fbpx

This is digital planet.

Tech News

Huawei Mate 30 Pro ရဲ့ ခုံးနေတဲ့ ဘေးဘက်အစွန်းကို မတော်တဆထိမိသွားတာတွေက Main Screen ကို မထိရောက်ဘူးလို့ Huawei ရဲ့ VP Bruce Lee ဆို

Huawei Mate 30 Pro အသစ်မှာ Curved Display ပါရှိပြီး Samsung နဲ့ Apple လို Companies တွေက Curved Displays တွေထက် ပိုပြီး အထင်ကြီးစရာကောင်းနေပါတယ်။ အကြောင်းက သူ့ရဲ့ Curved Display ဟာ 88 Degree Angle မှာရှိပြီး အ‌‌ခြေခံကျကျ Display ကို ဘေးဘက်ထိ ခုံးပေးထားကာ ဖုန်းဆုပ်ကိုင်ခြင်း ထုံးစံကို ပုံဖော်ထားလို့ပါ။

အဲ့ Display က ကောင်းတယ်လို့ထင်ရပေမယ့် Curved Display နဲ့ ဘေးအစွန်းကို မတော်တ‌ဆထိမိနိုင်တဲ့အကြောင်းကို တစ်ချို့‌ သော သူတွေရဲ့ စိတ်ထဲမှာ တွေးစရာဖြစ်နေပါတယ်။ Huawei Mate 30 Pro ရဲ့ ခုံးနေတဲ့ ဘေးက Display အစိတ်အပိုင်းတွေက main screen ကိုမထိရောက်ဘူးလို့ Huawei VP Bruce Lee ကပြောလိုက်တဲ့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။

Huawei ဟာ Phone ရဲ့ Main Screen ကို အလည် Flat Display နဲ့ ခုံးနေတဲ့ အစွန်းနှစ်ဘက်က Display ဆိုပြီး Area သုံးခုခွဲထားတယ်လို့ Bruce Lee ကဆိုထားပါတယ်။ ဘေးဘက်မှာ ရှိတဲ့ ခုံးနေတဲ့ အစွန်း Area တစ်ခုစီကို ထိမိတာက flat main display ကို သက်ရောက်ခြင်းမရှိဘူးလို့ ‌သိရပါတယ်။ အဲ့ ဘေးဘက်မှာခုံးနေတဲ့ Display ကနေ
Volume controls တွေအတွက် Smart Touch ကို အသုံးပြုနိုင်မှာပါ။

Curved Display ကနေ မတော်တဆထိမိတာတွေက သင်ဘယ်လိုအခြေအနေမှာသုံးသည်ဖြစ်စေ မထိရောက်ပါဘူး။ အဲ့တာက စိတ်ချရပြီး Huawei ရဲ့ မြော်မြင်မှုကောင်းတယ်လို့ဆိုရမှာပါ။ Volume အစစ်အစား Virtual ကိုသာသုံးလိုက်တဲ့အတွက် မျိုးစုံသော တုန့်ပြန်ချက်တွေရထားပါတယ်။ အခုတော့ touch volume controls တွေဟာ ပိုအဆင်ပြေ‌ပြီး မကြာခင်မှာ သုံးစွဲသူတွေအနေနဲ့ သုံးရမှာ အသားကျလာမယ်လို့ Bruce Lee ကယုံကြည်နေပါတယ်။

Ref : GSMArena