fbpx

This is digital planet.

ArticlesHuawei

Huawei Mate 30 Pro နဲ့ ပက်သက်ပြီး သင်သိထားသင့်တဲ့ အချက် ၁၀ ချက်

Huawei ဟာဆိုရင် Mate 30 family ထဲက Mate 30 Pro ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဓိကအားဖြင့် ယနေ့ခေတ်မှာ Huawei လို့ပြောလိုက်တာနဲ့ ကောင်းမွန်တဲ့ Camera ပြောင်းလဲမှုကို မြင်တွေ့နေရပါတယ်။ နာမည်ကြီး Camera Company ဖြစ်တဲ့ Leica နဲ့ပူးပေါင်းပြီး တစ်နှစ်ထက် တစ်နှစ်ပြောင်းလဲတိုးတတ်မှုတွေနဲ့ ထုတ်လုပ်ထားတော့ Huawei Premium Smartphone တွေက Camera နည်းပညာပိုင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိနေပါတယ်။ နောက်ဆုံးပေါ် Smartphone Camera နည်းပညာတွေနဲ့ Huawei Mate 30 family ကို အခုအခါ မြန်မာမှာတွေ့မြင်နေရတော့မှာ ဖြစ်ပါတယ်။ Huawei Mate 30 family နဲ့ ပက်သက်ပြီး စာဖတ်သူအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အောက်အချက် ၁၀ ချက်ကို သိထားသင့်ပါတယ်…

No.1 Ultra wide angle lens

ပထမဆုံးအချက်ကတော့ Ultra Wide Cine Camera ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ Mate 30 Pro ရဲ့ Camera setup ကတော့ 40 mega pixel wide F 1.6 lens နဲ့ F 1.8 wide angle lens တို့ပါဝင်ပါတယ်။ ကျွန်တော်တို့ ရှေ့ကမြင်ဖူးခဲ့သမျှ smartphone တွေထက် Camera နည်းပညာပိုင်းမှာ အကောင်းဆုံးအရည်အသွေးကို စွမ်းဆောင်နိုင်တဲ့ဖုန်းလို့ ပြောလို့ရပါတယ်။ ဒီဖုန်းကအကောင်းဆုံး Ultra wide angle photo နဲ့ Video တွေကိုပေးနိုင်မယ်လို့မျှော်လင့်နိုင်မယ်ထင်ပါတယ်။ Ultra Low-light, Ultra-slow Motion နဲ့ Ultra Wide Angle Time-lapse videos ကို ဒီ Mate 30 Pro မှာတပ်ဆင်ထားတဲ့ 40MP Wide Cine camera နဲ့ လွယ်လွယ်ကူကူရိုက်ကူးနိုင်ပါတယ်။

Smartphone တွေမှာပါတဲ့ ultra wide lens တွေဟာ main lens တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် Quality ပိုင်းမှာသိသိသာသာ လျော့နည်းနေမယ်ဆိုတာ တွေ့ရမှာပါ။ ဒါပေမယ့် Huawei ရဲ့ Mate 30 Pro မှတေ့ာ Wide angle lens ကို Main lens လောက်နီးနီးကောင်းအောင်ဖန်တီးထားပါတယ်။ ဒီ Wide angle lens ရဲ့ Night Video performance တွေ Details တွေကို တခြား Smartphone တွေရဲ့ Camera တွေမှာ ခုထိမမြင်ရသေးပါဘူး။ Video တွေ front camera selfie ရိုက်တဲ့အခါမှာ realistic ဖြစ်ဖို့အတွက် Pro Bokeh feature ပါဝင်လာပါတယ်။ P30 family လိုမဟုတ်ပဲ ပိုမိုကောင်းမွန်တဲ့ Portrait blur နဲ့ detail selfies တွေကိုရိုက်ကူးနိုင်အောင် Front depth sensor လဲပါဝင်လာပါတယ်။

No.2 Slow Motion

Mate 30 pro ဟာဆိုရင် 7680 frame per second ရှိတဲ့ Slow motion video တွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ချက်ကတော့ သူ့ရဲ့ပြိုင်ဘက်တွေထက် အများကြီးသာသွားတဲ့တစ်ချက်လို့ပြောရမှာပါ။ Mate 30 Pro မှာ 7680 fps Slomo video ကို 720 pixel quality နဲ့ရိုက်ကူးနိုင်မှာဖြစ်ပီး 960 fps slomo video ကို 1080 pixel (Full-HD) Resloution ထိရရှိနိုင်မှာဖြစ်ပါတယ်။

No.3 Screen

Mate 30 Pro ရဲ့ Water fall display (Horizon display) ဖြစ်ပီး အလွန် Curve ဖြစ်လွန်းတဲ့ Display ဖြစ်ပါတယ်။ Curve ဖြစ်လွန်းတာကြောင့် အားသာချက်က ဘေးဘောင်တွေ ပျောက်လုနည်းပါးထိ ပါးလွှာနေတာကို တွေ့ရမှာပါ။ အဲဒါကြောင့် Volume buttom တွေ မပါလာတော့ပဲ ဘေးဘက် Screen ကိုပွတ်ဆွဲပီးတော့ အသံအတိုးအကျယ်လုပ်လို့ရမှာဖြစ်ပါတယ်။

ဒီအချက်ကခေတ်မှီလွန်းတဲ့ပြောင်းလဲမှုလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ ဒီလို Buttonless ဒီဇိုင်းတွေကိုထုတ်ပြလာနိုင်ဖို့ရှိပီးတော့ Mate 30 Pro ကတော့ ဈေးကွက်ထဲမှာ စတင်သုံးတဲ့ဖုန်းလို့ပြောရမှာပါ။ ရှေ့ကထွက်ခဲ့တဲ့ P30 Pro ထက် Display ပိုင်းမှာ Color တိကျမှုပိုရှိပီး HDR standard မှီလာတာကိုမြင်ရမှာပါ။

No.4 Kirin 990 chipset

Mate 30 Pro က Kirin 990 chipset ကိုအသုံးပြုထားတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ Kirin 990 ရဲ့အမှန်တကယ်တိုးတက်ပြောင်းလဲမှုကတော့ 16 core graphical upgrade ပါတဲ့ GPU ဖြစ်ပါတယ်။ 7nm+ EUV technology ကို အသုံးပြုထားပြီး 10 Billion ကျော်တဲ့ transistors တွေပါဝင်သော Chipset တစ်ခုဖြစ်ပါတယ်။ Unparalleled Image Processing ပါဝင်ပြီး Photo နဲ့ Video ရိုက်ရာမှာလဲ noise reduction ရအောင် support ပေးထားပါတယ်။ အလင်းရောင် နဲတဲ့နေရာတွေမှာလဲ Night video တွေကိုကောင်းကောင်းရိုက်နိုင်မှာပါ။

No.5 Ultra Steady Video

Mate 30 Pro မှာ Super steady video တွေကို ရိုက်ကူးနိုင်ပါတယ်။ ကားမောင်းရင်း လမ်းလျှောက်ရင်း အလွန်တည်ငြိမ်တဲ့ Video တွေကိုရိုက်ကူးနိုင်မှာပါ။

No.6 Smart Rotation

Huawei Mate 30 Pro မှာ သင့်မျက်လုံးရဲ့လှုပ်ရှားမှုကို ခြေရာခံနိုင်မဲ့ Air gestures နဲ့ 3D Sensors တွေပါဝင်လာပါတယ်။ ဖုန်းကိုအတိမ်းအစောင်းလုပ်လိုက်ချိန်မှာ Screen က သင့်မျက်လုံးနဲ့ ကိုက်ညီတဲ့ ပုံစံကို အလိုအလျှောက် လိုက်ချိန်ညှိပေးမှာပါ။ ဥပမာ အိပ်ယာပေါ်မှာလှဲနေရင်း Video ကြည့်မယ်ဆိုရင် Rotate key ကိုနှိပ်စရာမလိုပဲ သင်တိမ်းစောင်းသည့်အတိုင်း အလိုအလျှောက်လိုက်ပြောင်းပေးမှာပါ။

No.7 Highest Security

Mate 30 Pro မှာဆိုရင် 3D Face Unlock စနစ် ပါဝင်လာပါတယ်။ အဲ့ AI Private လို့ခေါ်တဲ့ သင်မျက်နာမာမဟုတ်ရင် အခြားသူတွေသင်နဲ့အတူကြည့်နေရင် ဖော်ပြပေးမှာမဟုတ်တဲ့ Security care feature မျိုးပဲဖြစ်ပါတယ်။

No.8 M Pen

Mate 30 Pro မှာ Stylus တစ်ခုကို အသုံးပြုချင်တဲ့သူတွေအတွက် Pressure Level 4096 ထိသိတဲ့ M Pen ကိုအသုံးပြုနိုင်ပါတယ်။ သို့သော် External Pen ပါ ဖုန်းနဲ့တစ်ခါထဲပါဝင်လာမျိုးမဟုတ်ပဲ သပ်သပ်ဝယ်ရမှာပါ။ M Pen မှာ Gesture တွေတော့ ပါလာမှာတော့မဟုတ်ပါဘူး။ စာရွေးဖို့ ပုံဆွဲဖို့လောက်ဆိုရင်တော့ Mate 30 Pro ကရွေးချယ်စရာတစ်ခုလို့ပြောလို့ရပါတယ်။

No.9 Fastest wireless charging

အရင်ထွက်ခဲ့တဲ့ Generation တွေနဲ့ယှဉ်လိုက်ရင် Mate 30 Pro မှာသုံးဆပိုမြန်တဲ့ 27 watt Wireless charging နဲ့ 40 watt wire charging ပါဝင်လာပါတယ်။ လက်ရှိထွက်ရှိပြီးသား ဖုန်းတွေ ထဲမှာ Huawei ရဲ့ Foldable ဖုန်းဖြစ်တဲ့ Mate X ပြီးရင် ဒုတိယအားသွင်း အမြန်ဆုံးဖုန်းပဲဖြစ်ပါတယ်။

No.10 AppGallery and Huawei Mobile Service

Huawei အနေနဲ့ AppGallery လို့ခေါ်တဲ့ ကိုယ်ပိုင် App Store ကို ထည့်ပေးထားပါတယ်။ အဲ့ App Gallery နဲ့ အတူ Huawei Mobile Service အတွက် ဒေါ်လာ တစ်ဘီလီယံ ထည့်သွင်းမြုပ်နှံထားတယ်ဆိုတဲ့ အတွက် နောက်ပိုင်းမှာတော့ အခုလက်ရှိအချိန်ထပ် ပိုမိုကောင်းမွန်လာတဲ့ အတွေ့အကြုံသစ်ကို ရရှိနိုင်မယ်လို့ယုံကြည်ရပါတယ်။ Huawei ID အကောင့်နဲ့ App တွေကို Download ယူနိုင်သလို အကောင့်မရှိလဲ App တွေကို Download လုပ်လို့ရပါတယ်။

ဒီအချက်တွေကတော့ Huawei Mate 30 Pro နဲ့ပက်သက်ပြီး သိထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ပြည်တွင်းမှာလဲ Mate 30 Pro ကိုတင်သွင်းမှာဖြစ်ပြီး ဝယ်ယူနိုင်တဲ့အရောင်တွေကတော့ Black နဲ့ Space Silver ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့ကနေ (၃၀) ရက်နေ့အထိဖြစ်ပြီး Pre-Order တင်သူတိုင်းအတွက် HUAWEI Watch GT 2 ကို လက်ဆောင်အဖြစ်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ Build Quality ပိုင်းမှာ Glass အသုံးပြုထားတဲ့ဖုန်းဖြစ်လို့ ဝယ်ယူပြီး ၆ လအတွင်း ပြုတ်ကျကွဲခဲ့သည်ရှိသော် Additional Service အနေနဲ့ ဖုန်းရဲ့ကျောဘက်ပဲ ကွဲကွဲ ရှေ့ဘက်ပဲ ကွဲကွဲ ၁ ကြိမ် အခမဲ့ ပြန်လဲပေးမှာဖြစ်ပါတယ်လို့ သိရပါတယ်။