fbpx

This is digital planet.

HuaweiTech News

အနီရောင် FreeBuds 3 နဲ့ Crush Green nova 5T ကြေညာလိုက်တဲ့ HUAWEI

HUAWEI ကတော့ nova 5T နှင့် FreeBuds 3 တွေမှာ နောက်ထပ်ရွေးချယ်စရာ Crush Green (nova 5T) နှင့် Red Edition (FreeBuds 3) ဆိုပြီး အရောင်သစ် ၂ မျိုး ကြေညာလိုက်ပါတယ်။

Crush Green ကို အဓိပ္ပာယ်ဖွင့်ရင်တော့ လှပသောကန်ရေမျက်နှာပြင်လို ကြည်လင်တောက်ပပြီး သက်တန့်ရောင်စုံများ အလင်းပြန်နေသကဲ့သို့ စိတ်ကူးယဉ်ဆန်ပြီး ခေတ်မီသည့်အရောင်လို့ ဆိုလိုပါတယ်။

nova 5T

HUAWEI nova 5T အကြောင်း ပြောရရင်တော့ ၆.၂၆ လက်မ Punch Display သုံးထားတဲ့အတွက် ဂိမ်းကစားတာနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ ကျယ်ပြန်တဲ့ မျက်နှာပြင်ကို ခံစားရမှာပါ။

ပါးလွှာသောကိုယ်ထည်၊ သေသပ်လှပတဲ့ ဒီဇိုင်းဖွဲ့စည်းမှုနဲ့အတူ Fingerprint Sensor ကို ကျော်ဘက် အလယ်မှာမဟုတ်ဘဲ ကိုယ်ထည်ဘေးမှာ ထားရှိထားတဲ့အတွက် Flagship ဖုန်းသုံးရသလို ခံစားချက်မျိုး ရရှိစေဦးမှာပါ။

nova 5T Cameras

အရင်ဆုံး Selfie ကင်မရာနဲ့ စပြောရရင် 32MP Sensor ဟာ Poster အရွယ်စား ထုတ်ပေးနိုင်တဲ့အပြင် ပိုပြီးတော့ အရည်သွေးကောင်းတဲ့ Selfie ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

nova 5T Cameras

Image Credit: Anandtech

ကျော်ဘက် ကင်မရာ အတွက်ကိုတော့ 48MP Main Sensor အသုံးပြုထားတဲ့ Quad Camera စနစ် အသုံးပြုထားပါတယ်။ ကင်မရာ အကြောင်း အသေးစိတ်ကိုတော့ ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။

Performance

nova 5T ရဲ့ အဓိက အားသာချက်က Kirin 980 SoC သုံးထားတာဖြစ်ပြီး နှင့် EMUI 9.1 နဲ့ တွဲဖက်ထားတာာကြောင့် တခြားဖုန်းတွေထက် စွမ်းဆောင်ရည် ပိုကောင်းပါတယ်။

Mate 10 Pro with Freebuds 3

Image Credit: Phone Arena

GPU 3.0 နဲ့ အားဖြည့်ထားတဲ့အတွက်လည်း အဆင်ပြေ ချောမွေ့စွာ ဂိမ်းကစားနိုင်မယ်။ 3,750 mAh ဘက်ထရီ ပါဝင်ပြီး 22.5W HUAWEI SuperCharge စနစ် ထောက်ပံ့ထားတဲ့အတွက် နာရီဝက်သွင်းရုံနှင့် ၅၀% အားဖြည့်ပေးနိုင်ပါတယ်။

FreeBuds 3

FreeBuds 3 ကိုတော့ Valentine’s Day အမီ ချစ်ခြင်းမေတ္တာ ထုတ်ဖော်တဲ့အခါမှာ အသက်ဝင်ဆုံးဖြစ်တဲ့ အနီရောင်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

Dolphin Bionic Design ဖြစ်တဲ့အတွက် နားထဲမှာ အံဝင်ခွင်ကျဖြစ်စေမှာဖြစ်သလို သေးသေးသွယ်သွယ်၊ ကျစ်ကျစ်လစ်လစ် အသုံးပြုနိုင်မယ်။ Charging Case ကလည်း စက်ဝိုင်းပုံစံ ဖြစ်တာကြောင့် လူငယ်တွေ အကြိုက်တွေ့စေမည့် ပုံစံမျိုးလို့လည်း ပြောနိုင်ပါတယ်။

Kirin A1 Chipset အသုံးပြုထားပြီး Active Noise Cancellation စနစ်၊ Double Touch Feature, Bone Sensor နည်းပညာ၊ Studio အသံအရည်အသွေး၊ Instant Paring, Wireless Charging စတဲ့ နည်းပညာတွေ ပါဝင်တယ်။

ကမ္ဘာ့ပထမဆုံး BT/Blue dual-mode Bluetooth 5.1 အသုံးပြုထားပြီး အနီရောင် (Red Edition) ကို ၂၀၉,၀၀၀ ကျပ် ၊ nova 5T ကို ၅၉၉,၀၀၀ ကျပ်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

HUAWEI Press Release