fbpx

This is digital planet.

ArticlesHuaweiTech News

Huawei Mate 30 Pro: First Look

Huawei ရဲ့ Mate phones တွေဟာ ကန့်သတ်ထားမှုတွေကို အမြဲ ထိုးဖောက်လေ့ရှိပါတယ်။ Mate 10 Pro ဟာ အခုကျွန်တော်တို့ယူဆောင်လာတဲ့ AI Features တွေအတွက် Neural Processing Unit (NPU) ကိုပထမဆုံး မြုပ်နှံထားတဲ့ ဖုန်းဖြစ်ခဲ့ပါတယ်။ Mate 20 Pro မှာဆိုရင်လည်း In-display fingerprint sensor နဲ့ back-to-back wireless charging ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ‌‌ပေမယ့် Mate 30 Pro မှာတော့ International က နာမည်ကြီး Geek တွေပြောသလို သင်မ၀ယ်သော အကောင်းဆုံး ဖုန်းလို့ နာမည်တပ်ရမလိုဖြစ်နေပြီ။ အားလုံးသိထားကြတဲ့အတိုင်း အမေရိကန် သမ္မတ Trump နဲ့ တရုတ်ကြားက Trade War ကြောင့် ကုမ္ပဏီအနေနဲ့ Google apps နဲ့ services တွေ ပါ၀င်ခြင်း ပိတ်ပင်ခံခဲ့ရပါတယ်။ နိုင်ငံရေး ဆုံးဖြတ်မှုတွေကြောင့် Dominic Effect (ဆိုးဝါးတဲ့အခြေအနေ) ရခဲ့သောကြောင့် Mate 30 Pro ကို တစ်ချို့ ဥရောပနိုင်ငံတွေမှာ ဖြန့်ဖြူးရောင်းချခြင်း ပိတ်ပင်ခံခဲ့ရပါတယ်။

Design and Hardware

Mate 30 Pro ရဲ့ Design နဲ့ Build Quality က ကြည့်လိုက်တာနဲ့ အထင်ကြီး‌စရာကောင်းနေပါတယ်။ အရောင်အနေနဲ့ Black, Space Silver, Cosmic Purple, Emerald Green တို့ အပြင် Forest Green နဲ့ Orange ဆိုပြီး Vegan leather Versions (Limited) ဆိုပြီးထွက်ရှိပါတယ်။ ကျွန်တော့်လက်ထဲ ရောက်နေတဲ့ အရောင်ကတော့ Black ပဲဖြစ်ပါတယ်။ Design ပိုင်းမှာကြည့်မယ်ဆိုရင်လည်း သပ်သပ်ရပ်ရပ်ရှိတယ်၊ လှပတယ်၊ မာကြောတဲ့ အသွင်အပြင်ရှိတယ်။ သူ့ဟာနဲ့သူ လှတယ်ဆိုပေမဲ့ စာရေးသူဖြစ်စေချင်တာလေးက တစ်ခုက ကျောဘက် Camera Bump ရဲ့ အလယ်တည့်တည့်မှာ LED flash ကိုထည့်ပေးနိုင်ရင် ပိုတောင်လှမယ်လို့ခံစားရတယ်။

ဒါက Camera နဲ့သက်ဆိုင်တဲ့ Hardware တွေအကုန်လုံးကို တစ်နေ့ရာထဲမှာ သပ်သပ်ရပ်ရပ်တည့်ရှိစေချင်တဲ့ Personal အမြင်တစ်ခုပါ။ ဒါမဲ့သေချာကြည့်လိုက်ရင် Huawei က Mate 30 Pro ကျောဘက်ကို ဖော်ကျူးထားတဲ့ ပုံစံက ဖုန်းတစ်လုံး ကျောဘက် အသွင်အပြင်တစ်ခုထက် Digital Camera တစ်ခုရဲ့ အသွင်ပြင်နဲ့ ဆင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ မျက်လုံးထဲမြင်ကြည့်လိုက်ရင် Camera ၄ လုံးပေါင်းထားတဲ့ Circle Bump တစ်ခုက Traditional Camera တစ်လုံးရဲ့ Lens နဲ့ Sensor တည်ရှိတဲ့ Area လို့ သဘောယူနိုင်ပြီး LED flash နဲ့ Laser focus တို့က Camera တစ်ခုရဲ့ အပေါ်ဘက် နေရာတွေမှာ ထားလေ့ရှိတဲ့ ပုံစံနဲ့ ဆင်တူတယ်လို့ပြောရမှာပါ။

Circle Camera Bump က ဖုန်း Body နဲ့ ယှဥ်ရင် သေးတယ်လို့ပြောလို့ရပေမဲ့ Camera bump ကို ဘောင်ကွပ်ထားတဲ့ Halo ring လေးကြောင့် ပိုကြီးသွားသလိုထင်ရပါတယ်။ Color tone နဲ့ Design language ကိုကြည့်ရင် Mate Series က P30 Pro လို့ Gradient ပြေးပြီး မတည်မငြိမ် ကလေးတစ်ယောက်မဟုတ်တော့ပဲ တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးတစ်ယောက်ပုံစံဖြစ်နေပြီပြောရမယ်။ ပြောရရင် ရိုးရိုးရှင်းရှင်းလေးနဲ့ လှပတည်ငြိမ်တဲ့ အထာ ဖြစ်သွားပါပြီ။ Curved Display ကြောင့် ဖုန်း Body frame ကအတော်လေး ပါးသွားပြီး Volume Rocker ခလုပ်တွေလဲ မပါ၀င်တော့ပါဘူး။ Power Button ကလဲ သေးသေးမျှင်မျှင်လေးနဲ့ ကျောဘက်နားကို ရောက်သွားပါတယ်။

Volume Rocker ကို ဖယ်ထုတ်လိုက်ရတာက သူ့မှာပါ၀င်တဲ့ အရမ်း Curved ဖြစ်တဲ့ Display ကြောင့်ပါ။ Huawei က Display ကို “Waterfall Dsiplay” လို့နာမည်ပေးထားပါတယ်။ သူရဲ့ Waterfall Display က ဈေးကွက်ထဲမှာ အတော် Curved ဖြစ်တဲ့ Display လို့ပြောလို့ရတယ်။ ဘယ်လောက်ထိ Curved လဲဆိုရင် ဘေးဘောင်တွေကိုတောင် သေးသေးပါးပါးလေးနဲ့ မမြင်ရတဲ့အထိ အတော်လေး Curved ဖြစ်ပါတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘေးဘောင် ပျောက်နေသလို ခံစားရမှာပါ။ Screen panel အမျိုးအစားကို 6.53-inch OLED ကိုသုံးထားပြီး 2400 x 1176 FHD+ resolution ရှိပါတယ်။

Huawei အနေနဲ့ Mate 30 Pro မှာ Volume buttons တွေကို ဖယ်ထုတ်လိုက်တဲ့အတွက် Digital volume control နဲ့ပဲ အသံ အတိုးအလျော့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထို Digital volume control ကို ဖုန်းရဲ့ ဘေးဘက်အခုံးကို Double Tap လုပ်ပြီး ဖွင့်လို့ရမှာပါ။ Digital volume control ကိုခေါ်ဖို့က Waterfall Display ဘောင်တွေတစ်လျှောက်လုံး Double Tap လုပ်ပြီး ဖွင့်လို့မရပါဘူး။ နေရာ အကန့်အသတ်ရှိပါတယ်။ ဖုန်းရဲ့ အပေါ်ပိုင်းကိုမှာ ဘယ်ဘက်ပဲဖြစ်ဖြစ် ညာဘက်ပဲ ဖြစ်ဖြစ် Tap လုပ်ပြီး ဖွင့်လို့ရပါတယ်။ အဲ့တာက ပိုကောင်းတဲ့ တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်ပြီး Design ကိုချောမွေ့စေအောင်ပြုလုပ်ပေးသော်လည်း ထို Volume ကိုသုံးရာမှာ အသားကျဖို့ နည်းနည်းတော့ခက်ခဲပါတယ်။ ဒါမဲ့ အသံအတိုးအလျော့ကို ဖုန်းရဲ့ ဘယ်ညာ ၂ ဖက်စလုံးက အဆင်ပြေသလို လွယ်လွယ်ကူကူလုပ်လို့ရတာလေးက မဆိုးဘူးလို့ပြောရမှာပါ။ တစ်ခုစဥ်းစားမိတာက ဖုန်းက အိတ်ကပ်ထဲရောက်နေရင်တော့ Volume အသံ အတိုးအလျော့ပြောင်းဖို့ အဆင်မပြေနိုင်ပါဘူး။ Huawei ကတော့ ဒီနည်းပညာကို The Magic of Side-Touch လို့နာမည်ပေးထားပါတယ်။

Smart Security & Features

Mate 30 Pro ရဲ့ Screen မှာ Notch မကြီးမသေးလေး ပါ၀င်ပါတယ်။ အဲ့ဒီ Notch ထဲမှာ 32 Selfie Camera ရယ် 3D Depth Camera ရယ် Gesture Sensor တို့ကိုတွေ့ရမှာပါ။ Notch ပါ၀င်တဲ့ ဖုန်းတစ်လုံးဆိုပေမဲ့ အခြား Notch ပါတဲ့ ဖုန်းတွေထက် ပို Smart ဖြစ်တဲ့ Features တွေ ပါ၀င်ပါတယ်။ အဲ့ထဲမှာ AI Auto-Rotate နဲ့ AI Private View တို့က လုံး၀ Gimmick မဟုတ်ပဲ တစ်ကယ် အသုံး၀င်တဲ့ Features တွေပါ။

AI Auto-Rotate ဖုန်းထဲမှာရှိတဲ့ Gyroscope Sensor ကိုပဲအသုံးပြုပြီး Display ကို Rotate လုပ်ပေးတာမဟုတ်ပဲ သင့်မျက်လုံးကို follow လုပ်ပြီးတော့ပါ Rotate လုပ်ပေးတာပါ။ ဖုန်းတွေမှာ ပါ၀င်တဲ့ Auto-Rotate features တွေက Gyroscope Sensor ကိုအသုံးပြုပီး Landscape နဲ့ Portrait တွေမှာ Rotate လုပ်ပေးပါတယ်။ Mate 30 Pro ရဲ့ AI Auto-Rotate features က အဲ့လိုမဟုတ်ပဲ သင့်မျက်လုံးကိုပါ Follow လုပ်ပြီး Rotate လုပ်ပေးတာပါ။ ဥပမာ Facebook သုံးနေတဲ့အချိန်မှာ ဖုန်းကို Landscape လုပ်လိုက်ရင် အခြားဖုန်းတွေက Rotate ဖြစ်သွားပေမဲ့ Mate 30 Pro ကတော့ မဖြစ်ပါဘူး။ ဆိုတော့ Auto Rotate on ပြီး အိပ်ပြီး Facebook အသုံးပြုမယ်ဆိုရင်တောင် Facebook UI က Landscape မဖြစ်ပဲ Portrait အဖြစ်ပဲရှိနေမှာပါ။ နည်းနည်းရှင်းပြရခက်တယ် အလွယ်ပြောရရင် သင်မျက်နာကျပုံအတိုင်း ဖုန်း Interface ကို ထားပေးတာဖြစ်ပါတယ်။ ဖုန်းကို Landscape ပဲကိုင်ကိုင် Portrait ပဲသုံးသုံး သင်မျက်လုံးနဲ့ အတည့်ဖြစ်နေတဲ့ Interface ကိုပဲ ဖော်ပြပေးတာဖြစ်ပါတယ်။

နောက်တစ်ခုက AI Private View feature ပါ။ Face Unlock နည်းပညာကို အသုံးပြုပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ Lock screen အနေအထားမှာ Notification တစ်ခု သို့ Message တစ်စောင်၀င်လာတဲ့အခါ ဘယ်သူဆီက ဘာညာ စသဖြင့် သင်ကြည့်နေရင် Information တွေကိုဖော်ပြပီး သင်နောက်မှာ အခြားသူတစ်ယောက်ရောက်လာပြီး သင်ဖုန်းကိုကြည့်လိုက်ရင် Information တွေကို Hide လိုက်မှာဖြစ်ပါတယ်။ သူတို့အနေနဲ့ သင့်ရဲ့ဖုန်းကိုယူပြီး ကြည့်ရင်တော့ Message Notification က Information တွေကို သူ့အလိုလို Hide လိုက်မှာဖြစ်ပါတယ်။

Mate 30 Pro ရဲ့ Air gesture controls ဟာလည်း Notch ထဲက Gesture Sensor ကိုသုံးပြီး Screenshot ရိုက်ခြင်း Scrolling လုပ်ခြင်းတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အရမ်းလဲ သုံးဖြစ်မယ်မထင်သလို သုံးဖို့လဲနည်းနည်းခက်ခဲပါတယ်။ သုံးတိုင်းရလားဆိုရင်ရပါတယ်လို့ပြောရမှာပါ Sensor မိဖို့တော့ လက်ကိုထားနိုင်ဖို့တော့လိုတာပေါ့။

Camera

ဒါက Mate 30 Pro အတွက် အဓိက ပြောစရာအပိုင်းပါ DxO Mark တိုင်းတာချက်မှာလဲ ထိပ်ဆုံးမှာရှိသလို Smartphone Camera ပိုင်းမှာဆိုရင် နာမည်ကြီးလေရှိတဲ့ Brand အရ လူစိတ်၀င်စားတဲ့အပိုင်းဖြစ်ပါတယ်။ First Look article ဖြစ်တဲ့အတွက် Camera နဲ့ပက်သက်ပြီး ဘာမှာတော့ သေချာမစမ်းသပ်ရသေးဘူး။ Review Article ကျရင်တော့ သေချာအသေးစိပ်ရေးပေးပါ့မယ်။ အခုချိန်မှာ Camera နဲ့ပက်သက်ပြီး Experience ကိုပြောဖို့က စောနေသေးတယ်။ အဲ့အစား ပါ၀င်တဲ့ Hardware တွေကို ပြောပြပါ့မယ်။ Quad camera setup အမျိုးအစားဖြစ်ပြီး အဲ့ Quad Camera Setup ထဲမှာ f/1.8 super-wide-angle lens ပါတဲ့ 40MP sensor ၊ ပိုတောက်တဲ့ f/1.6 wide-angle lens ပါတဲ့ နောက်ထပ် 40MP sensor ၊ 8MP sensor f/2.4 telephoto lens နဲ့ 3D depth effects တွေအတွက် time-of-flight sensor ပါ၀င်ထားပါတယ်။ Selfie အတွက်ကတော့ 32MP f/2.0 နဲ့ 3D ToF ကိုတပ်ဆင်ပေးထားပါတယ်။ Camera Setup ပိုင်းနဲ့ပက်သက်ပြီး အထင်ကြီးစရာကောင်းသလို အတော်လေးလည်း စမ်းသပ်ရိုက်ချင်လောက်တဲ့အထိ စိတ်၀င်စားမိတယ်။ အထူးသဖြင့် Super Sensing Ultra Wide Camera မှာဆိုရင်ပေါ့…

အခြားသော Hardware တွေနဲ့ Performance စမ်းသပ်ချက်တွေကို Premium ဖုန်းဖြစ်တဲ့အတွက် ကောင်းနေမယ်ဆိုတာကို လက်ခံထားလို့ရတယ်။ သုံးကြည့်တဲ့အခါ ရလာတဲ့ Experience ကိုတော့ Review article ကြမှပဲ သေချာရေးပေးမှာဖြစ်ပြီး First Look article မှာတော့ လက်ထဲကိုင်ကြည့်ရတဲ့အနေအထားတစ်ခုမှာ ဘယ်လိုခံစားရတယ် ဘယ်လိုအနေအထားရှိတယ်ဆိုတာကို Overview အနေနဲ့ ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ တစ်ဘီလီယံ ထည့်သွင်းမြုပ်နှံထားတဲ့ Huawei ရဲ့ AppGallery ကကော အဆင်ပြေပါ့မလား??? ဆိုတာတွေကိုတော့ နောက်လာမည့် Depth Review မှာ စောင့်ဖတ်ပေးပါလို့ ရေးသားရင်း နှုတ်ဆက်လိုက်ပါတယ်။

မြန်မာပြည်ကို Mate 30 Pro ကိုတင်သွင်းမှာဖြစ်ပြီး ၀ယ်ယူနိုင်တဲ့အရောင်တွေကတော့ Black နဲ့ Space Silver ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့ကနေ (၃၀) ရက်နေ့အထိဖြစ်ပြီး Pre-Order တင်သူတိုင်းအတွက် HUAWEI Watch GT 2 ကို လက်ဆောင်အဖြစ်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ Build Quality ပိုင်းမှာ Glass အသုံးပြုထားတဲ့ဖုန်းဖြစ်လို့ ၀ယ်ယူပြီး ၆ လအတွင်း ပြုတ်ကျကွဲခဲ့သည်ရှိသော် Additional Service အနေနဲ့ ဖုန်းရဲ့ကျောဘက်ပဲ ကွဲကွဲ ရှေ့ဘက်ပဲ ကွဲကွဲ ၁ ကြိမ် အခမဲ့ ပြန်လဲပေးမှာဖြစ်ပါတယ်။