fbpx

This is digital planet.

HuaweiTech News

Huawei Mate 30 မှာ Official Google apps တွေမပါ၀င်လာ‌နိုင်ဘူးလို့ Google ပြောကြား

Huawei အနေနဲ့ သူတို့ရဲ့ Flagship ဖုန်း Mate 30 အတွက် အခက်အခဲတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Mate 30 မှာ Google apps and services တွေပါလာမှာ မဟုတ်ဘူးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ American နိုင်ငံ အိမ်ဖြူတော်အစိုးရက US Companies တွေကို China Telecommunication တစ်ခုဖြစ်တဲ့ Huawei နဲ့ လက်တွဲလုပ်ခွင့်ပိတ်ထားတာဖြစ်ပါတယ်။

အခြေအနေတွေက Mate 30 နဲ့ မကြာခင်ထွက်ရှိလာတော့မယ့် fordable ဖုန်း Mate X လိုမျိုး Devices တွေအတွက် Launch မှာ အကြီးအကျယ် အခက်အခဲတွေရှိလာနိုင်ပါတယ်။ အဲ့ဖုန်းတွေမှာ Android ကိုပဲ ဆက် Run လာနိုင်မှာပါ။ ဒါပေမယ့် September 18th မှာထွက်ရှိဖို့ရှိနေတဲ့ Mate 30 နဲ့ Mate 30 Pro မှာတော့ Google ရဲ့ apps and services တွေပါ၀င်လာမှာမဟုတ်ဘူလို့ Google က The Verge Media ကိုတရား‌၀င်‌ပြောကြားခဲ့ပါတယ်။ Google ရဲ့ apps နဲ့ service တွေဟာ လူအများစုအတွက် အရေးပါတဲ့ App တွေဖြစ်လို့ Mate 30 & 30 Pro မပါခဲ့ဘူးဆိုရင် အဲ့ဖုန်းတွေအတွက် ကြီးမားတဲ့အားနည်ချက်ထဲကို ရောက်သွားနိုင်ပါတယ်။

Huawei အနေနဲ့ May လတုန်းက United States Commerce Department ကနေ ရက် ၉၀ extension ကိုရခဲ့ပြီး အဲ့အချိန်အတွင်းမှာ May 16 မတိုင်ခင်ထွက်ခဲ့တဲ့ Huawei Devices တွေအတွက် Software updates or patches စတဲ့ service ကို support ပေးဖို့အချိန်ပေးခဲ့တာပဲဖြစ်ပါ‌တယ်။ အဲ့အပြင်နောက်ထပ် ရက် ၉၀ ကို November 19th ထိ extension ကိုထပ်ပေးလိုက်ပါတယ်။ အဲ့မှာတော့ ထွက်ရှိထားတဲ့ ဖုန်းတွေအတွက်ပဲ အကြုံး၀င်ပါတယ်။ Huawei အနေနဲ့ ထွက်ရှိဖို့ပြင်ဆင်ထားတဲ့ Products တွေအတွက် အကြုံးမ၀င်တော့ပါဘူး။

သုံးစွဲသူအများစုအတွက် (သို့) တရုတ်ပြည်ပက သုံးစွဲသူများအတွက် Google Play Store ပါ၀င်တဲ့ Google apps နဲ့ services တွေဟာ Android အတွက် Key Part လို့ သတ်မှတ်လို့ရပါတယ်။ အဲ့လို Play Store ဟာ Android phone manufacturers တွေမှာ Google search ကို default အနေနဲ့ Access ယူလာတဲ့အတွက် အရင်နှစ်တုန်းက European Union က Google ကို $5 billion ဒဏ်ရိုက်ခဲ့ပါတယ်။ လောလောဆယ် Android မှာ Google Services မပါဘဲ အောင်မြင်ခဲ့တာဆိုလို့ Amazon ရဲ့ Inexpensive Fire tablets တွေပဲရှိပါတယ်။ အဲ့ဒီ Tablets တွေက Mate 30 လို အခြေအနေမှာ မဟုတ်ပါဘူး။

Chinese phone companies တွေအနေနဲ့ Google ဟာ သူတို့ရဲ့နိုင်ငံမှာ Services တွေမပေးတဲ့အတွက် Playstore မပါဘဲ အလုပ်လုပ်နေတာ နှစ်တွေကြာနေပါပြီ။ အဲ့တာက ရာချီတဲ့ တရုတ် App Stores တွေအချင်းချင်းပြိုင်ဆိုင်နေတဲ့ သဘောမှာရှိနေတဲ့အတွက် ဖရိုဖရဲ ဖြစ်နေပါတယ်။

Huawei အနေနဲ့ US Ban လိုအရေးပေါ် ကြုံလာခဲ့ရင် ဖြေရှင်းဖို့ ကိုယ်ပိုင် Play Store ကို 2018 ကတည်းက ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာနဲ့တင်မလုံလောက်သေးပါဘူး အဲ့ App Store မှာ Twitter ၊ Facebook ၊ Pinterest နဲ့ တစ်ခြားသော US-based company App တွေကို Offer ပေးချင်ရင်တောင် Ban ထားတာကြောင့်ပေးလို့ရတော့မှာ မဟုတ်ပါဘူး။

Ref: The Verge