fbpx

This is digital planet.

HuaweiNews

HUAWEI နှင့် မြန်မာနိုင်ငံ၏ နာမည်ကြီး ESports အသင်းဖြစ်သည့် BURMESE GHOULS တို့မှ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လက်တွဲမှုအား ပြုလုပ်

HUAWEI Consumer Business Group (Myanmar) သည် မြန်မာနိုင်ငံ၏ နာမည်ကြီး Esports အသင်းဖြစ်သည့် Burmese Ghouls နှင့် လက်တွဲမှုအား ယနေ့တွင် တရားဝင်မိတ်ဆက်လိုက်ခြင်းဖြင့် မြန်မာ့ Esports နယ်ပယ်တွင် မှတ်ကျောက်တစ်ခု တည်နိုင်ခဲ့သည်။

Esports သည် ၂၀၁၀ ခုနှစ်ဝန်းကျင်တွင် ဗီဒီယိုဂိမ်းကစားခြင်း နယ်ပယ်၌ စတင် ရေပန်းစားခဲ့သည့် အားကစားနည်း အသစ်တစ်ခု ဖြစ်သည်။ Esports သည် လူကြိုက်များသည့် အားကစား တစ်ခု အဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့မည့် Southeast Asian Games တွင်လည်း Medal Sport တစ်ခု အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပါဝင်သွားမည်ဖြစ်သည်။ Esports သည် စတင်ထွက်ရှိလာသည့် အချိန်မှ စတင်ကာ အရှိန်အဟုန်ဖြင့် တိုးတတ်လျှက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသည့် လုပ်ငန်းနယ်ပယ်တစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းလျှက်ရှိသည်။

Esports သည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၀၃-၂၀၀၅ ခုနှစ်တွင် PC ဂိမ်းတစ်ခုဖြစ်သော CS:GO နှင့်အတူ မြန်မာ့ ESports ပထမမျိုးဆက် ထွက်ပေါ်လာခဲ့သည်။ လူသိများသည် “Dota” သည် မြန်မာ့ ESports နယ်ပယ်၏ ဒုတိယမျိုးဆက်ဟု သတ်မှတ်နိုင်သည်။ Team G7 သည် ၂၀၁၀-၂၀၁၂ ခုနှစ်ဝန်းကျင်တွင် နိုင်ငံတကာအဆင့်မှီပြိုင်ပွဲများတွင် အဆင့်ကောင်းများ ပထမဆုံး အကြိမ်အဖြစ် ရရှိသည့် အသင်းတစ်ခု ဖြစ်လာခဲ့ပြီး အဆိုပါ ရလဒ်များမှ အခြားသော ဂိမ်းဝါသနာရှင်များအား မြန်မာ့ Esports ခရီးစဉ်၌ ပါဝင်ရန် အားပေးနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှ စတင်ကာ Mobile ESports သည် ဂိမ်းကြိုက်နှစ်သက်သူများကြားတွင် ပိုမိုကျော်ကြားလာခဲ့ပြီး အချိန်တိုအတွင်း ကြီးထွားလာခဲ့သည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် ပထမဆုံးသော Mobile Legends ဂိမ်း ယှဉ်ပြိုင်ပွဲ ဖြစ်သည့် MSC MM Qualifier 2018 အား ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ Burmese Ghouls သည် အဆိုပါ ယှဉ်ပြိုင်ပွဲ၏ အနိုင်ရရှိသူ ဖြစ်ခဲ့ပြီး နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခွင့်အား ရရှိခဲ့သည်။

“Burmese Ghouls” သည် ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည့် အသင်းတစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် MSC Qualifier မတိုင်ခင် ၂ လ၁ အလိုတွင် Game Cast Network မှ Ghouls အား ပူးပေါင်းရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး “Burmese Ghouls” အဖြစ်သို့ ပြောင်းလဲခဲ့သည်။ Game Cast Network သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Gaming Live Video Channel တစ်ခုဖြစ်သည်။ Burmese Ghouls သည် မလေးရှား ၊ စင်ကာပူ ရှိ ထိပ်သီး အသင်းအချို့အား အနိုင်ရရှိထားသော မြန်မာနိုင်ငံ၏ Esports သမိုင်းတွင် မှတ်တိုင်သစ်များ စိုက်ထူထားနိုင်သည့် အသင်းတစ်ခုဖြစ်သည်။

Burmese Ghouls သည် မြန်မာနိုင်ငံ၏ Esports နယ်ပယ်အား အဆင့်မြှင့်တင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်လျှက်ရှိသည့် အသင်းတစ်ခုဖြစ်သည်။

HUAWEI သည် သုံးစွဲသူများအား အကောင်းဆုံးသော တန်ဖိုးများအား ပေးအပ်ရန် စိတ်အားထက်သန်လျှက်ရှိသည့် ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ HUAWEI သည် Esports စတင်ထွက်ပေါ်လာသည့် အချိန်မှ စတင်ကာ စိတ်အားထက်သန်စွာ ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် HUAWEI Esports Gaming Challenge အား ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး အဆိုပါ Challenge ၌ မြန်မာနိုင်ငံအတွင်းရှိ Mobile Legend Player အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းမှာ HUAWEI ၏ မြန်မာ့ Esports နယ်ပယ်၌ ပထမဆုံးတည်ဆောက်နိုင်ခဲ့သည့် မှတ်ကျောက်တစ်ခုလည်း ဖြစ်သည်။ HUAWEI Esports Gaming Challenge အား ၂၀၁၇ ခုနှစ် မှ စတင်ကာ နှစ်စဉ်ပြုလုပ်လျှက်ရှိပြီး မြန်မာ့ Esports နယ်ပယ် ဖွံ့ဖြိုးတိုးတတ်မှုအပေါ်တွင် ထားရှိသည့် HUAWEI ၏ ဆုံးဖြတ်ချက်အား သက်သေပြလျှက်ရှိသည်။ ယခုနှစ်အတွက် HUAWEI Esports Gaming Challenge 2019 အားလည်း စက်တင်ဘာလ တွင် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့ Esports နယ်ပယ်အား ကောင်းမွန်သည့် ပြောင်းလဲမှုများ ယူဆောင်လာနိုင်ရန်ဟူသော ထပ်တူညီသည့် ရည်မှန်းချက်တစ်ခုတည်းကို အကောင်အထည် ဖော်နေကြသော HUAWEI နှင့် Burmese Ghouls သည် မတ်လ ၂၀၁၉ မှ စတင်ကာ တရားဝင် ပူးပေါင်းမှုအား ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ လက်တွဲမှုနှင့် ပတ်သတ်ပြီး HUAWEI Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သော မခင်ရတနာဝင်း မှ “ ကျွန်မတို့ HUAWEI ဟာ လုပ်ငန်းလုပ်ဆောင်နေတဲ့ လူမှု့ဝန်းကျင် အတွက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုဘဲ ဖန်တီး သယ်ဆောင်လာဖို့ စိတ်ဆုံးဖြတ်ချထားတာပါ။ ကျွန်မတို့ HUAWEI ကနေပြီးတော့ လုပ်ငန်း လုပ်ကိုင်နေတဲ့ ဈေးကွက် ၊ ပတ်ဝန်းကျင် အတွင်း မှာ နေရာယူဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေ ကို အမြဲ လေ့လာနေတာဖြစ်တဲ့အတွက် ဒီမြန်မာပြည် ဈေးကွက်အတွင်းကို Esports စတင်ထွက်ရှိလာတဲ့ အချိန်မှာဘဲ ဒီ အားကစားဟာ အချိန်တို အတွင်းမှာ အကောင်းဆုံး အနေအထား တစ်ခုရောက်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါကြောင့်လည်း အဲ့ဒီအချိန်တုန်းကတည်းက ထောက်ပံ့မှုတွေကို စတင်ပေးအပ်ခဲ့ပြီး အခုလိုမျိုး Burmese Ghouls နဲ့လည်း ပူးပေါင်းမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Burmese Ghouls နဲ့လည်း အတူလက်တွဲပြီး မြန်မာ့ Esports နယ်ပယ် ကို ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ သယ်ဆောင်လာနိုင်အောင် ကြိုးစားသွားပါ့မယ်။” ဟု ပြောကြားခဲ့သည်။

HUAWEI သည် “Burmese Ghouls” အသင်းအား ၂၀၁၉ ခုနှစ်မှ စတင်ကာ တရားဝင် ပံ့ပိုးကူညီမှုများအား ပေးအပ်သွားမည်ဖြစ်ပြီး ထားရှိထားသည့် ရည်မှန်းချက် ရောက်ရှိအောင် အတူလက်တွဲသွားမည်ဖြစ်သည်။

Press Release by HUAWEI.

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်