fbpx

This is digital planet.

HuaweiOnePlusTech News

Huawei Mate 30 Pro 5G ကို အချောမွေ့ဆုံးဖုန်းအဖြစ်သတ်မှတ်လိုက်တဲ့ MasterLu 

မကြာသေးခင်က MasterLu Benchmarking Platform ဟာ 2019 ရဲ့ စွမ်းဆောင်မှုအကောင်းဆုံးဖုန်းတွေကို ကြေညာခဲ့ပါတယ်။ အခု ကုမ္ပဏီအနေနဲ့ 2019 မှာ အချောမွေ့ဆုံး ဖုန်းတွေရဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

ထိုစာရင်းထဲမှာ Huawei Mate 30 Pro 5G ဟာ အမှတ် ၁၇၄.၈၄ မှတ်နဲ့ အချောမွေ့ဆုံးဖုန်းအနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ နောက်ထပ် ကုမ္ပဏီဟာ OnePlus ရဲ့ HydrogenOS ဒါမှမဟုတ် OxygenOS ကို ၂၀၁၉ ရဲ့ အကောင်းဆုံး UI အဖြစ်သတ်မှတ်ခဲ့ပါတယ်။

Huawei Mate 30 Pro 5G ဟာ အချောမွေ့ဆုံး စွမ်းဆောင်ရည်ရှိတဲ့ဖုန်းဖြစ်ခဲ့တဲ့အကြောင်းဟာ Kirin 990 5G SoC နဲ့ EMUI 10 တို့ပေါင်းစပ်မှုကြောင့်လို့ ကုမ္ပဏီကဆိုထားပါတယ်။ Mate 30 Pro 5G အောက်မှာကပ်လိုက်နေတဖုန်းဟာ Nubia Red Magic 3S ဖြစ်ပြီး သူ့အောက်မှာတော့ Mate 30 Pro 5G အောက်မှာကပ်လိုက်နေတဖုန်းဟာ Nubia Red Magic 3S ဖြစ်ပြီး သူ့အောက်မှာတော့ OnePlus 7T Pro ကကပ်လိုက်နေပါတယ်


စာရင်းတွေပါမှာပါတဲ့ တစ်ခြားဖုန်းတွေကတော့ Honor V30၊ Oppo Reno Ace၊ Realme X2 Pro၊ Meizu 16s Pro၊ Vivo NEX 3 5G၊ Samsung Galaxy Note 10+ 5G နဲ့ Xiaomi ရဲ့ Mi 9 Pro 5G တို့ပဲဖြစ်ကြပါတယ်။

အခု UI မှာတော့ OnePlus ရဲ့ HydrogenOS (OxygenOS ရဲ့ တရုတ် Version) ဟာ အကောင်းဆုံး UI အနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ထို UI ဟာ မူရင်း Android OS နဲ့ဆင်တူတာမလို့ ချောမွေ့တဲ့ Experience ကို ပေးနိုင်ပါတယ်။

OnePlus Hydrogen OS ရဲ့ Design ဟာ နှစ်တော်တော်ကြာနေတာတောင် မပြောင်းလဲပဲ ရှိနေတာမလို့ အတည်ငြိမ်ဆုံး UI ဖြစ်ခဲ့တယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

Hydrogen OS အပြင် အချောမွေ့ဆုံး UI စာရင်းထဲမှာ Joy UI၊ Nubia UI၊ EMUI၊ Smartisan OS၊ ColorOS၊ FunTouch၊ MIUI၊ Flyme နဲ့ One UI တို့ပါဝင်ပါတယ်။ EMUI 10 ဟာ ထိုစာရင်းရဲ့ ထိပ်ဆုံးသုံးနေရာမှာ မပါခဲ့သော်လည်း Huawei Mate 30 Pro 5G ကို အချောမွေ့ဆုံးဖုန်းဖြစ်အောင် အဓိကလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

MasterLu ရဲ့ပြောကြားချက်အရ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ EMUI 10 ဟာ အသွင်အပြင် မျိုးစုံရှိတဲ့ပုံစံကို မြင့်တင်ပေးထားတယ်လို့သိရပါတယ်။ ကုမ္ပဏီအနေနဲ့ EMUI 10 မှာ Design Language ကို အဓိကပြောင်းလဲခဲ့တဲ့အတွက် လူငယ်တွေအတွက် ပိုသင့်တော်တဲ့ UI ဖြစ်လာစေခဲ့ပါတယ်။

Ref: Gizmochina