fbpx

This is digital planet.

HuaweiTech News

တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၁၀ မျိုးထဲမှာ ဖော်ပြခံရတဲ့ HUAWEI

ဇန္နဝါရီလ ၂၉ ရက်နေ့ ဗြိတိန်နိုင်ငံအခြေစိုက် Brand Fiance ကြေညာလိုက်တဲ့ ထုတ်ပြန်ချက်အရ HUAWEI ဟာ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် (Top Ten) မှာ ပါဝင်လာပြီ ဖြစ်ပါတယ်။

Global 500 (2020 Brand Finance Report) ထုတ်ပြန်ချက်အရ HUAWEI ဟာ အမေရိကန် ဒေါ်လာ ၆၅.၀၈၄ ဘီလီယံ တန်ဖိုးရှိပြီး ပျှမ်းမျှ ၄.၅ ရာခိုင်နှုန်းနဲ့ တိုးတက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် တန်ဖိုးရှိ အမှတ်တံဆိပ်စာရင်းမှာ တတိယမြောက် တရုတ်ကုမ္ပဏီအဖြစ် ဖော်ပြခံရတာလည်း ဖြစ်ပါတယ်။

Brand Finance Report ထဲမှာတော့ အငြင်းပွားဖွယ်ရာ ပိတ်ဆို့မှုတွေ ရှိနေပမယ့် ဒေါ်လာ ၆၅.၁ ဘီလီယံတန်ဖိုးနဲ့ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တယ်။ အထူးသဖြင့် အနောက်နိုင်ငံမှာ 5G ကွန်ရက်လုပ်ငန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းအတွက် အခွင့်လမ်းများ ဖန်းတီးနိုင်ခဲ့တာလည်း ပါဝင်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။

စာရင်းမှာ ဖော်ပြခံရတဲ့ ကုမ္ပဏီ ၅၀၀ ကျော်မှာ ၂၀၅ မျိုးက အမေရိကန် ကုမ္ပဏီများဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဖော်ပြရင်တော့ ဒေါ်လာ ၃၂၀.၅ ဘီလီယံနဲ့ ဦးဆောင်နေတာဖြစ်ပြီး ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင်တော့ ၄၅.၅ ရာခိုင်နှုန်း လွှမ်းမိုးထားတယ်လို့ ပြောနိုင်ပါတယ်။

တရုတ်စီးပွားရေး ကုမ္ပဏီတွေကတော့ ၁၈.၉ ရာခိုင်နှုန်းနဲ့ ပါဝင်နေပြီး စုစုပေါင်း တန်ဖိုးက အမေရိကန် ဒေါ်လာ ၁၃၃.၄ ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။

အခုလို ဖော်ပြခံရတဲ့ ကုမ္ပဏီ ၅၀၀ ကျော်ထဲကမှ ၄၆ မျိုး ဒါမှမဟုတ် ၁၄ ရာခိုင်နှုန်းဟာ နည်းပညာနယ်ပယ်က ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စုစုပေါင်း တန်ဖိုးတွက်ကြည့်မယ်ဆိုရင်တော့ ဒေါ်လာ ၉၈၆.၅ ဘီလီယံ အထိရှိပါတယ်။

အဲ့ထဲကမှ HUAWEI ဟာ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၁၀ ခုထဲမှာ ပါဝင်လာတဲ့ တရုတ်ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၉ မှာ စမတ်ဖုန်း အလုံးရေ သန်း ၂၄၀ တင်ပို့ခဲ့တယ်လို့ ခန့်မှန်းထားပြီး ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် ရပ်တည်နေပါတယ်။

5G နည်းပညာ ကျယ်ပြန့်လာတဲ့ နောက်မှာတော့ စမတ်ဖုန်းတွေမှာ အသုံးပြုလာပြီး HUAWEI အနေနဲ့ အလုံးရေ ၆.၉ သန်း တင်ပို့ရောင်းချခဲ့တယ်လို့ ၂၀၁၉ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း မဟာဗျူဟာတစ်ရပ်နဲ့ ဆက်လက် ဆောင်ရွက်သွားမယ်။ အဲ့တာကတော့ Tablets ၊ VR ထုတ်ကုန် ၊ ဝတ်ဆင်နိုင်တဲ့ Gadgets ၊ Smart Display ၊ Smart Speakers ၊ ကားတွေနဲ့ အင်တာနက် ဆက်စပ်ပစ္စည်းများ ဒါတွေအားလုံးကို စမတ်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် ဂေဟစနစ် တစ်ခုအဖြစ် ဖန်တီးသွားမယ် လို့ HUAWEI Consumer Business Group ရဲ့ CEO ဖြစ်သူ Mr. Richard Yu က ပြောဆိုခဲ့ပါတယ်။