fbpx

This is digital planet.

HuaweiNews

Huawei Mate 30 Camera မှာ 40 MP Shooter နှစ်ခုပါရှိလာနိုင်

US-China Trade War သာ အခြေအနေအေးနေခဲ့ရင် မကြာခင်မှာ Huawei Mate 30 and Mate 30 Pro ကိုတွေ့လာရတော့မှာပါ။ နောက်ဆုံးသတင်းတွေအရ Mate 20 Series တွေလိုပဲ လေးထောင့်ပုံ Camera Set Up ကို အသုံးပြုလာနိုင်တယ်လို့ သတင်းတွေထက်ပေါ်နေပါတယ်။ Leakster အရဆိုရင်တော့ Vanilla option မှာ Camera က 40 MP + 40 MP + 8 MP combo ကိုအသုံးပြုလာမယ်လို့ သိရပါတယ်။

40MP Sensor ဟာ 1/1.5” size ရှိနိုင်ပြီး Aperture ကတော့ f/1.6 – f/1.4 ကြားထဲရှိလာနိုင်ပြီး P30 Pro တုန်းက သုံးခဲ့တဲ့ RYYB (Red Yellow Yellow Blue) Sensor ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ ပြီးတော့ Sony Xperia 1 Cinema Pro လိုမျိုး Cine lens features တွေမျိုးစုံရရှိလာဦးမှာပါ။

Related image

တစ်ခြား 40MP Camera ကတော့ Ultra-wide-angle photos တွေအတွက်ပဲဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် Ultra-wide အတွက် Setup တွေက အကောင်းဆုံး Quality မျိုးရမှ မဟုတ်ပါဘူး။ အကယ်လို့ Rumor တွေပြောဆိုတာမှန်ခဲ့မယ်ဆိုရင် Huawei မှာ ဒီနည်းပညာအတွက် Suprise ရှိကောင်းရှိနေနိုင်ပါတယ်။ Ultra-wide အကျယ်က FOV (Field Of View) 120 Degrees ရှိပြီး Sensor ရဲ့ Size ကတော့ 1/1.7” ရှိလာနိုင်ပါတယ်။ တတိယ Camera ကတော့ 5MP Telephoto Lens ဖြစ်ပြီး P30 Pro တုန်းကလို 5X Zoom ကို မတူညီတဲ့ Feature နဲ့လာနိုင်ပါတယ်။

5G Moderm ပါလာမယ့် Kirin 985 Chipset ကို Mate 30 မှာ အသုံးပြုလာမယ်လို့ သတင်းတွေထွက်ထားပါတယ်။ 55W Fast-charging support နဲ့ 10W Wireless reverse charging ကိုပါရရှိမယ်လို့ သတင်းတွေထွက်ထားပြန်ပါတယ်။ အဆိုပါအချက်တွေ မှန် မမှန်ကတော့ ဖုန်းထွက်လာမှပဲ သိရမှာဖြစ်ပါတယ်။ ကင်မရာ နည်းပညာနဲ့ ပက်သက်ပြီး ဘယ်လိုမျိုးတွေလုပ်ပြဦးမလဲဆိုတာကတော့ ထွက်လာမှသိရမှာ။

Ref: GSMArena

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ

Worth reading...
Mytel သည် 5G ကို မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်သော ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်လာ