fbpx

This is digital planet.

HuaweiTech News

Huawei Mate 30 Lite, Honor 9X နဲ့ 9X Pro တို့ရဲ့ပုံတွေ TENNA မှာထွက်ပေါ်လာ

အရင်အပတ်လောက်က Honor 9x နဲ့ 9x Pro နဲ့ပတ်သတ်တဲ့ Retail Box ကနေ သတင်းတွေ Leak လာခဲ့တယ်။ အခု TENNA မှာတက်ခဲ့တဲ့ပုံတွေအရဆို အောက်ကအချက်တွေက သေချာသလောက်ရှိနေပါပြီ။

Huawei Mate 30 Lite မှာ High Screen ကိုမှ Punch Display Screen ကိုအသုံးပြုပေးထားတယ်။ Quad Cameras ကိုမှဘေးကနေ LED Flash ထည့်ပေးထားပြီး Camera ရဲ့အောက်မှာ Fingerprint Sensor ကိုတွေ့ရပါတယ်။ သတင်းတွေအရဆိုရင် တရုတ်မှာ Huawei Mate 30 Lite အနေနဲ့ရောင်းချနိုင်ပြီး Europe ဈေးကွက်မှာတော့ Nova 5i Pro အနေနဲ့ရောင်းချနိုင်ပါတယ်။

Huawei Mate 30 Lite TENAA

Huawei Mate 30 Lite TENAA

6.26-inch full HD+ IPS display ကို သုံးလာနိုင်တယ် RAM (8GB) နဲ့ ROM (256GB) ကို အများဆုံးထည့်ပေးနိုင်ပြီး Kirin 810 Chipset နဲ့တွဲပြီး အသုံးပြုပေးထားနိုင်ပါတယ်။ (Kirin 810 Chipset မှာ 7nm architecture ကိုမှ ARM Cortex-A76 high performing core နှစ်ခုက 2.27GHz အမြန်နှုန်းရပြီး ကျန်တဲ့ ARM Cortex-A55 cores ခြောက်ခုကတော့ 1.88 GHz အမြန်နှုန်းကိုရရှိမှာပါ။ ARM Mali-G52 MP6 GPU နဲ့ Kirin Gaming + Technology ကြောင့် Performance က အရင်က Kirin Chipset တွေထက် 162 % ထိတိုးတက်လာမယ်လို့ Huawei ကတော့ ပြောထားပါတယ်။) 48MP + 8MP + 2MP + 2MP quad camera system ကို ဖုန်းရဲ့ကျောဘက်ခြမ်း မှာတွေ့နိုင်ပြီး Selfie Camera မှာ 32MP ကိုသုံးပေးထားပါတယ်။ Battery ပိုင်းမှာတော့ 4,000mAh နဲ့ 20W fast charging ကို Support လုပ်ပေးနိုင်ပါတယ်။

Honor 9X TENAA

Honor 9X TENAA

Honor 9X and Honor 9X Pro မှာ TENNA ရဲ့ ပုံတွေအရဆို Notch မပါတဲ့ Display နဲ့ ဘေးဘက်ဘောင်မှာ Fingerprint Sensor (Meizu M6s မှာသုံးထားတဲ့ Fingerprint ပုံစံ) ကိုတွေ့ရမှာပါ။ 9X မှာ Vertical Dual Cameras Set Up ကိုအသုံးပြုပေးထားပြီး 9x Pro မှာတော့ Vertical Triple Cameras Set Up ကိုအသုံးပြုပေးထားပါတယ်။ Honor 9X နဲ့ 9X Pro မှာ 6.59-inch IPS LCD display ကိုမှ full HD+ resolution ရရှိလာမှာဖြစ်ပြီး Notch လည်းမပါလာတော့ပါဘူး။ ဖုန်းနှစ်လုံးစလုံးမှာ Kirin 810 chipset ကိုပဲအသုံးပြုလာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ အများဆုံး RAM (8GB), ROM (256GB) ရရှိနိုင်ပြီး 4,000mAh battery ကိုအသုံးပြုပေးထားပါတယ်။

Honor 9X Pro TENAA

Honor 9X Pro TENAA

Honor 9X မှာ 48MP + 2MP dual camera setup ကိုအသုံးပြုပေးထားပြီး Honor 9X Pro မှာတော့ 48MP + 8MP + 2MP triple camera setup ကိုသုံးပေးထားပါတယ်။ Mate 30 Lite က ဒီလအတွင်းမှာထွက်ရှိနိုင်ပြီး 9x နဲ့ 9x pro ကတော့ July 23 မှာ Official ထွက်ရှိလာနိုင်ပါတယ်။

Ref: GIZMOCHINA