fbpx

This is digital planet.

HuaweiTech News

၄ သိန်းဝန်းကျင် ကျသင့်မယ့် HUAWEI nova 7i မှာ ဘာတွေ ထူးခြားနေလဲ?

MWC ပွဲပျက်သွားလို့ တိတ်ဆိတ်နေကြတဲ့အချိန် HUAWEI က ဝှက်ဖဲတစ်ကတ်နဲ့ စျေးကွက်လုဖို့ ပြင်နေပြီ ထင်ပါတယ်။ မတ်လထဲမှာတော့ ထုံးစံအတိုင်း P40 စီးရီးကို မြင်ရဖို့ရှိနေပြီး နိုင်ငံတချို့မှာတော့ nova 7i ကို မိတ်ဆက်သွားပါပြီ။

nova 7i

image: HUAWEI Malaysia

ကျွန်တော်တို့ဆီမှာတော့ မတ်လ ၁ ရက်နေ့မှာ မြန်မာငွေ ၄ သိန်းဝန်းကျင်နဲ့ ရောင်းချသွားတော့မှာဖြစ်ပြီး nova စမတ်ဖုန်းသစ်မှာ ထူးခြားလာမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။

Square Cameras

ဖုန်းတစ်လုံးမှာ ကင်မရာက အချက်ချာအကျဆုံးလို့ ပြောနိုင်တဲ့အတိုင်း nova 7i မှာ ဒီဇိုင်းကအစ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ လေးထောင့်ပုံစံဒီဇိုင်းထဲမှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး အပြင်ကို မသိမသာ ခုံးထွက်နေပါတယ်။

nova 7i

image: HUAWEI Malaysia

အသေးစိတ်အချက်လက် ပြောရရင်တော့ ကျောဘက်ကင်မရာတွေမှာ
48 MP, f/1.8, 26mm (Wide), 1/2.0″, 0.8µm, PDAF
8 MP, f/2.4, (Ultra-wide)
2 MP, f/2.4, 27mm (Macro), 1/5.0″, 1.75µm
2 MP, f/2.4, (Depth Sensor) အသုံးပြုထားမှာပါ။

4,200 mAh Battery with 40W Fast Charging

ဒုတိယ အချက်အနေနဲ့ စိတ်ဝင်တစား ဖြစ်ကျမှာတော့ 40W Fast Charging ဖြစ်မယ်ထင်ပါတယ်။ 4,200 mAh Battery က nova 7i အတွက် လုံလောက်တယ်လို့ ပြောနိုင်သလို နာရီဝက်အားသွင်းရုံနဲ့ ၇၀ ရာခိုင်နှုန်း ပြည့်နိုင်မယ်ဆိုတော့ ဂိမ်းဆော့ဖို့ သင့်တော်တယ်လို့ သုံးသပ်နိုင်ပါတယ်။

nova 7i

image: HUAWEI Malaysia

nova 7i with Da Vinci NPU

nova 7i မှာ သုံးလာမယ့် Kirin 810 က HUAWEI Mid-range ဖုန်းတွေမှာ မြင်ခဲ့ရဖူးတဲ့အတိုင်း စွမ်းဆောင်ရည်ပိုင်းအတွက် တာဝန်ယူထားမယ့် SoC ဖြစ်ပါတယ်။

nova 7i

image: HUAWEI Malaysia

AI ပိုင်းဆိုင်ရာ Function တွေဖြစ်တဲ့ GPU Turbo ၊ Kirin Gaming+ ၊ AI Body Shaping အစရှိတဲ့ System Level Performance ကနေ ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ Da Vinci Architecture အသုံးပြုထားတဲ့ NPU က စွမ်းဆောင်ပေးသွားမှာပါ။

Colours & Pre-order Gifts

ရရှိနိုင်မယ့် အရောင်တွေက ပန်းရောင် (Sakura Pink) ၊ အနက်ရောင်နဲ့ အစိမ်းရောင်တွေပါ။ ဖေဖော်ဝါရီလ ၂၀ ရက်နေ ၂၉ ရက်အတွင်း မှာယူမယ်ဆိုရင်တော့ HUAWEI က ပေးအပ်သွားမယ့် band4 ကို မေတ္တာလက်ဆောင် ရရှိမှာပါ။

nova 7i

image: HUAWEI Malaysia

nova 7i  Specification

Display 6.4″ (1080 x 2310 Resolution)
IPS Panel with punch-hole notch
Processor Kirin 810 with Mali-G52 MP6
RAM/Storage 8GB/128GB
Expandable Storage Yes with NM
Back Cameras 48 MP, f/1.8, 26mm (Wide), 1/2.0″, 0.8µm, PDAF
8 MP, f/2.4, (Ultra-wide)
2 MP, f/2.4, 27mm (Macro), 1/5.0″, 1.75µm
2 MP, f/2.4, (Depth Sensor)
Front Camera 16 MP, f/2.0, (wide), 1/3.1″, 1.0µm
Battery 4,200 mAh with 40W Fast Charging
3.5mm Headphone Jack Yes
Connectivity with USB Type-C

HUAWEI Myanmar Press Release ကို ဖော်ပြခြင်းဖြစ်ပါတယ်။
Image: HUAWEI Malaysia