fbpx

This is digital planet.

HuaweiTech News

Huawei Mate 30 Pro ရဲ့ Design Official Poster မှာ ထွက်ပေါ်လာ

Huawei Mate 30 ဟာ‌ဒီနှစ်အတွင်းထွက်ရှိခဲ့ရင် သူရဲ့ Design ဟာ ပြိုင်ဘက်ကင်းလာမယ့်ပုံရှိပါတယ်(အယ့်လဲ အရင်က Design ပိုင်းမှာ Apple နောက် Follow လုပ်ခဲ့သမျှ Company တော်တော်များများ Huawei နောက် Follow လုပ်သလိုဖြစ်)။ အရင်လတွေတုန်းက Leaks တွေထွက်ခဲ့ပေမယ့် အခုတော့ Leaked Official Poster ထွက်လာတဲ့အတွက် Design ကိုသေချာမြင်ရပါပြီ။

Weibo မှာ Shared ထားတဲ့ Poster အရ Mate 30 Pro ဟာ Mate 20 Pro လို ကျယ်တဲ့ Notch ပါဝင်လာမှာပါ။ အဲ့ Notch ထဲမှာ Cameras သုံးလုံးထည့်လာနိုင်ပြီး Security ပိုင်းအတွက် 3D face unlock system ပါ၀င်လာနိုင်ပါတယ်။

Mate 30 Pro မှာ IR blaster နဲ့ microphone ကို ဖုန်းရဲ့ အပေါ်ဘက်မှာ မျက်နှာချင်းဆိုင်ထားပေးထားပါတယ်။ ဖုန်း Antenna lines တွေ‌‌ကိုလည်း တွေ့ရမှာပါ။ Display က ဘေးဘက်တွေမှာ Curve ပေးထားတာကို‌ တွေ့နိုင်ပြီး Bezels တွေက တော်တော်လေး ပါးတာကိုတွေ့ရမှာပါ။ မြင်နေရတဲ့ပုံအရ ဖုန်းရဲ့ ကျောဘက် အ‌ကြောင်းကို ဆက်ကြတာပေါ့။ Mate 30 Pro ရဲ့ Back မှာ Rear Cameras လေးလုံးကို အဝိုင်းပုံစံ Camera ထဲမှာထည့်ပေးထားပါတယ်။ အဲ့လိုထူးခြားတဲ့ Camera ပုံရှိနေတာက အောက်ဖော်ပြပါ အရေးပါတဲ့ Function ပါလာနိုင်ပါတယ်။

ဒီနေ့အစောပိုင်းတုန်းက Huawei နဲ့ Honor ဟာ သူတို့ရဲ့ ဖုန်းတွေအတွက် Moto Mod-style cases တွေကိုပြုလုပ်နေတယ်လို့ Android Authority ကတင်ခဲ့ပါတယ်။ အဲ့ Cases တွေကို Cases တော်တော်များများရဲ့ List ရှိတဲ့ Bluetooth SIG website မှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့ Case ရဲ့ Model number က သူ့ရဲ့ Function ကို အရိတ်အမြွတ်ပေးတဲ့သဘောပါ။ ဥပမာ Game Case ၊ Snorkeling case (ရေအောက်မှာအသုံးပြုလို့ရတဲ့ case) ၊ Health case နဲ့ Amplification case (အသံကိုချဲ့ပေးတဲ့ case) ဆိုပြီးရှိပါတယ်။ အဲ့ Cases တွေဟာ Bluetooth 4.2 ချိတ်ပြီး Features အပိုတွေကို လုပ်ဆောင်ပေးနိုင်မှာပါ။ Health case မှာ Blood pressure monitoring ၊ Glucose-level monitoring ၊ Temperature measurement နဲ့ Heart rate measurement စတဲ့ Features တွေပါ၀င်လာမယ်လို့ List မှာဖော်ပြထားပါတယ်။

Smart cases တွေရဲ့ Codenames တွေကတော့ Anna, Elsa, Noah, Ark, Sulawesi, Maxwell, Emma, Keira, Yarlung, Zangbo, Volga, Danube, Titian, Palawan, Pascal, CHA, PEN, Piaget, Kelly, Audrey, Catherine, Eagle, Ruby, Bugatti, Baikal, etc ဆိုပြီးရှိပါတယ်။

Design အရဆို Mate 30 Pro ဟာ အဲ့ Smart Cases တွေကို ပထမဆုံးသုံးလာမယ့် Device ဖြစ်လာနိုင်ပါတယ်။Mate 30 Pro မှာ Xenon flash နဲ့သေးတဲ့ circular LED flash ပါလာဖို့ရှိနေပြီး Back မှာ LEICA လို့ရေးထားတာကိုတွေ့ရမှာပါ။

ဖုန်းမှာ အနီရောင် Power button ပါ၀င်လာနိုင်ပြီး အရောင်အနေနဲ့ Purple နဲ့ green ဆိုပြီးရလာနိုင်ပါတယ်။ Poster အရ Kirin 990 processor ကိုသုံးပေးထားပြီး superfast charging ရရှိလာမှာပါ။ ဖုန်းကတော့ September 19 မှာထွက်ရှိလာနိုင်တယ်လို့ သတင်းတွေထွက်ထားပါတယ်။

Ref : Gizmochina