးချိန်မှာ Huawei ဟာ ကနေဒါနိုင်ငံ Ottawa မှာရှိတဲ့ သူတို့ရဲ့ Labs မှာ Six Generation (6G) Network ရဲ့ Solutions တွေကို Research စလုပ်နေပါပြီ။

Huawei company ဟာ Universities ၁၃ ခုကျော်နဲ့ research institutes တွေနဲ့ပူးပေါင်းပြီး 6G Network နဲ့ပက်သက်ပြီး ဖြစ်နိုင်တဲ့ တင်သွင်းမှုကိုပြုလုပ်နေတယ်လို့ သတင်းတွေအရသိရပါတယ်။ Huawei ရဲ့အစမ်း Forecast အရ 6G tech ဟာ 2030 မတိုင်ခင်တောင် ရရှိလာနိုင်ခြင်းမရှိသေးပါဘူးတဲ့။

ဒီနှစ်အစောပိုင်းလောက်တုန်းက Samsung ဟာလည်း Seoul မှာ 6G နဲ့ပက်သက်ပြီး Research စတင်ပြုလုပ်တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အဲ့တွက် Huawei အနေနဲ့ Next Generation Of Mobile Connectivity မှာ ရှေ့ဆုံးကနေအသုံးပြုနိုင်ဖို့ Research လုပ်ခြင်းကမဆန်းပါဘူး။

June တုန်းက Nokia ၊ Ericsson နဲ့ SK Telecom တို့ပူးပေါင်းပြီး 6G Development အတွက် မူကြမ်းတွေကို အတူတူပြုလုပ်နေပါတယ်။ အချုပ်အနေနဲ့ အပေါ်ကအရာတွေက အစောပိုင်းလုပ်ငန်းတွေသာဖြစ်တဲ့အတွက် 6G နဲ့ပက်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Research တွေပြီးသွားရင်တောင် လက်တွေ့ထက် Theory သဘောမှာပဲရှိဦးမှာပါ။

Ref: GSMArena